ဆောင်းလူ - အတု

Photo: အတု
ဆောင်းလူ
ဇူလိုင် ၂၉၊ ၂၀၁၄
=====

နိုင်ငံလည်း အတု ...
ရိုးရာလည်း အတု ...
စကားလည်း အတု ...။

နေစရာ အတု ...
စားစရာ အတု ...
ငွေကြေး အတုတွေနဲ့ ...။

နာမည် အတု ...
မှတ်ပုံတင် အတု ...
အလုပ်အကိုင် အတု ...။

အဲဒီအတုတွေကြားမှာ
ကဗျာ အတုနဲ့
စာ အတုတွေနဲ့
ခေါက်ရိုးကျိုးနေတဲ့ ဒုက္ခစစ်စစ်တွေအကြောင်း ပြောတတ်သူတွေ ရှိမယ် ...။  

အဲ့ဒီအတုတွေကြားမှာ
ဘ၀အတုနဲ့ ...
အသိုက်အမြုံ  စစ်စစ်ကိုမှ လွမ်းတတ်သူတွေရှိမယ် ...။ 

အဲဒီအတုတွေကြားမှာ
သောက စစ်စစ်နဲ့ ....
မျက်ရည်စစ်စစ် သွင်သွင်ကျကျနေသူတွေ ရှိမယ် ...။ 

ခုတလော ...
ဖောင်းပွနေတဲ့ အတုစစ်စစ်တွေအောက်မှာ
ခံစားချက် စစ်စစ်တွေခမျာလည်း ... ခုတော့ .. ..။ 

Abstract watercolor by Chriss Pagani 