ရန်လင်းအောင် - အရပ်ပွဲ

အရပ်ပွဲ
ရန်လင်းအောင်
နိုဝင်ဘာ ၂၈၊ ၂၀၁၃



ဟာသတွေက
မှန်တယ် ။

အတည်ပြောတာ
ရယ်ရတယ် ။

ရေသန့်ဗူးနဲ့ပေါက်ပေါက်
ခဲနဲ့ပဲထုထု
ဆဲလိုက ဆဲ၊ ဆိုလိုက ဆို
အတီးမပျက် အဆိုမပျက်
ခေါင်းခါးခြေလက်  ဤလေးချက်
ဘီလူးထွက်ထွက်
ကျားထွက်ထွက်
ငါရယ် ငါ့ ကောင်ရယ်
ငါရယ် . . . . .
ဘာဖြစ်ဖြစ် . . ဖြစ်တယ်
ပရိသတ်ကြီး . . . မင်္ဂလာပါ . .
အော်ချလိုက်တာပဲ

အံ့ဖွယ် သုခုမပါတကား . . . ။             ။