မြင့်အောင်သန့် - "သိက္ခာ "

Art - Than Htay Maung

မြင့်အောင်သန့် - "သိက္ခာ "
(မိုးမခ) ဇန်န၀ါရီ ၃၁၊ ၂၀၁၇

သူများတကာ
ရိုးရိုးသားသား ယှဉ်ပြိုင်လို့
အနိုင်ရထားတဲ့ ဖလားကို
လုပြေးတဲ့သူလောက်
အရှက်အကြောက်မဲ့တဲ့ပြက်လုံးမျိုး
တခါဖူးမျှ မကြားမိပါ
ကိုယ်သာဆို လဲသေလိုက်ပြီ