ရွှေပြည်စိုး - ၂၀၁၇-ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီကို မဲပေးကြပါစို့



ရွှေပြည်စိုး - ၂၀၁၇-ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီကို မဲပေးကြပါစို့
(မိုးမခ) မတ် ၂၉ ၊ ၂၀၁၇


လာမယ့် ဧပြီလ ၁-ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပေးရတော့မှာ ဖြစ်ပါ တယ်။ ဘယ်ပါတီကို မဲပေးမလဲ၊ ဘာကြောင့်လဲ၊ ဆုံးဖြတ်ကြည့်တော့မယ်။

ဒီပြိုင်ပွဲမှာ အဓိက ပါတီကြီး နှစ်ခု ရှိတယ်။ လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီနဲ့ အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး (ကြံ့ဖွံ့) ပါတီတို့ ဖြစ်ပါတယ်။

ရွှေပြည်စိုးကတော့ NLD ပါတီကိုပဲ မဲပေးမှာပါ။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်းေ တွကို အများပြည်သူတွေ သိရှိရအောင်နဲ့ ပြည်သူအားလုံးက NLD ပါတီကိုသာ မဲပေးကြဖို့ မေတ္တာရပ်ခံရတဲ့အကြောင်းတွေကို တင်ပြမှာ ဖြစ်ပါတယ်။ ဘယ်ပါတီကို ရွှေးသင့်လဲဆိုတာနဲ့ အရွေးမမှားစေဖို့ အောက်ပါ ပါတီကြီး နှစ်ခုရဲ့ နောက်ခံသမိုင်းကြောင်း အကျဉ်းကို ဖော်ပြပါ မယ်။ အဲဒါလေးတွေကို ဖတ်ပြီးမှ ဘယ်သူက၊ ဘယ်ပါတီက တိုင်းပြည်နဲ့ လူမျိုးအတွက် သင့် တော်မယ်၊ ဘယ်ပါတီကို ရွေးထိုက်တယ် ဆိုတာ ဆုံးဖြတ်ကြပါ။

ပထမ ကြံ့ဖွံ့ ပါတီအကြောင်းနဲ့ သူတို့ လုပ်ရပ်တွေကို ကြည့်ပါ - ဒီကြံ့ဖွံ့ ပါတီဟာ ပြည် ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်း(ကြံ့ဖွံ့အသင်း)ကနေ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ ပါတီ) အမည်ကို ၂၀၀၈ ရွေးကောက်ပွဲ နီးမှ ပြောင်းလိုက်တဲ့ နာမည် ဖြစ် ပါတယ်။ ခေါင်းဆောင်ပိုင်းကတော့ စစ်ဗိုလ်ချုပ်တွေ၊ ဗိုလ်ချုပ် လူထွက်တွေ၊ အငြိမ်းစား စစ်ဗိုလ်တွေချည်းပါပဲ။ သူတို့ အောက်က အဖွဲ့ဝင်တွေက လက်လုပ်လက်စား ဆင်းရဲသားတွေ၊ ထောင်ထွက် ရာဇဝတ်သားတွေ၊ ဆေးသမားတွေ၊ ကလေးကချေတွေနဲ့ အသိပညာနည်းပါးတဲ့ သူတွေချည်းပါပဲ။ သူတို့ အားလုံးဟာ ကျွေးတာစား၊ ပေးတာ ယူ၊ စေရာ သွား၊ ခိုင်းတာ လုပ်၊ ပြန်မေး ပြန်ပြောခွင့် မရှိသူတွေသာ ဖြစ်တယ်။

