ဇော်အောင် (မုံရွာ) - တရုတ်ပြည်က "ကျား" နဲ့ "ယင်ကောင်" များ


ဇော်အောင် (မုံရွာ) - တရုတ်ပြည်က "ကျား" နဲ့ "ယင်ကောင်" များ
ဒီဇင်ဘာ ၂၉၊ ၂၀၁၄
 
 

တရုတ်အာဏာပိုင်များဟာ စည်းကမ်းဥပဒေနဲ့အညီ အထူးလုပ်ကိုင်ရပြီး၊ တကယ်လို့ ပြည်သူလူထုကလည်း ကွန်မြူနစ်ပါတီကို တိုင်စာပို့လို့ စစ်ဆေးခံရရင် ဟုတ်တယ်ဆို၊ အရေးယူခံနေရတဲ့ အချိန်ဖြစ်ပါတယ်။ အခု ဒီလိုမဟုတ်တော့ပြန်ပါဘူး။ တရုတ်သမ္မတအသစ် ဇီကျန်ပင်း တက်လာပြီးတဲ့နောက် စည်းကမ်းကော်မတီ အကြီးကဲ ဝမ်ကျူရှန်တို့ ၂၀၁၂ ဒီဇင်ဘာကတည်းက အဂတိတိုက်ဖျက်ရေး ပုံစံအသစ်ကို စတင်ခဲ့ကြပါတယ်။ တိုင်မှ၊ မီဒီယာမှာ ဖွင့်ချခံရမှာ အရေးယူတဲ့ပုံ မဟုတ်တော့ပဲ၊ စနစ်တကျ ဖေါ်ထုတ်အရေးယူနေတာကို ပြည်သူလူထု သောင်းသောင်းဖြဖြ ကြိုဆိုကြပါတယ်။

နောက်ဆုံး အပြစ်ဒဏ်ချမှတ်ခံရသူကတော့ ယခင်သမ္မတဟောင်း ဟူဂျင်တိုရဲ့ နှစ်ရှည်လပေါင်း မိတ်ဆွေကြီးလည်းဖြစ် အစိုးရဟောင်းရဲ့ အကြီးကဲတစ်ဦးလည်းဖြစ်တဲ့ လင်ကျင်ဟွာ (၅၈ နှစ်) ဖြစ်ပါတယ်။

အဂတိအမှုတွေ ရှုပ်ထွေးနေတဲ့အချိန်၊ အဖမ်းမခံရခင်က ကွန်မြူနစ်ပါတီသတင်းစာမှာ မစ္စတာလင်ကျင်ဟွာရဲ့ သမ္မတသစ်ကို ထောက် ခံတဲ့ဆောင်းပါးတပုဒ် ဖေါ်ပြခံရပါတယ်။ ပါတီစာစောင်မှာ ရေးသား ဖေါ်ပြနိုင်ဆဲဆိုတော့ ပြည်သူလူထုက ဒီလူ အဖမ်းမခံရလောက်တော့ဘူး ထင်နေချိန်မှာ ဖမ်းဆီးအပြစ်ဒဏ်ချခံလိုက်ရခြင်း ဖြစ်ပါတယ်။

သူပြီးတာနဲ့ နောက်ထပ် "ကျား" နှစ်ကောင် အတူအပြစ်ဒဏ်ပေးခံရတယ်။ အကောင်ကြီးကို "ကျား" လို့ ခေါ်ပြီး၊ သူတို့ရဲ့ နောက်လိုက်တွေကို "ယင်ကောင်" လို့ ပြည်သူနဲ့မီဒီယာများက အမည်ပေးထားကြပါတယ်။

