မောင်မောင်စိုး ● ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအားသုံးသပ်ချက် - အပိုင်း (၁၁)


မောင်မောင်စိုး ● ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအား သုံးသပ်ချက် - အပိုင်း (၁၁)
(မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၁၆

● အခြေခံဥပဒေပြင်ဆင်ရေး
၂၁ ရာစုပင်လုံတွင် အဓိကဆွေးနွေးကြသည့် နိုင်ငံရေးပြဿနာမှာဖက်ဒရယ်အခြေခံမူများဖြစ်သည်။ ထိုဖက်ဒရယ်မူများနှင့် ပတ်သက်၍ ဆွေးနွေးပြီးအဖြေရရှိပါက နောက်ဆုံးလုပ်ရမည်မှာ ဖက်ဒရယ်မူများအား ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်ရေး ဖြစ်လာပေမည်။ အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ပြင်ဆင်ရေးလော အသစ်ပြန်လည်ရေးဆွဲ ရေးလောဆိုသည် ကတော့ ညီလာခံကဆုံးဖြတ်ရမည့်ကိစ္စဖြစ်သည်ဟု KIA မှ ဗိုလ်ချုပ်ဂွန်မော်က ဆိုပါသည်။

၂၁ ရာစုပင်လုံညီလာခံအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးရေးနှင့်ပတ်သက်ပြီး NLD မှ စကားတခွန်းမှ မဟခဲ့သော် လည်း ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကခရီးစဉ်တွင်း၌ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန်လိုအပ်သည်ဟု ပြောဆိုသည် ကို တွေ့ရှိရပါသည်။

● နိဂုံး
ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံသည် အစ၏အစဖြစ်သည်။ ထိုအစပြုချက်ကို ဖြစ်ထွန်းတိုးတက်ရန် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်တွင် အားလုံးပါဝင်နိုင်ရန် ကြိုးပမ်းအားထုတ်သွားရန်လိုအပ်ပေမည်။ မတူသောဖက်ဒရယ်အမြင်များအား NLD ပါတီ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် မည်မျှ ညှိနှိုင်းဆောက်ရွက်ပေးနိုင်မည်၊ သူမ၏၏ညှိနှိုင်းပေးမှုများ မည်မျှ ပေါက်မြောက်သည့်အပေါ်မူတည်၍ ငြိမ်းချမ်းရလဒ်များ ထွက်ပေါ်လာမည်ဟုယူဆရပါသည်။

ထို့ပြင်ငြိမ်းချမ်းရေးဖြစ်စဉ်များ အောင်မြင်ချောမွေ့ရန်အတွက် အားကြီးသူက ပို၍သဘောထားကြီးဘို့ လိုပါသည်။ ယခုဖြစ် ပွားနေသော ကချင်ပြည်နယ် ရှမ်းပြည်နယ် ကရင်ပြည်နယ်တို့တွင်ဖြစ်ပွားနေသော စစ်ပွဲများကိုရပ်တန့်ရန်လိုပေမည်။ စစ် ဆင်ရေးများကို ရပ်တန့်ရန်လိုပေလိမ့်မည်။ ယခုNCA မထိုးရသေးသော အဖွဲ့အားလုံးလိုလိုသည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုထားသည်ဖြစ်ရာ ထိုအဆင့်ကပင် စ၍ သေနတ်သံ မထွက်ရလေအောင် စွမ်းဆောင်နိုင်ကြပါက ကောင်းလေစွဟု ဆိုရပါမည်။ပြည်ထောင်စုအဆင့် စာချုပ် ချုပ်ဆိုထားရက်နှင့် တိုက်ပွဲများဖြစ်ပွားနေသည်မှာ အံ့အားသင့် ဘွယ်ဟု ဆိုရပါမည်။

၂၁ ရာစုပင်လုံနှင့် ငြိမ်းချမ်းရေးကို ရှေ့ရှု ကာ တပြည်လုံးအပစ်အခတ်ရပ်စဲရေးကို အစိုးရက တဖက်သတ်ကြေငြာလိုက်ပြီး (ဗိုလ်နေဝင်းခေတ်ကလည်း ကြေညာခဲ့ဘူးပါသည်) ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဝါ ၂၁ ရာစုပင်လုံကို ကျင်းပပါက မည်မျှ ကောင်းလိမ့်မည်နည်းဟု တွေးတောသုံးသပ်ရပါတော့သည်။

ပြီးပါပြီ

နောက်ဆက်တွဲ
အတိုကောက်စာလုံးများ၏အနက်အဓိပ္ပါယ်

● ABSDF All Burma Students Democratic Front
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး

● KIO Kachin Independence Organization
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့

● KIC Kachin Independence Council
ကချင်ပြည်လွတ်လပ်ရေးကောင်စီ

● KIA Kachin Indenpendence Army
ကချင်ပြည်လွတ်လပ်ရေးတပ်မတော်

● KDA Kachin Defence Army
ကချင်ကာကွယ်ရေးတပ်မတော် (ကောင်းခါးပြည်သူ့စစ်)

● PSLF Palaung State Liberation Front
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး

● TNLA Taang National Liberative Army
တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်

