အတွင်းမီးကို ငြှိမ်းကြဖို့နှင့် မောင်မိုးသူ


အတွင်းမီးကို ငြှိမ်းကြဖို့နှင့် မောင်မိုးသူ
(ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ အောက်တိုဘာ ၃၀၊ ၂၀၁၆
အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ တစ်နှစ်ပြည့်အခမ်းအနားမှာ နိုင်ငံ တော် အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်းပြော ကြားရာမှာ စတင်လုပ်ဆောင်ခဲ့တဲ့ အရင် အစိုးရသမ္မတ ဦးသိန်းစိန်ကို ကျေးဇူးတင် စကား ဆိုပါတယ်။ ပြီးတော့ အပစ်အခတ် ရပ်စဲရေးဆိုတဲ့ စာလုံးကို အရင်က ဒေါ် အောင်ဆန်းစုကြည် အလွန်သုံးစွဲခြင်းပြုခဲတဲ့ အင်္ဂလိပ်စာလုံးကို ထည့်ပြောပါတယ်။ Cease ဆိုတာ ငြှိမ်းသတ်ခြင်းပေါ့။ Fire ဆိုတာ လက်နက်ခဲယမ်းတွေပေါ့။ သည် တော့ လက်နက်ခဲယမ်းတွေကို ငြှိမ်းသတ် ရပ်တန့်တဲ့ အလုပ်ကို လုပ်ကြခြင်းပါပဲ။ သည်နေရာမှာ ဒေါ်အောင်ဆန်းစုကြည်က လက်နက်ခဲယမ်းမီးကျောက်ဆိုတဲ့ ရုပ်ဝတ္ထု မီးတွေကို ငြှိမ်းသတ်ဖို့လိုသလို အတွင်းမီးတွေဖြစ်တဲ့ အာဃာတတွေကိုလည်း ငြှိမ်း သတ်ဖို့လိုကြောင်း ပြောသွားပါတယ်။

တိုင်းပြည်မှာ အရေးအကြီးဆုံး လိုအပ်ချက်က ငြိမ်းချမ်းရေးဖြစ်ပြီး ငြိမ်းချမ်း ရေး ရရှိဖို့ဆိုရင် ရုပ်ဝတ္ထုဖြစ်တဲ့ လက်နက် ခဲ ယမ်း များကို နှစ်ဦးနှစ်ဖက် သုံးဦးသုံး ဖက် ရပ်တန့် ပြေငြှိမ်းဖို့ လိုအပ်သလိုပဲ တစ်ဦးနဲ့ တစ်ဦး တစ်ဖက်နဲ့တစ်ဖက် နှစ် ပေါင်းများ စွာ အာဃာတတရားတွေ၊ အငြိုးအတေး တွေကို ငြှိမ်းသတ်ဖို့ လို ကြောင်း ပြောဆို သွားပါတယ်။ အဲသည် အတွင်းမီးတွေကို ငြှိမ်းသတ်ဖို့ဆိုတာ တေ့တေ့ဆိုင်ဆိုင်ကျ တော့ ပုထုဇဉ်လူ သားတွေအတွက် ခက်ခဲ လှတဲ့ တရား ဖြစ်ပါတယ်။ လောဘတရားကို ငြှိမ်း သတ်ဖို့၊ ဒေါသတရားကို ငြှိမ်း သတ်ဖို့၊ အာ ဃာတ တရားကို ငြှိမ်းသတ်ဖို့ ဆိုတာ အတော်ကို မလွယ်တဲ့ကိစ္စပါပဲ။