၇၂ နှစ် အရွယ်၊ ပင်စင်ယူပြီး ငြိမ့်နေတဲ့ လုံခြုံရေးအကြီးကဲဟောင်း ဇူယောင်ကန်းဆိုသူ၊ ထိပ်တန်းအရာရှိဟောင်း ၂၀၁၄ အောက်တိုဘာလ လူထုကြားသွားလာနေဆဲဖြစ်ပါတယ်။ နောက်နှစ်လအကြာမှာ အရေးယူခံရပြီး ဒီဇင်ဘာ ၅ ရက်နေ့မှာ ပါတီက ထုတ်ခံလိုက်ရပါတယ်။ ၇၁ နှစ်အရွယ် အလယ်ပိုင်း တရုတ်နိုင်ငံစစ်တပ် ဒုအကြီးကဲ ဇူကိုင်ဟောင်ဆိုသူလည်း ၂၀၁၄ ဇန္နဝါရီက သမ္မတသစ်နဲ့အတူ သွားတာမြင်ရပြီး၊ ၂၀၁၄ ဇွန်လမှာ ပါတီက ထုတ်ပယ်ခံလိုက်ရပါတယ်။

အခုတော့ သမ္မတနဲ့အတူသွားလာ၊ လူထုကြားမှာမြင်ရရင် စိတ်ချရတယ်ဆိုတဲ့အမြင်တွေ တရုတ်နိုင်ငံမှာ မမှန်တော့ပါဘူး။ နိုင်ငံရေးသုတေ သနပညာရှင် ဘိုဇီယူ ပြောစကားကတော့ "ကိုယ်အရေပြားကိုကာကွယ်ဖို့ ဘာနဲ့ကာကွယ်ထားထား မရတော့ဘူး။ ဒါက အဂတိတိုက် ဖျက်ရေးမှာ မူအသစ်ဖြစ်လာပြီ" လို့ ဆိုပါတယ်။
.
လောလောဆယ် အဂတိလိုက်စားတဲ့ အရာရှိကြီးများ  "ကျား" နဲ့ "ယင်ကောင်" အဖမ်းအဆီးလုပ်ငန်းက အရင်ကနဲ့မတူတော့ပါဘူး။ အရင် က တစ်နှစ်အတွင်း အသည်းသန်ဖမ်းဆီးပြီး အေးဆေးသွားလေ့ရှိပါတယ်။ အခု ၂၀၁၂ ကတည်းကဖမ်းဆီးနေတာ ၂ နှစ်ကြာပြီး၊ မရပ်သေး ပါဘူး။ ဆက်ပြီး ဖမ်းနေတုန်းပဲ ဖြစ်ပါတယ်။

၇၂ နှစ် အကြီးကဲ ဇူယောင်ကန်း ဖမ်းဆီးအပြစ်ဒဏ်ပေးလိုက်ပြီး၊ အဆင့်အမြင့်ဆုံး အာဏာပိုင်ဖြစ်လို့ ဖမ်းဆီးမှုတွေ ရပ်တန့်သွားလောက်ပြီ မှန်းဆကြပါတယ်။ ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် အဆင့်အမြင့်ဆုံးတစ်ယောက်ကို လာဘ်စားမှုနဲ့ဖမ်းဆီးတာ ဒါပထမဆုံး ဖြစ်ပါ တယ်။ ဒါနဲ့ရပ်မသွားသေးပဲ  နောက်ထပ်တစ်ယောက် မစ္စတာလင်ကျင်ဟွာ ဆက်ပြီးအဖမ်းခံရတော့ အဂတိတိုက်ဖျက်ရေး တွေ အဆက် မပျက်သေးတာ မြင်ရပါတယ်။ သမ္မတအသစ်လက်ထက်မှာ "ယင်ကောင်" များကို ဖမ်းဆီးမှု ပိုပြီးလုပ်လာပါတယ်။ "ကျား" ထက်စာရင်  "ယင်ကောင်"  လာဘ်စားမှုက အဆပေါင်းများစွာပိုများတယ်ဆိုတဲ့သဘောကြောင့် ဖြစ်ပါတယ်။ တနေ့ကပဲ တရုတ်နိုင်ငံရဲ့ စီးပွားရေး ဒု-အကြီးကဲဖြစ်သူ မစ္စတာဆန်ဟောင်ဇီ တာဝန်ကအနားယူခိုင်းပြီး၊ စုံစမ်းစစ်ဆေးနေပါပြီ။ အဂတိလိုက်စားမှုဟာ တရုတ်နိုင်ငံကို ပျက်စီးစေ တယ်ဆိုပြီး စနစ်တကျနဲ့ အစိုးရအရာရှိများကို အကျဉ်း၊ စုံစမ်းစစ်ဆေးစခန်းများနဲ့ အဂတိတိုက်ဖျက်ရေးအရာရှိ များစွာခန့်ထားပြီး လုပ်ဆောင်နေတာ ကြာပြီဖြစ်ပါတယ်။ (မှတ်ချက်။ တရုတ်ပြည် အဂတိစစ်ဆေးရေးစခန်းများစွာဟာ တချိန်က မြန်မာနိုင်ငံရေကြည်အိုင် ထောက်လှမ်းရေးစခန်းလိုဖြစ်နေပါတယ်)။

