မောင်စိုးချိန် - ကျောင်းသားသပိတ် အရေးတော်ပုံ (၃)

 
 မောင်စိုးချိန် - ကျောင်းသားသပိတ် အရေးတော်ပုံ (၃)
(မိုးမခ) ဧပြီ ၂၉၊ ၂၀၁၅


အဆန်းသစ်ဆုံး
အလှိုက်လှဲဆုံး ထုဆစ်ခဲ့
လွတ်လပ်မှု အမှတ်အသား
ကျောင်းသား ပန်းပုရုပ်ထု။

တန်ဘိုးကြီးမားလှ
လူထုချစ်မေတ္တာ
စိန်နဲ့ မွှန်းသခဲ့။

ချစ်ခြင်းမေတ္တာ
ပတ္တမြားနဲ့ စီခြယ်ခဲ့။

လူထုမေတ္တာ
ရွှေနဲ့ ဆင်သ
ရွှေချခဲ့ကြလေရဲ့။

ကျောင်းသားပန်းပုရုပ်
သက်ဝင်လှုပ်ရှား
ပြိုးပြက် ၀င်းလက်
အို .... တောက်ပနေလိုက်တာများ
အင်အားအပေါင်း
ကိန်းအောင်းနေလို့သာပေါ့။

လွတ်လပ်မှု
ကျောင်းသားရုပ်ထု
ကိုယ်ကျိုးစွန့်မှု
ပေးဆပ်မှု
သတ္တိခွန်အား
နှလုံးသားနဲ့ တည်ဆောက်ခဲ့လေတော့
ကမ္ဘာလောကရဲ့ အမြင့်မြတ်ဆုံးဆု
အရယူခဲ့ပေါ့။

မောင်စိုးချိန်
ဖေဖေါ်ဝါရီ ၉ -၂၀၁၅ -နံနက် ၂.၃၀

သရုပ်ဖော်ပန်းချီ သန်းဌေးမောင်