အသင်းရဲ့ ရည်ရွယ်ချက်ဟာ ပြိုင်ဘက် နိုင်ငံရေးပါတီတွေ၊ ပါတီဝင်တွေ၊ ပါတီ မိတ် ဆွေတွေကို အကြမ်းဖက် နှိမ်နင်းဖို့သာ ဖြစ်ပါတယ်။ သူတို့ရဲ့ အကြမ်းဖက် လုပ်ရပ်တွေထဲက ထင်ရှားတဲ့ သာဓက တချို့ ပြရရင် - ၂၀၀၃-မေလ ၃၀ ညမှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းအရပ်၌ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စီးလာတဲ့ကားတန်း တိုက်ခိုက်မှုနဲ့ ၂၀၀၇-ခု ရွှေဝါရောင် အရေးအခင်း အကြမ်းဖက် ဖြိုခွဲမှုတို့ ဖြစ်ပါတယ်။ ဒီပဲယင်း အကြမ်းဖမ် တိုက်ခိုက် နှိမ်နင်းမှု တွင် ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သေဘေးမှ လွတ်သွားပေမယ့် အခြား ကျား မ လူပေါင်း ၂၈၀-ကျော် သေဆုံးပြီး လူအများအပြား ဒဏ်ရာ ပြင်းထန်စွာ ရရှိပါတယ်။ ၂၀၀၇ ရွှေဝါရောင် အရေးအခင်းမှာလဲ ရဟန်းသံဃာနဲ့ ကျောင်းသား ပြည်သူ များစွာ ဒဏ်ရာရရှိပြီး ဂျပန်သတင်းထောက်တဦး၊ လုံခြုံရေးရဲ တဦးက သေနတ်နဲ့ ပစ်ခတ်လို့ ပွဲချင်းပြီး သေဆုံး သွားရပါတယ်။ ဒီအရေးအခင်း နှစ်ခုစလုံးမှာ ကြံ့ဖွံ့ အသင်းဝင်တွေ ပါဝင်နေတာ သိရပါတယ်။

ကြံ့ဖွံ့ အသင်း ခေါင်းဆောင်ပိုင်းက စစ်ဗိုလ်ချုပ်တွေဟာ အာဏာတည်မြဲရေး၊ ချမ်းသာ ကြွယ်ဝရေးတို့အတွက် ကလိမ်ကကျစ် လုပ်တဲ့နေရာမှာ ကမ္ဘာကတောင် လက်ဖျားခါရ လောက်အောင် ပါးနပ်ကြပါတယ်။ ဥပမာ ၂၀၀၈ အခြေခံ ဥပဒေကို ရေးဆွဲရာမှာ ဒေါ်အောင် ဆန်းစုကြည် သမ္မတ မဖြစ်နိုင်အောင် အာဃာတစိတ်၊ အတ္တလွန်ကဲစိတ်တွေကို အခြေခံထား ပြီး ရေးဆွဲထားတယ်။ နာဂစ် မုန်တိုင်းကြောင့် ပြည်သူတွေ စိတ်သောကရောက်နေချိန်မှာလဲ ၂၀၀၈ ခြေ/ဥ ဆန္ဒခံယူပွဲကို ကလိမ်ကကျစ် လိမ်ညစ်နည်းတွေ သုံးကာ အနိုင်ယူ အတည်ပြု လိုက်တယ်။

၂၀၁၀ ရွေးကောက်ပွဲမှာလည်း စစ်ဗိုလ်ချုပ်တွေ ထိန်းချုပ်ထားတဲ့ ပြည်ထဲရေး၊ ကာ ကွယ်ရေး၊ နယ်စပ်ရေးရာ စတဲ့ ဝန်ကြီးဌာနတွေနဲ့ စစ်တပ်၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌတို့ ပေါင်းစပ်ပြီး တခါမှ မကြားဖူးဘူးတဲ့ မဲလိမ် မဲခိုး ကြိုတင်မဲခိုးနည်းတွေနဲ့ မဲမသမာနည်းတွေ သုံးပြီး အနိုင်ရတာကို ပြည်သူတရပ်လုံးက တခဲနက် မဲပေးလို့ အနိုင်ရတဲ့ ပုံစံနဲ့ ကြေညာ သွားတယ်။