သတင်းစာတွေကလည်း အရာရှိကြီးတွေ ဖမ်းခံလိုက်ရရင် "ကျား" လား၊ "ယင်ကောင်" လား  ခွဲခြားပြီး၊ ပြည်သူလူထုကို တင်ပြပေးနေရပါ တယ်။

လောလောဆယ် တရုတ်ပြည်သူလူထု အဂတိတိုက်ဖျက်ရေး တရုတ်လို ဖန်စု (fansu) လို့ခေါ်တဲ့ လူထုဆန္ဒခံယူပွဲ၊ စီမံချက်တစ်ခု လုပ်နေ ပါတယ်။ အဂတိ (လာဘ်စားမှု) တိုက်ဖျက်ရေးဟာ လူထုကြားမှာ ပေါ်ပြူလာဖြစ်နေပါတယ်။ တရုတ်အစိုးရက ငွေတွေ ပုံအောအသုံးချပြီး သူတို့နိုင်ငံဟာ အဂတိနည်းတဲ့နိုင်ငံဖြစ်အောင်လုပ်နေကြတယ်လို့ သံသယရှိနေပါတယ်။ ဘယ်လောက်လုပ်ပါစေ..အဂတိ CPI Index အဆင့် နိုင်ငံပေါင်း ၁၇၅ မှာ တရုတ်ပြည်က အဆင့် ၈၀ ကနေ၊ အဆင့် ၁၀၀ လျော့ကျသွားပါတယ်။ (မှတ်ချက်-မြန်မာသည် အဆင့် ၁၄၅ ဖြစ်သည်။ ဘိတ်ဆုံးအဆင့်မှ တိုးတက်လာသည်)။  နယူးယောက်မြို့အခြေပြု အဂတိအဆင့်သတ်မှတ်ရေးအဖွဲ့က အဂတိဖမ်းဆီး၊ တရားစီရင်မှုအရေအတွက်တစ်ခုတည်းနဲ့ အဆင့်သတ်မှတ်တာ မဟုတ်ပါဘူး။ အခြားအချက်လက်တွေ ဥပမာ.. အစိုးရအဖွဲ့ဝင်များရဲ့ ပိုင်ဆိုင်မှု အမှန်ကျေငြာခြင်း၊ ဥပဒေစိုးမိုးခြင်း၊ သတင်းပေးကို မဖမ်းခြင်း၊ ဘတ်ဂျတ်ပွင့်လင်းမြင်သာခြင်း..စတဲ့အချက်တွေနဲ့ အဂတိလိုက် စားမှုနိုင်ငံ အဆင့်သတ်မှတ်ခြင်းဖြစ်ပါတယ်။

ဘယ်လောက် အဂတိလိုက်စားမှုကို ဖမ်းဆီး၊ တိုက်ဖျက်နေပေမယ့်လည်း လူတွေ အစိုးရအလုပ်ဆိုရင် မလုပ်ချင်ဖြစ်နေကြပါတယ်။ အစိုးရ အလုပ်မှာ ကြာကြာမလုပ်ခြင်းများဟာ အဂတိစီမံကိန်းကြီးတွေ သိပ်မအောင်မြင်ခြင်းကို ပြသနေပါတယ်။ လာဘ်စားပြီး အမြန်အလုပ် ထွက်ခြင်းမျိုးတွေ ရှိနေပါတယ်။ အရည်ချင်းရှိသူများ၊ လာဘ်မစားသူများ နိုင်ငံကို အုပ်ချုပ်သူအစိုးရအဖွဲ့မှာ မြဲမြဲရှိနေမှ တိုင်းပြည်တိုး တက်လာပြီး၊ အဂတိလိုက်စားမှု နည်းပါးလာမည်ဖြစ်ပါတယ်။