ဒါပေမဲ့လည်း ဒါ ပေမဲ့ပေါ့လေ။ အဲသည် မီးတွေ အပြင်မီးရော အတွင်း မီးရော ငြှိမ်းသတ် နိုင်ပါမှ ငြိမ်းချမ်းရေး ဆိုတဲ့ အောင်ပန်းဆု လာဘ်ကို ရရှိ နိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းမဆို လေ့ကျင့်သင်ကြား ထား တာက အမိန့်ပေးခြင်းနဲ့ အမိန့်နာခံ ခြင်း နှစ်မျိုးသာပဲ ဖြစ်ပါတယ်။ အမိန့်ပေး တာကို မနာခံရင် အပြစ်ပေး ဆုံးမလေ့ ရှိပါတယ်။ သည်နေရာမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေဆိုတာလည်း လူသား များ ဖြစ်တယ် ဆိုတဲ့အချက်ကို မမေ့ကြဖို့ လိုပါတယ်။ မနေ့တစ်နေ့က စစ်ကျောင်း တစ်ကျောင်းမှာ အတန်းကြီးသူက အတန်း ငယ်သူကို ဆုံးမရာမှ လက်လွန်ခြေလွန် ဖြစ်သွားတဲ့ ဖြစ်ရပ်ကို သတင်းတွေထဲမှာ ဖတ်ရ၊ ရုပ်သံတွေမှာလည်း တွေ့ရလေ တော့ အတော် ကြီးကို အရုပ်ဆိုးတဲ့ ဖြစ် ရပ်ဆိုတာ ထင် ရှားပါတယ်။ အကြီးက အငယ်ကို ဆုံးမ တယ်ဆိုတာ ထုံးတမ်းစဉ် လာ ဓမ္မတာပါပဲ။ အထူးသဖြင့်လက်နက် ကိုင်အဖွဲ့အစည်းတွေမှာ စည်းကမ်းထိန်းသိမ်းဖို့ အလွန်လိုအပ်တာ အမှန်ပါပဲ။ ဒါပေ မဲ့ လိုအပ်တာ ထက် ပိုသွားရင်တော့ လူသားအချင်းချင်းဆိုတဲ့ အနေအထား ပျောက်ဆုံးသွားနိုင်တာကို သတိမူဖို့ လို အပ်လှပါတယ်။

ရခိုင်မှာ အကြမ်းဖက်စီးနင်းတိုက် ခိုက်မှုတစ်ခု ဖြစ်ပါတယ်။ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူက နိုင်ငံခြားမှာ သင်တန်း သွားရောက်တက်ခဲ့ပြီး ပြည်တွင်းက အစွန်းရောက် ကလေးတွေကို သင်တန်း ပေးပြီး အကြမ်းဖက်တဲ့ လုပ်ရပ်ကြီးကို လုပ်ခဲ့ တာ ဖြစ်ပါတယ်။ နယ်စပ်တစ် လျှောက်လုံး မှာရှိတဲ့ စခန်းအားလုံးကို ချေမှုန်းတိုက် ခိုက်ရန် စီစဉ်ခဲ့ပေမဲ့ တ ကယ့်တကယ်က သုံးနေ ရာကိုသာ တိုက် ခိုက်ခဲ့ပြီး ရဲသားကိုးဦး ကျဆုံးခဲ့ရကာ လက်နက်ပေါင်း ၄၀ ကျော် သယ်ယူသွား ခဲ့ပါတယ်။

သည်အကြမ်းဖက်ဖြစ်ရပ်ကြီးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က တရားဥပဒေရဲ့ မူဘောင်အတွင်းက တုံ့ပြန်ဖို့ ညွှန်ကြားခဲ့ ပါတယ်။ တပ်နဲ့ရဲတပ်ဖွဲ့ဝင်များ က အကြမ်းဖက်မှု များကို လိုက်လံရှင်း လင်းရာ တရား ဥပဒေလမ်းကြောင်းအတိုင်း လုပ် ဆောင်ကြတယ်လို့ တရားဝင် ကြေညာ ခဲ့ပြီး သည်ကိစ္စဟာ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ မဟုတ်ဘဲ အကြမ်းဖက်မှုကို ဖြိုခွင်းတိုက်ဖျက်တာပဲဆိုတာ သိသာထင်ရှားစွာ ပြသနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတကာကိုလည်း အကြမ်း ဖက်မှု ဖြိုခွင်းရာမှာ တရားဥပဒေအတိုင်း သာပဲ ဆိုတာ သိသာထင်ရှားစေခဲ့ပါတယ်။

ဒါ့ကြောင့် ပြည်တွင်းက ဘာသာရေး အဖွဲ့အစည်းများက အကြမ်းဖက်အဖွဲ့များ ကို ရှုတ်ချခြင်းပြုလုပ်ခဲ့ကြသလို နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေရဲ့ ထောက်ခံခြင်းကိုလည်း ရခဲ့ပါတယ်။

ဒါဟာ တရားဥပဒေစိုးမိုးရေးကို စနစ်တကျ ဖော်ဆောင်ခြင်းဖြင့် အများပြည်သူ နဲ့ နိုင်ငံတကာက ထောက်ခံခြင်းကို ရရှိခဲ့ ခြင်း ဖြစ်ပါတယ်။ တပ်ရဲ့သဘောသဘာဝ ကတော့ ပျောက်ဆုံးသွားတဲ့ လက်နက်တွေ အားလုံးကို တစ်လက်မကျန် အရ ပြန်ယူဖို့ ဖြစ်ပါတယ်။ ရေထဲကို လွှင့်ပစ်ခဲ့ရင်လည်း ရေငုပ်ပြီး ပြန်ယူကြရမှာပဲ ဖြစ်ပါတယ်။

