ဆောင်းယွန်းလ - ဇာတ်

  ဆောင်းယွန်းလ - ဇာတ်
(မိုးမခ) မေ ၂၉၊ ၂၀၁၅

ဇာတ်က
ဇက်ပေါ်မှာ မမြဲဘူး....

ဘယ်ဘက်ရင်အုံထက်မှာ
ထိုးထားတဲ့ ဆေးမင်ကြောင်ဟာ
ဇာတ်ကောင်ပဲ...

နောက်ကြောင်းမပြန်ချင်ပဲ
ဇာတ်က
ဇာတ်ကို နောက်ကြောင်းပြန်နေရတဲ့
ဇာတ်ပဲ....

ဇာတ်နောက်ကို လိုက်ရင်း
ဇာတ်လိုက်တွေ
တယောက်ပြီး တယောက်
လဲ/ လဲခဲ့ရတယ်...

ဇာတ်က
စကတည်းကိုက
မဆုံးတဲ့ ဇာတ်..။

ဆောင်းယွန်းလ