သမ္မတဇီနဲ့ သူ့လက်ထောက် မစ္စတာဝမ်တို့ကတော့ သံဓိဌာန်ချပြီး အဂတိတိုက်ဖျက်ရေးစီမံကိန်းကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ် ပါတယ်။

တရုတ်နိုင်ငံ မီးရထားဝန်ကြီးနဲ့ အပေါင်းပါများကို လာဘ်ပေးမှုနဲ့၊ တိန်ယူဇင်းဆိုတဲ့အမျိုးသမီး (ဓါတ်ပုံ၊ အကျီပန်းရောင် ၅၉ နှစ်) ထောင် အနှစ်၂၀ စီရင်ချက်ချလိုက်ပြီး၊ စင်ကာပူဒေါ်လာ သန်းပေါင်း ၅၃၀ (US$ 400 m)  နဲ့ညီမျှတဲ့ ငွေဒဏ် ချမှတ်လိုက်ပါတယ်။ သူမ ပိုင် ဆိုင်မှုတွေကိုလည်း အစိုးရသိမ်းလိုက်ပါတယ်။ မီးရထားဝန်ကြီးဌာနရဲ့ ဘတ်ဂျတ်၊ ဆောက်လုပ်ရေး ပရိုဂျက်ကြီးပေါင်း ၂၃ ခုကို ကန်ထ ရိုက်ရအောင် လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ အမျိုးသမီးငယ်များစွာကို မီးရထားဝန်ကြီးဌာန အရာရှိ၊ အရာခံများထံ စေလွှတ်၊ ဝန်ဆောင်စေတဲ့ အာဂ အမျိုးသမီးကြီးဖြစ်ပါတယ်။ ကြက်ဥရောင်းချတဲ့ လုပ်ငန်းလေးကနေ စတင်ခဲ့တဲ့ အမျိုးသမီး တဖြေးဖြေးနဲ့ အစိုးရရဲ့ မီးရထား ကန်ထရိုက်များကို ရယူရင်း၊ ဟိုက်စပိ ရထားလမ်းပရိုဂျက်ကြီးများ ဆောက်လုပ်ရေးအင်ပါယာ တည်ထောင်ခဲ့သူဖြစ်ပါတယ်။ သူမ ကုမ္မဏီဆီကို တရုတ်ယွမ် သန်းပေါင်း ၁၀၀ ကျော် ငွေပေးချေထားတာ အာဏာထက်လှတဲ့ စာရင်းစစ်အဖွဲ့က တွေ့ရှိခဲ့ပါတယ်။ မီးရထား ဝန်ကြီးဌာန ခွက်ခွက်လန် အရှုံးပေါ်တာကို စာရင်းစစ်တဲ့အခါ ပေါ်ပေါက်သွားခြင်းဖြစ်ပါတယ်။ သူမ ကျောက်စိမ်းလက်ဝတ်ရတနာများကို အလွန်ကြိုက်နှစ်သက်ပီး မီးရထားဝန်ကြီး အစိုးရအရာရှိ အသိုင်းအဝိုင်းမှာလည်း ကျောက်စိမ်းလက်ဝတ်၊ ပစ္စည်းများနဲ့ လာဘ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အစိုးရဝန်ကြီးနဲ့အပေါင်းပါများ  တရုတ်ပြည်က "ကျား" နဲ့ "ယင်ကောင်" များ  ဇတ်လမ်းလေးတစ်ခုဖြစ်ပေမယ့် တရုတ်နိုင်ငံသမိုင်းမှာ ဒဏ် ငွေအများဆုံး ချမှတ်ခံရတဲ့အမှုဖြစ်ပါတယ်။

ဘာသာပြန်ခြင်း
Singapore The Straits Times News Paper 17 Dec 2014,
by KOH KIAN BENG, China Bureau Chief in Beijing