တရားဥပဒေမူဘောင်အတိုင်း လုပ်ဆောင် လိုက်နာကြရင် အကြမ်းဖက်မှုကို ဖြိုခွင်းနှိမ်နင်းရာမှာလည်း တရားဥပဒေ မူဘောင်အတွင်းက လုပ်ဆောင်ကြမယ် ဆိုရင် လူသူလေးပါးရဲ့ လေးစားယုံကြည် မှုကို ရနိုင်တယ်ဆိုတာပါပဲ။

ခက်တာက မောင်မိုးသူတို့ မြန်မာနိုင်ငံမှာ စစ်တပ်အစိုးရရဲ့ အုပ်ချုပ်မှု သက်တမ်း ဟာ နှစ်ပေါင်း ၅၀ ကျော်ခဲ့ ပြီဆိုတော့ အ တော့်ကို ခေါက်ရိုးကျိုးပြီး တရားဥပဒေဆို တာ စာအုပ်ထဲမှာပဲ ရှိတဲ့ ကိစ္စလို ဖြစ်ခဲ့ပါတယ်။

လူသားချင်းချင်း စာနာထောက်ထားတဲ့ လုပ်ရပ်တွေ နည်းပါးလျော့နည်းလာခဲ့ ပါတယ်။ တစ်လောက ကုမုဒြာဂျာနယ် မှာပဲ ဆင်းရဲကျပ်တည်းမှုက ပေါက်ကွဲမှုကို ဖြစ်စေတယ်ဆိုတာ ရေးပြခဲ့ပါသေးတယ်။ ဆင်းရဲကျပ်တည်းမှုဟာ လူသားတွေရဲ့ ဒေါသကို ပေါက်ကွဲစေနိုင်သတဲ့။ ဒါ့ကြောင့် လူသတ်ခြင်းတွေ ဖြစ်နေကြတာလား။ လူသားအချင်းချင်း သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း ပြုလုပ်နေကြတာလားဆိုတာ ပြန်လည်သုံးသပ်ဖို့ လိုလာပြီ ဖြစ်ပါတယ်။

သည်နေရာမှာ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုတဲ့ တစ်နှစ်ပြည့် အခမ်းအ နားမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ရဲ့ စကားကို ပြန်လည် ကိုးကားချင်ပါတယ်။ ယနေ့ မြန်မာပြည် မြန်မာနိုင်ငံမှာ အရေးကြီးဆုံး လိုအပ်ချက် ကတော့ ငြိမ်းချမ်းရေးပါပဲ။

အဲသည် ငြိမ်းချမ်းရေးရဖို့ cease – fire ဆိုတဲ့ အပစ်အခတ်ရပ်စဲရေးကို ပထမဆုံး စတင်လုပ်ဆောင်ခဲ့ကြတာ ဖြစ် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သတိပေးလိုက်တာက အပစ်အခတ်ရပ်စဲရာမှာ လက် နက်ခဲယမ်းမီးကျောက်တိုက်ပွဲတွေ ရပ်စဲဖို့ လိုအပ်သလို အတွင်းမီးများဖြစ်တဲ့ အာဃာတမီးတွေကိုလည်း ငြှိမ်းသတ်ဖို့ လိုကြောင်း ပြောချင်တယ်ခင်ဗျ။

အရေးကြီးတာ ငြိမ်းချမ်းရေးကို လိုချင် ကြတယ်ဆိုရင် အပြင်မီးဖြစ်တဲ့ လက်နက် ခဲယမ်းမီးကျောက်များ တိုက်ပွဲများကို ရပ်စဲရ မှာ ဖြစ်သလို အတွင်းမီးဖြစ်တဲ့ အာဃာတတွေ၊ နယ်မြေတွေ ပိုင်ဆိုင်မှုဆိုတဲ့ လောဘတွေကို စွန့်လွှတ်ရဲတဲ့ သတ္တိတွေ ရှိကြဖို့ လက်နက်ကိုင်အဖွဲ့အစည်းအား လုံး လိုအပ်လျက်ရှိကြောင်းပါ။

အတွင်းမီးကို ငြှိမ်းကြဖို့နှင့် မောင်မိုးသူပါ။


မောင်မိုးသူ