ရွှေပြည်စိုး - ဒုတိယအကြိမ် ဗုဒ္ဓဒီပန် ဘုန်းတော်ကြီးကျောင်း (Long Island) ဈေးရောင်းပွဲတော်

ဒုတိယအကြိမ် ဗုဒ္ဓဒီပန် ဘုန်းတော်ကြီးကျောင်း (Long Island) ဈေးရောင်းပွဲတော်
ရွှေပြည်စိုး
မေ ၃၀၊ ၂၀၁၄
 

ကမ္ဘာ့ ဗုဒ္ဓသာသာပြု ပီနန်ဆရာတော်ကြီး ဦးပညာဝံ၀တည်ထောင်ခဲ့သော Buddha Dipan Meditation Center တွင် မေလ ၁၈ ရက်နေ့က ဒုတိယအကြိမ် ဈေးရောင်းပွဲတော်ကြီးကို စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။  ဤပွဲတော်ကြီးတွင် မြန်မာအစားအစာ အမျိုးအမည် ပေါင်း ၂၀ ကျော်ကို နံက် ၁၀ နာရီမှ စတင်ရောင်းချရာ မွန်းလွဲ ၂း ၃၀ မိနစ်တွင် ပြီးဆုံးသွားပါသည်။ စုစုပေါင်းရောင်းရငွေမှာ ဒေါ်လာ ၈၅၀၀ ရရှိရာ ဦးမြင့်လွင် - ဒေါ်စန်းစန်းလွင်တို့က ငွေ ၁၀၀၀၀ ပြည့်အောင် ဒေါ်လာ ၁၅၀၀ ဖြည့်လှူသွားပါသည်။

ဈေးရောင်းပွဲနှင့်အတု ဒေသခံလုငယ်များက သီဆိုကခုန်ခြင်းအပြင် ကံစမ်းမဲဖောက်ခြင်းတို့လည်း ပါဝင်ခဲ့ပါတယ်။ နေ့လည် ၁၂ နာရီတွင် မစန္ဒာစိုးညွှန့်နှင့် မသင်းသင်းမော်တို့ဦးဆောင်သည့် ဖျော်ဖြေရေးအဖွဲ့မှ အကပဒေသာတို့ဖြင့် ဖျော်ဖြေခဲ့ကြပါတယ်။

ပီနန်ဆရာတော်ကြီးသည် အမေရိကန်နိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၂၂ နိုင်ငံတို့တွင် မြန်မာဗုဒ္ဓဘာသာ သာသနာပြုဘုန်တော်ကြီးကျောင်း မြောက်များစွာကို မိမိဘာသာတည်ထောင်၍ ဗုဒ္ဓသာသနာ ကမ္ဘာ့အနှံ့ပြန့်ပွားအောင် သာသနာပြုလျှက်ရှိသည် ဆရာတော်တပါးလည်း ဖြစ် သည်။