မင်းကိုနိုင် - တရားတဲ့ဝါဒ

Art - Than Htay Maung

မင်းကိုနိုင် - တရားတဲ့ဝါဒ
(မိုးမခ) ဇန်န၀ါရီ ၃၁၊ ၂၀၁၇

လေဆိပ်မှာသေနတ်သံကြား ပြည်တော်ပြန်တယောက်
သွေးအိုင်ထဲလဲကျသွားတာ
ဖိလစ်ပိုင်မှာလည်းရှိခဲ့တာပဲ
အမိမြေကိုပြန်ခြေချစ အကွီနိုကို
လုပ်ကြံခဲ့သူသမ္မတမားကို့စ်ဟာ ဖိလစ်ပိုင်အပြောင်းအလဲကို ဟန့်တားနိုင်ခဲ့ပါသလား
ရွေးကောက်ပွဲမှာအကွီနို့ဇနီးကိုရှုံူး အာဏာပါ ဆုံးပြီး နိုင်ငံက ထွက်ပြေးခဲ့ရမဟုတ်လား။


"ကျနော့်မှာအိပ်မက်တခုရှိတယ်" ဆိုတဲ့ဂန္ဓဝင်မိန့်ခွန်းကို
ကဗျာလိုရွတ်ဆိုခဲ့သူ မာတင်လူသာကင်းဂျူနီယာ...
သူ့ကိုသေနတ်နဲ့ချောင်းပစ်တော့ကော
သူယုံတဲ့ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးကို ဖျက်ဆီးနိုင်ခဲ့ကြပါသလား
အာဖရိကန်နွယ်ဖွားအိုဘားမားက အမေရိကန်ပြည်ထောင်စုရဲ့အမြင့်ဆုံးရာထူးကို
နှစ်ကြိမ်တောင် တက်ယူပြခဲ့သေးမဟုတ်လား

ဘုရားကျောင်းမှာ ဝတ်ပြုဖို့လာတဲ့ဂန္ဓီကြီးကို
ခြောက်လုံးပြူးးနဲ့တေ့ဖြုတ်ခဲ့ပေမယ့်
သူရဲ့အကြမ်းမဖက်ရေးဝါဒကိုသာအိန္ဒိယဟာ
မြတ်နိုးပန်ဆင်ပြခဲ့မဟုတ်လား

သမိုင်းတလျောက်မှာ သက်သေပြစရာများပါဘိ

"တရားတဲ့ဝါဒကို လုပ်ကြံလို့ရရိုးလား"

မင်းကိုနိုင် ၃၀ ၁ ၂၀၁၇
လှိုင်မြို့နယ် ၂ရပ်ကွက် စာပေဟောပြောပွဲ