RIT ကာတွန်းများစာအုပ် အကြောင်း...


(စာအုပ်မျက်နှာဖုံး..)


RIT ကာတွန်းများစာအုပ် အကြောင်း...
(အာအိုင်တီကာတွန်းဘောက်စ်စာအုပ်) 

မိုးမခစာအုပ်စင်၊ ဇွန် ၂၉ ၊ ၂၀၁၄

ဒီဇင်ဘာ၂၀၁၂မှာ ထုတ်ဝေပါတယ်။ အာတိုင်တီဆရာပူဇော်ပွဲမှာ ဖြန့်ဝေပါတယ်။ ကာတွန်းဖေမြင့်အမှာစာမှာ၊ ကာတွန်းဟောင်းတွေကို စွယ်တော်ရိပ်မဂ္ဂဇင်းအယ်ဒီတာ ဦးစောလင်းဆီက အကူညီရပါတယ်..တဲ့။ ကာတွန်းမြင့်ဖေ အာအိုင်တီရောက်တဲ့ ၁၉၆၆၊ ၆၇၊ ၆၈ ကတည်းက စက်မှုတက္ကသိုလ်နှစ်လည်မဂ္ဂဇင်းမှာ ကာတွန်းရေးနေပြီး၊ ဆရာဦးဖုန်းကို (ဗီယက်နမ်ကာတွန်း)၊ ဆရာဦးအောင်မြင့်(ကြံဗဟုံး) တို့ဟာ အင်တာနေရှင်နယ်အဆင့် ကာတွန်းဆရာကြီးများ ဖြစ်ပါတယ် ..တဲ့။ သူတို့ပဲ ကာတွန်းဘောက်စ် ခွင့်ပြုချက်ရအောင်ယူပေးပြီး တယ်လီဖုန်းရုံအဟောင်းလေးမှာ ကာတွန်းဘောက်စ် စတင်ခဲ့သူများဖြစ်ပါတယ်။ (ဆရာဦးခင်မောင်ဖုန်းကို - လက်ရှိ စင်ကာပူ City Hall MRT, Little Myanmar Church , St Andrew Myanmar Pastor ပါ)၊ ကာတွန်းဆရာကျောင်းစောင့်နတ်ကလေး နာမည်ကြီးပါတယ်။ အမျိုးသမီးကာတွန်းဆရာလဲ ရှိပါတယ်။ ကာတွန်းမြင့်ဖေ ကျောင်းပြီးလို့ ဆင်တဲ (ကစလ) အလုပ်ဝင်ပြီးတဲ့နောက် ကိုတင်မောင်ဆွေတို့ ဆက်လုပ်ကြတယ်..လို့ဆိုပါတယ်။ 

နောက်ဆက်တွဲ အော်ပီကျယ် ဆက်ရေးပါတယ်။ ကိုမြင့်သိန်း (ဒိုး) ၁၉၇၈ဘွဲ့ရ၊ ကိုရဲဆွေ (ချစ်စမ်းမောင်) ၁၉၇၉ဘွဲ့ရ၊ ကိုတိုးတိုးအောင် (၁၉၈၀ ဘွဲ့ရ) လဲရှိကြောင်း၊ တခြားလူများ အချိန်ပြည့်မပေးနိုင်တာနဲ့ မိမိ အော်ပီကျယ်ပဲ ကာတွန်းဘောက်စ် တာဝန်ယူခဲ့ကြောင်း၊ ကာတွန်းမလောက်ရင် ကလောက်ခွဲ မန်းဘဲ၊ ဖိုး၊ ဆန်နီ အမည်များနဲ့ ဆွဲခဲ့ကြောင်း။ ဗိသုကာကျော်သန်းဦးရုပ်ပြများ ၊ အော်ပီကျယ် ပဉ္စမနှစ်ရောက်မှ .. ဂျိုကာ၊ ဇော်မောင်၊ သီဟလတ်၊ ဆန်းမွဏ်း၊ ထိပ်လုံးကြီး(မြင့်ဆွေ)၊ အောင်အောင်၊ လေချူ၊ မြန်မြန်၊ ဂွရှည်၊ ဆန်းဝင်း၊ တေမိ စတဲ့ကာတွန်းရောဂါသည် အလုံးအရင်းနဲ့ ရောက်လာလို့  ပျော်စရာကြီးဖြစ်ခဲ့ပါတယ်။ ကျောင်းပြီးပေမဲ့ တာဝန်ခံဆက်လုပ်သူ ဂျိုကာ၊ ဆရာကိုသီဟလတ်တို့ဆီ ကာတွန်းဘောက်စ်အကြောင်း လှမ်းမေးရပါတယ်။ ၁၉၉၅ အော်ပီကျယ် အာအိုင်တီစာပေဟောပြောပွဲ လာပြောချိန် ကာတွန်းဘောက်စ် မရှိတော့ပါဘူး။

မျိုးအောင် (ဇေနော်)

