မင်းညွန့်လှိုင် - မေးခွန်းတွေက သေမသွားဘူး
သြဂုတ် ၃၁၊ ၂၀၁၄
ဘုကို သိလား ဘကို သိလား
အထီးမှန်းသိလား အမမှန်း သိလား
ချိုးငှက်ကိုသိလား သူခိုးနဲ့သားမက်ကို သိလား
ညီအကိုမှန်း သိလား
နဂါးမှန်း သိလား
နေကသိလား လက သိလား
တိုင်းကသိလား ပြည်က သိလား
ဗာရာဏသီသိလား ဗြဟ္မဒတ် သိလား
လောကဓံသိလား လူ့ငရဲ သိလား
ဗမာစာပေ ဘာလဲ သိလား
ဗမာစာပေ ဘယ်လဲ သိလား
ငမောက်ပတ္တမြား ဘယ်ရောက်သွားလဲ သိလား
ဓမ္မစေတီခေါင်းလောင်း ဘယ်ေ ပျာက်သွားလဲ သိလား
စကြာမင်းလေး ဘယ်ကြွသွားလဲ သိလား
စကြာမင်းလေး ဘယ်ကြွသွားလဲ သိလာ
စာရေးဆရာမင်းဆွေ ဘယ်ထွက်သွားလဲ သိလား
ဗိုလ်ချုပ်ကို ဘယ်သူသတ်လဲ သိ လား
ဗိုလ်ချုပ်ကို ဘယ်သူသတ်လဲ သိ
ကြောင်ကို ဘယ်သူခြူဆွဲမလဲ သိလား
ကိုယ့်ဘဝခဏ ဘယ်သူယူပါ့မယ် သိလား
အချစ်ကို ဘယ်လိုပြောရမယ် သိလား
ကိုယ့်ဘဝခဏ ဘယ်သူယူပါ့မယ် သိလာ
အချစ်ကို ဘယ်လိုပြောရမယ် သိလာ
နောက်ကွယ်က လက်မည်းကြီး သိလား
နောက်ကွယ်က ကြိုးကိုင်သူကြီး သိလား
ဒေါသထွက်နေတဲ့လူအုပ် ဘယ်လို ပေါ်လာလဲ သိလား
ဓနုဖြူကိုသိလား ဒီပရင်ဂကို သိလား
ဤခရီးနီးမလား သိလား
မရွှေဖဲဘယ်က လာသလဲ သိလား
မောင်ရေခဲ ဘယ်သွားမှာလဲ သိလား
ငယ်နာမည်လေး သိလား
သိတာကို သိလား
မသိတာကို သိလား ။ ။
နောက်ကွယ်က ကြိုးကိုင်သူကြီး
ဒေါသထွက်နေတဲ့လူအုပ် ဘယ်လို
ဓနုဖြူကိုသိလား ဒီပရင်ဂကို သိလား
ဤခရီးနီးမလား သိလား
မရွှေဖဲဘယ်က လာသလဲ သိလား
မောင်ရေခဲ ဘယ်သွားမှာလဲ သိလား
ငယ်နာမည်လေး သိလား
သိတာကို သိလား
မသိတာကို သိလား ။ ။