News and Media


ယူးယောက် ချီကာဂို ဘော်စတွန် ဗမာကဗျာဆိုင်ရာ လှုပ်ရှားမှု (မေလ ၂၀၁၃)
ပေးပို့သူ - နိုင်ဦးညို
ဧပြီ ၃၀၊ ၂၀၁၃


ယနေ့မြန်မာပြည်က ခေတ်ပြိုင်ကဗျာဆရာများ ဖြစ်ကြတဲ့ ဇေယျာလင်းနဲ့ ခင်အောင်အေးတို့ ၂ ဦး ဟာ ဧပရယ် ၂၉ ကနေ မေလ ၅ ရက်နေ့ထိ အမေရိကန်နိုင်ငံ PEN American Center က ဦးဆောင်ကျင်းပမယ့် ၉ ကြိမ်မြောက် World Voices Festival of International Literature ပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခြင်းခံရတဲ့အတွက် မေလ ၂ ရက်နေ့မှာ နယူးယောက်မြို့ကို ရောက်ရှိ လာကြမှာ ဖြစ်ပါတယ်။

ခင်အောင်အေး

၂၀၀၅ ခုနှစ်က စတင်ကျင့်ပခဲ့တဲ့ World Voices Festival of International Literature ပွဲကို ကမ္ဘာတဝှန်းက စာရေးသူများ ၁၀၀ ကျော်တက်ရောက်ပြီး အနုပညာရေးရာများနဲ့ နိုင်ငံရေးရာများ ဆွေးနွေးတင်ပြကြမှာ ဖြစ်ပါတယ်၊ ဒီနှစ်မှာ ဇောင်းပေးပြီး တင်ပြကြမှာက “Bravery in Poetry” ဖြစ်ပါတယ်၊ စာရေးသူများ သူတို့ရဲ့ကလောင်များ သူတို့ရဲ့သက်ဆိုင်ရာ ဒေသနယ်ပယ်အသီးသီးမှာ  ဘယ်လိုမျိုး အခက်အခဲတွေကြားက ရှင်သန်ဖြတ်သန်းခဲ့ရတယ်ဆိုတဲ့ အကြောင်းများကို ဆွေးနွေး တင်ပြကြမှာ ဖြစ်ပါတယ်၊
Bones will Crow

ပထမဦးစွာ မေ ၃ ရက်နေ့ ညနေ ၅ နာရီအချိန် နယူးယောက်မြို့ 58 West 10th Street မှာ တည်ရှိတဲ့ Lilian Vernon Creative Writers House of NYU အဆောက်အဦမှာ ပြုလုပ်မှာ ကတော့ ၂၀၁၂ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ ပထမဦးဆုံးအကြိမ်အဖြစ် ဘာသာပြန်ဆို ထုတ်ဝေခဲ့တဲ့ “Bones will Crow” ခေါ် အင်္ဂလိပ်ဘာသာပြန် ခေတ်ပြိုင်ဗမာကဗျာစာအုပ် “ဗမာခေတ်ပြိုင် ကဗျာဆရာ ၁၅ ဦးရဲ့ ကဗျာများ” ဆိုတဲ့ စာအုပ်ထဲက ကဗျာများကို ရွတ်ဖတ်ခြင်း အစီအစဉ်ကို တင်ဆက်မှာဖြစ်ပြီး အဲဒီ စာအုပ်ကို တည်းဖြတ်ထုတ်ဝေတဲ့ Editor James Byrne နဲ့ တကွ အထူးဧည့်သည်တော်အဖြစ် အမေရိကန် ကဗျာဆရာ Yusef Komunyakaa တို့ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဇေယျာလင်း
မေလ ၅ ရက်နေ့ ညနေ ၃ နာရီအချိန် The Public Theater, 425 Lafayette Street နယူးယောက်မြို့မှာလည်း “Bones will Crow” အင်္ဂလိပ်ဘာသာပြန် ခေတ်ပြိုင်ဗမာကဗျာစာအုပ် “ဗမာခေတ်ပြိုင် ကဗျာဆရာ ၁၅ ဦးရဲ့ ကဗျာများ” စာအုပ်ထဲက ကဗျာများကို ဖတ်ကြားခြင်းနဲ့အတူ ဒီကနေ့ ဗမာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကဗျာအခင်းအကျင်းများ အနေအထားများ လှုပ်ရှားမှုများနဲ့ ပတ်သက်လို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

Poetry Foundation

မေလ ၆ ရက်နေ့မှာတော့ ဇေယျာလင်းနဲ့ James Byrne တို့ဟာ ချီကာဂိုမြို့မှာ အခြေစိုက်တဲ့ Poetry Foundation ကို သွားရောက်ပြီးတော့ ကဗျာဆိုင်ရာ ကိစ္စများဆွေးနွေးခြင်း အသံသွင်း ယူခြင်းများကို လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

Grolier Poetry Book Shop and the Democracy Center Present An Evening of Poetry From Burma and Sudan

မေလ ၉ ရက်နေ့မှာ ၎င်းတို့ ၃ ဦးစလုံးဟာ မကြာမီကမှ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဘော်စတွန်မြို့က 45 Mt Auburn St. Mid-Cambridge, MA 02138 မှာတည်ရှိတဲ့ Grolier Poetry Book Shop and the Democracy Center ရဲ့ ဖိတ်ကြားမှုအရ အဲဒီကို သွားရောက်ပြီး ကဗျာများ ရွတ်ဖတ်ခြင်း ကဗျာဆိုင်ရာ မေးခွန်းများကို ဖြေကြား ဆွေးနွေးခြင်းများ ပြုလုပ်ကြမှာ ဖြစ်ပါတယ်။



Comments