"ကလေးစာပေပွဲတော် (မန္တလေး)"



"ကလေးစာပေပွဲတော် (မန္တလေး)"
သတင်းဓာတ်ပုံ - ချမ်းမြ၊ (မိုးမခ) ဇန်န၀ါရီ ၂၉ ၊ ၂၀၁၇


ပြန်ကြားရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ကပူပေါင်း၍  ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို မန္တလေးမြို့ရှိ (MIIT) ခန်းမတွင် ဇန်နဝါရီလ၂၇ ရက်နေ့မှစတင်ပြီး ၂၉ ရက်နေ့ထိ နံနက် ၉ နာရီ မှ ညနေ ၅ နာရီဖွင့်လှစ်ထားပြီး မည်သူမဆိုပါဝင်ဆင်နွှဲနိုင်သည်။

ထိုကလေးစာပေပြပွဲတွင် ကလေးများအတွက် ပျော်ရွှင်စရာကစားနည်းများ၊  သုတရသစာအုပ်များ၊ အစားသောက်များ၊ဖျော်ဖြေတင်ဆက်မှုများ၊ မျက်လှည့်များနှင့်ပန်းချီပြိုင်ပွဲများ ပါဝင်ကြောင်းသိရှိရသည်။