● ULA /AA United League for Arakan/ Arakan Army
ညီညွတ်သော ရခိုင်အမျိုးသားအဖွဲ့ချုပ်/ ရခိုင့်တပ်မတော်

MNTJP Myanmar National Truth and Justice Party
အမှန်တရးနှင့်မျှတမှုမြန်မာအမျိုးသားပါတီ

● MNDAA Myanmar National Democratic Alliance Army
မြန်မာအမျိုးသားဒီမိုကရေတစ်မဟာမိတ်တပ်မတော် (ကိုးကန့် /ဖုန်ကြားစင်း)

● UWSP United Wa State Party
ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ

● UWSA United Wa State Army
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်

● PSC Peace and Solidarity Council
ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးကောင်စီ (မိုင်းလား)

● NDAA National Democratic Alliance Army
အမျိုးသားဒီကရေစီမဟာမိတ်တပ်မတော်

● SSPP Shan State Progressive Party
ရှမ်းပြည်တိုးတက်ရေးပါတီ

● SSA Shan State Army
ရှမ်းပြည်တပ်မတော်

● MTA Mong Tai Army
ရှမ်းပြည်တပ်မတော် (ခွန်ဆာ)
● RCSS Restoration Council of Shan State
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ

● KNPP Karenni National Progressive Party
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ

● NMSP New Mon State Party
မွန်ပြည်သစ်ပါတီ

● KNU Karen National Union
ကရင်အမျိုးသားအစည်းအရုံး

● KNLA Karen National Liberative Army
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်

● KNU/KNLA (PC) Karen Nationl Union/Karen National Liberative Army (Peace Council)
ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)

● DKBA Democratic Karen Belovent Army
ကရင်အမျိုးသားဒီမိုကရေစီ အကျိုးပြု တပ်မတော်

● DKBA Democratic Karen Buddhist Army
ဒီမိုကရက်တစ် ဗုဒ္ဓဘာသာကရင့်တပ်မတော်

● PNLO Pa-oh National Liberative Organization
ပအို့ အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်

● PNO Pa-oh National Organization
ပအို့အမျိုးသားအဖွဲ့ချုပ်

● WNO Wa National Organization
ဝ အမျိုးသားအဖွဲ့ချုပ်

● LDU Lahu Democratic Union
လားဟူဒီမိုကရက်တစ်သမဂ္ဂ

● ALP/AA Arakan Liberation Party/Arakan Army
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ ရခိုင့်တပ်မတော်

● ANC/AA Arakan National Council/ Arakan Army
ရခိုင်အမျိုးသားကောင်စီ/ ရခိုင့်တပ်မတော်

● CNF Chin National Front
ချင်းအမျိုးသားတပ်ဦး

● NSCN(K) National Socilist Council of Nagaland(Kaplam)
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ( ကက်ပလန်)

● BGF Border Guard Force.
နယ်ခြားစောင့်တပ်

● MPC Myanmar Peace Center
မြန်မာ့ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးဗဟိုဌာန

● UPC Union Peace Committee
ပြည်ထောင်စုငြိမ်းချမ်းရေးကော်မတီ

● UPWC Union Peace Working Committee
ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ

● NCCT Nationwide Ceasefire Coordination Team
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့

● SD Special Delegation
အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့

● NRPC National Reconciliation and Peace Center
အမျိုးသားပြန်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန

● JMC Joint Military Committee
အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ

● UPDJC Union Peace Dialouge Joint Committee
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ

● JICM Joint Implentation Coordinaton Meeting
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာညှိနှိုင်းအစည်းအဝေး

● SSJAC Shan State Joint Alliance Committee
ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ

● CSSU Committe of Shan State Unity
ရှမ်းပြည်ညီညွတ်ရေးကော်မတီ

● PPST Peace Process Steering Team
ငြိမ်းချမ်းရေးလုပ်စဉ် ဖေါ်ဆောင်ရေးအဖွဲ့ (NCA ထိုးပြီး ၈ ဖွဲ့)
●  CT Coordition Team ( PPST ၏အလုပ်အဖွဲ့)
ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့

● UNFC United Nationalities Fedral Council
ညီညွတ်သောတိုင်းရင်းသားများဖက်ဒရယ်ကောင်စီ

● DPN Deligation for Political Negotiate (UNFC ၏အလုပ်အဖွဲ့)
နိုင်ငံရေးဆွေးနွေးမှုညှိနှိုင်းရေးအဖွဲ့

● TNP Taang National Party
တအန်းအမျိုးသားပါတီ

● ANP Arakan National Party
ရခိုင်အမျိုးသားပါတီ

● ALD Arakan League for Democracy
ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

● SNLD Shan Nationalities League for Democracy
ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

● SNDP Shan Nationalities Demoratic Party
ရှမ်းအမျိုးသားဒီမိုကရက်တစ်ပါတီ

● ANDP Arakan National Democratic Partyl
ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ

● FCDCC Federal Constitution Drafting and Coordinating Committee
ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ

● NCA Nationwide Ceasefire Agreement
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်

● EAOs Summit Enthic Armed Orgnizations Summit
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များညီလာခံ

● PCG Peace-talk Creation Group
ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့( ကချင်)

● WLB Women League for Burma
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)

● UPC Union Peace Confrence
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ

ပြီးပါပြီ
Mg Mg Soe (မောင်မောင်စိုး)