အကြမ်းဖက်အုပ်စုနဲ့ စကားပြောခြင်း
ခင်လွန်း
ဇန်န၀ါရီ ၃၀၊ ၂၀၁၄
သံပရာသီးဟာ
ကမ္ဘာကြီးလောက် မချဉ်ဘူး
ပူရှိန်းရှိန်းအခွံရယ်
ဖန်ခါးခါး အစေ့ရယ်
သင်မသုံးခင်
နာနာလေးလှိမ့်ပေးရလိမ့်မယ်
စစ်ပွဲတွေ
အရည်တရွှမ်းရွှမ်းနဲ့
ကမ္ဘာကြီးခမျာတော့
ညှစ်ချလိုက်တိုင်း
လူ့သွေးတွေ….
သွေးတွေ။
မင်းကတော့
စစ်ပွဲဆိုတာ
ပျားရည်နဲ့ သံပရာ ဆတူစပ်ထားတဲ့
ချဉ်ဖြုံးဖြုံးအရသာ တဲ့
တသသ …တျ မျမ ။
၃၀.ဇန္န၀ါရီ။၂၀၁၄
နံနက်- ၁၀း၀၀ နာရီ