စိုးနေလင်း - အကောင်းဆုံး အကောင်းမြင်

စိုးနေလင်း - အကောင်းဆုံး အကောင်းမြင်
(မိုးမခ) ဧပြီ ၂၉၊ ၂၀၁၅

ကောင်းကင်မှာလည်း
စောင်ခြမ်းတွေချည်းပဲ ပေါလောမျော
တောပြုန်းတောင်ပြိုနေဆဲ အခါသမယ
ကျကြွေ ကျဲမွ ကြယ်စတွေလည်း နစ်မွန်း
ထွန်းနေတဲ့ကျွန်းရဲ့ ရေလယ်ခေါင် သောင်စပ်မှာ
ကျီးမိုက်တင်းကျမ်းနဲ့ ဆင်သေကောင်ကိုတွေ့ရ
ဆိုရိုးစကားမှားခဲ့ပြီထင်ရဲ့
မဲ့ခွက်ခွက် မျက်နှာလေးတွေပေါ်မှာ
နားမလည်နိုင်မှုများစွာ လေးပိ
တတိတိပွန်းစားခြင်း ဖြစ်စဉ်အောက်မှာ ...
အထူးပြုလုပ်ချက်များနဲ့ အမျှဝေသံများ ...
သာဓုခေါ်သံများ ...
ငြိမ်ဝပ်ပိပြား
ပြားပါလေလည်း တမွဲမွဲ နစ်မွန်း
မှောင်လွန်းတဲ့ တမွန်းတည့်အောက်
နက်သထက်နက်တဲ့ ချောက်ကမ်းပါးဆီ တရွေ့ရွေ့ ... ။      ။