လက်ပံတောင်းတောင် အကြမ်းဖက်မှု ၄ နှစ်ပြည့် အခမ်းအနား ကျင်းပ



လက်ပံတောင်းတောင် အကြမ်းဖက်မှု ၄ နှစ်ပြည့် အခမ်းအနား ကျင်းပ
(ဌေးအောင်၊ မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၆


လက်ပံတောင်းတောင်ဒေသတွင် ဆန္ဒပြနေသော ဘုန်းတော်ကြီးများနှင့် တောင်သူများအား ဦးသိန်းစိန် အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့သည့် (၄)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားအား ယနေ့  (၂၉.၁၁.၂၀၁၆) ညနေ (၄) နာရီမှ စတင်ကာ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့ တွင် လက်ပံတောင်းတောင်အရေး တက်ကြွလှုပ်ရှားသူများက ကျင်းပခဲ့သည်။



အခမ်းအနားအပြီးတွင် အဆိုပါ လူအင်အား (၁၅၀) ခန့် သည် မဟာဗန္ဓုလပန်းခြံအား လှည့်လည်ကာ ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ပြီး ဆူးလေဘုရားပေါ်တွင် ဆုတောင်းပွဲပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံ- ဌေးအောင်