ဟန်သစ်နိုင် - အာဆီယံမသန်စွမ်းသူများ အနုပညာပွဲတော် သတင်းစာရှင်းလင်း


ဟန်သစ်နိုင် - အာဆီယံမသန်စွမ်းသူများ အနုပညာပွဲတော် သတင်းစာရှင်းလင်း
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၄

အာဆီယံမသန်စွမ်းသူများ အနုပညာပွဲတော်၏ ပထမအကြိမ်စာနယ်ဇင်းရှင်းလင်းပွဲကို အောက်တိုဘာ ၃၀ ရန်ကုန်မြို့ central hotel တွင်း ကျင်းပပြုလုပ်ခဲ့သည်။

ဦးအောင်ကိုမြင့် (Operation Director) မှပြောကြားရာတွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၇ရက်မှ ၁၉ရက်အထိ ကျင်းပပြုလုပ်ခဲ့သောအနဂ္ဂရောင်စဉ်အမည်ဖြင့် မြန်မာနိုင်ငံမသန်စွမ်းသူများအနုပညာပွဲတော်ကို မြန်မာနိုင်ငံမှမသန်စွမ်းသူများ ၂၆၃ဦးဖြင့် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခမ်းမတွင် နိုင်ငံတော်အဆင့် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ၂၀၁၄ ဒီဇင်ဘာလတွင် ကျင်းပမည့် အာဆီယံမသန်စွမ်းသူများအနုပညာပွဲတော်ကို ၃ ရက်မှ ၇ရက်အထိ ပထမအကြိမ် အိမ်ရှင်နိုင်ငံအဖြစ် မြန်မာနိုင်ငံ နေပြည်တော်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ ဖွင့်ပွဲနေ့ ဒီဇင်ဘာ ၃ရက်နေ့သည် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ဖြစ်ပြီး ပိတ်ပွဲ ၇ ရက်နေ့သည် မြန်မာနိုင်ငံတော်အစိုးရမှ မသန်စွမ်းသူများဆိုင်ရာကို ကုလသမဂ္ဂတွင် သဘောတူလက်မှတ်ရေးထိုး အသိမှတ်ပြုပေးသောနေ့ဖြစ်သည့်အတွက် ၄င်း ၃ ရက်နှင့် ၇ ရက်သည် မသန်စွမ်းသူများ အလေးထားရတဲ့နေ့ဖြစ်ကြောင်း၊ ၄င်းနေ့တွေကိုဂုဏ်ပြုသောအားဖြင့် အနုပညာများကို ချိန်ကိုက်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရှေးယခင်က အဆိုးအမြင်၊ အယူအဆအလွှဲအမှားတွေကို ဖုံးလွှမ်းသွားနိုင်ဖို့နှင့် မြန်မာနိုင်ငံတွင်နေထိုင်ကြသော မသန်စွမ်းသူများသည် ကမ္ဘာတွင်နေထိုင်ကြသော မသန်စွမ်းသူများကဲ့သို့ ပြုလုပ်နိုင်ကြောင်းများကို ကြိုးစားသွားမည်ဖြစ်ကြောင်း၊ သန်စွမ်းသောအနုပညာရှင်များနည်းတူ မသန်စွမ်းသောအနုပညာရှင်များက သူ့အတိုင်းအတာနှင့်အတူ စာပေ၊ ဂီတ၊ ပန်းချီ၊ အကများတွင် ပြုလုပ်ဖန်တီးတည်ရှိနေကြောင်းများကို ပြည်သူလူထုသိရှိ နားလည်အောင် ပြသသွားမည်ဟု ပြောကြားသည်။


မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင် (Program Director) ဦးနေလင်းစိုးမှ အာဆီယံမသန်စွမ်းသူများ အနုပညာပွဲတော်ပြုလုပ်ရခြင်း အဓိကရည်ရွယ်ချက် (၅)မျိုးကို ပြောပြရာတွင် 
(၁) အနုပညာလှုပ်ရှားမှုမှတဆင့် မသန်စွမ်းသူများကို ပြည်သူလူထုသိရှိစေရန်၊
 (၂) အနုပညာလှုပ်ရှားမှုဟာ ပြည်သူလူထုက မသန်စွမ်းသူများအပေါ် ထားရှိသောစိတ်သဘောထားများ ပြောင်းလဲတိုးတက်လာစေရန်၊ 
(၃) မသန်စွမ်းသူများအနုပညာကိုမြှင့်တင်ပေးခြင်းဖြင့် အနာဂတ်တွင် တတ်ကြွလူငယ်များပေါ်ထွက်လာစေရန်၊ (၄) အာဆီယံဒေသတွင်းနိုင်ငံများမှာရှိတဲ့ မသန်စွမ်းအနုပညာရှင်များကြားထဲမှာ သူတို့နှင့် ပူးပေါင်းဆောင်ရွက်လာစေရန်၊
 (၅) မသန်စွမ်းသူများအနုပညာအနာဂတ် စဉ်ဆက်မပြတ် ရေရှည်တိုးတက်လာဖို့နှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုများလိုလာဖို့ ရည်ရွယ်ကြောင်း …


အနုပညာလှုပ်ရှားမှုများကို အကြိုအနေဖြင့် မြန်မာနိုင်ငံမသန်စွမ်းရှေ့ဆောင်နှင့် အခြား မသန်စွမ်းအဖွဲ့အစည်းများ ပူးပေါင်းပြီး ဂီတအနုပညာပွဲများ ကြိမ်ဖန်များစွား ပြုလုပ်ခဲ့ကြောင်း၊ အာဆီယံ ၁၀ နိုင်ငံမှ လာရောက်ဖျော်ဖြေကြမည့် မသန်စွမ်းသူများတွင် ပြည်ပမှ ၇၅ဦး၊ ပြည်တွင်းမှ ၃၀ဦးတို့ဖြင့် ဖျော်ဖြေသွားရန်စီစဉ်ထားကြောင်း၊ မြန်မာနိုင်ငံမှမသန်စွမ်းသူများသည် ခေတ်ပေါ်၊ ခေတ်ဟောင်း အဆိုအက၊ နန်းတွင်းအက၊ ပုဂံအက၊ တေးသရုပ်ဖော်၊ နှစ်ပါးသွားအက၊ ဝှီးချဲလ် ဘီးအကများ ပါဝင်မည်ဖြစ်ကြောင်း ပြောကြားသည်။