၁၉၇၃ အာအိုင်တီရောက်လာပြီး၊ ကာတွန်းဆွဲဖြစ်တဲ့ အတွေ့ကြုံ၊ 

ဇော်မောင် 

ကာတွန်းဆရာအချင်းချင်၊ ကာတွန်းရေးစိတ်ဆိုး၊ စိတ်ကောက်ပုံများ၊ မော်ကွန်းထိန်းဦးသက်လွင်က ကာတွန်းဆေးမှင်၊ပစ္စည်းများ ထောက်ပံ့ခဲ့ပုံများ ရေးထားပါတယ်။

သီဟလတ် 

၁၉၈၃မှာ မောင်မောင်သောင်း (ကိုခင်မောင်သောင်း၊ ဗိသုကာ)၊ ဌေးဝင်းမိုး (သတ္တု)၊ ပက်ထရိုအေးလောင်၊ ဂျပိန် (အောင်သီဟန်၊ စင်ကာပူ)၊ လင်းပြောင် (စောလင်းမောင်)တို့ကို မှတ်ရပါတယ်။ ဆရာဦးဝင်းမြင့် ကာတွန်းဥက္ကဌလုပ်ပြီး၊ ထွန်းထွန်း (တင်ထွန်း၊စင်ကာပူ)၊ နာပိုဂျင် (ဖေမောင်သိန်း၊ ကာတွန်ဆရာကြီးဦးဖေသိန်း၏သား၊ ကွယ်လွန်)၊ ရန်နိုင်(တူဒေး)၊ ပေါက်ပေါက် (ဦးစန်းမော်၊ အိုအိမ်ကွယ်လွန်)၊ ဖားအံသုယဉ်ညို(ဝင်းနိုင်) တို့ တနှစ်စီအတွင်းရေးမှုးတာဝန်ယူခဲ့ကြောင်း၊ မူးယစ် ကာတွန်း-ဆုရတဲ့ ခွက်ကြီး (ဦးဇော်မင်းဦး၊ ဆက်သွယ်ရေး) ပိုစတာဆုရသူ - ထွန်းထွန်း(မလိခ) တို့နဲ့ ကာတွန်းဘောက်စ် အခြေနေကောင်းပါတယ်။ ၁၉၈၅မှာ ဆရာဦးစိုးလွင်က ခေါ်ပြီး ကော်မတီဖွဲ့၊ ထိန်းချုပ်ခြင်းစတင်ခဲ့ပါတယ်။ ၁၉၈၈နောက်ပိုင်း အရေးအခင်းပြီးတော့ ကာတွန်းဘောက်စ် မရှိတော့ပါဘူး။ 
နောက်ပိုင်း ရေးအားကောင်းတဲ့ လူငယ်များစွာ ကျီကန်း၊ ထွန်းထွန်း၊ ဖိုးနှောင်း၊ သွပ်လေး၊ ဘဦး၊ ရန်နိုင်၊ ခွက်ကြီး၊ မောင်ရစ် နဲ့ ဗလ တို့ကိုမှတ်မိနေပါတယ်။ ဗလ(ဝင်းထူး၊ အာခီတက်)ကတော့ နောက်ဆုံး ကာတွန်းဘောက်စ် မျိုးဆက်လို့ပဲ ပြောရပါမယ်...။..

စာအုပ်အမည် - အာအိုင်တီကာတွန်းများ
စာမျက်နှာ - ၁၃၆ ၊  size 10" x 7.5" 
မျက်နှာဖုံး - အော်ပီကျယ်
နောက်ဖုံး - သီဟလတ်
ပုံနှိပ်ခြင်း - ပထမအကြိမ်၊ ဒီဇင်ဘာ ၂၀၁၂
ထုတ်ဝေသူ - ဦးဟန်စိန်၊ ကျီတော်ရုပ်ပြလစဉ်
ပုံနှိပ်သူ - ဦးစွန်ကော်ယု၊ မာကျူရီပုံနှိပ်တိုက်၊ ရန်ကုန်
အုပ်ရေ - ၂၀၀၀၊  တန်ဘိုး - ၁၅၀၀ကျပ်

စိတ်ဝင်စားသူများ .. ဦးမြင့်ဖေ U MYINT PE facebook သို့ကြည့်ရှုပါရန်။




၂၁၊၁၂၊၂၀၁၂ မှာဆရာဦးမိုးအောင်(တက္ကသိုလ်မိုးဝါ) နှင့် Cartoon Box ၀ိုင်းတော်သားများဖြစ်သော ကိုအောင်ဝင်း၊ ကိုမြင့်သိန်း၊ ကိုချစ်စမ်းမောင်၊ ကိုမြင့်ဖေ၊ ကိုအော်ပီကျယ်၊ ကိုဇော်မောင် နှင့် ကိုမျိုးအောင် တို့  ကျောင်းမှာ Cartoon Box အတွက် ထပ်ဆုံကြ၊ဆွေးနွေးပြင်ဆင်ကြပါတယ်။ U Myint Pe , ဆရာဦးမိုးအောင် (တက္ကသိုလ်မိုးဝါ) ဖေ့စ်ဘုတ်ဓါတ်ပုံ..