တဖန် ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ၂၀၁၀ ရွေးကောက်ပွဲတုန်းကလို ကလိမ်ကကျစ် ဗိုလ်ချုပ်တွေ ဦးဆောင်တဲ့ ရွေးကောက်ပွဲမှာ ရာနှုန်းပြည့် အနိုင်ရဖို့ ဆုံးဖြတ်ပြီး မဲဖွယ်ကာလ မှာ ကြံ့ဖွံ့ အမတ်လောင်းတွေက ငွေကျပ်သန်းပေါင်း သိန်း သန်း ကုဋေမက အကုန်ခံရုံမက အခြားမဲမသမာနည်းတွေ ကုန်စင်အောင် သုံးပြီး စီမံထားတဲ့ ကြားက မရှုမလှ ရှုံးနိမ့်သွားတော့ မရှိမဲ့ ရှိမဲ့ အရှက်တွေ ကွဲကုန်ပါတော့တယ်။ ဒါတွေဟာ ဗိုလ်ချုပ်တွေရဲ့ ဆိုးစေတနာ ဆိုးကျိုး ပေးသွားတာလို့ ပြောလို့ရပါတယ်။ သူတို့တွေဟာ ရာထူး အာဏာ တည်မြဲရေး၊ ချမ်းသာ ကြွယ်ဝရေးအတွက်သာ လုပ်နေကြတာပါ။ အမိနိုင်ငံ၊ မိမိလူမျိုး ကောင်းကျိုးချမ်းသာအတွက် တခုမှ မပါပါ။

NLD ပါတီနဲ့ ခေါင်းဆောင်တွေကတော့ ကြံ့ဖွံ့ပါတီလို ကလိမ်ကကျစ် မလုပ်ဘူး၊ ရိုးရိုး သားသားပဲ ယှဉ်ပြိုင်တာပါ။ မဲဆန္ဒရှင် ပြည်သူ လူထုက သူတို့အပေါ် ဗိုလ်ချုပ်တွေနဲ့ အပေါင်း ပါ ဘက်တော်သားတွေရဲ့ မတရား လုပ်မှု၊ အနိုင်ကျင့်မှုတွေကို ခံခဲ့ရလို့ ဒီစစ်အုပ်စုတွေကို ရွံမုန်းကာ ဒေါ်စု ဦးဆောင်တဲ့ NLD ပါတီကိုသာ စုပြုံပြီး မဲပေးလိုက်ကြတာ ဖြစ်ပါတယ်။ ဒါဟာ ဒေါ်စု ဦးဆောင်တဲ့ NLD ပါတီရဲ့ ရိုးသားမှုရဲ့ အောင်မြင်မှုကို သက်သေထူလိုက်တာလို့ ယုံ ကြည်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအကြောင်း အကျဉ်း။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာ့တပ်မတော်ကို စတင် တည်ထောင်တဲ့ တပ်မတော် ဖခင်ကြီး၊ မြန်မာ့ လွတ်လပ်ရေး ရအောင် ကြိုးပန်းခဲ့လို့ မြန်မာ့ လွတ်လပ်ရေး ဗိသုကာကြီး ဖြစ်ပြီး တိုင်းပြည်နဲ့ လူမျိုး ကောင်းကျိုးအတွက် အသက်စွန့် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ မိခင် ဒေါ်ခင်ကြည်ဟာ ပြည်သူ့ဆေးရုံက သူနာပြု ဆရာမကြီး ဘဝကနေ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဟာ အိန္ဒိယ၊ အင်္ဂလန်နိုင်ငံတွေမှာ ကျောင်းတက်ပြီး ဘွဲ့များ ရရှိခဲ့သူ ဖြစ်ပါတယ်။ မြန်မာပြည် စစ်အာဏာရှင် လက်အောက်က လွတ်မြောက်ဖို့ ကိုယ်ကျိုးစွန့်၊ အသက်စွန့်၊ လင်ယောက်ျားစွန့်၊ သားစွန့်၊ အားလုံးကိုစွန့်၊ အပင်ပန်းခံ၊ အဆင်းရဲ ခံ၊ အနစ်နာခံ၊ စိတ်ရှည် သည်းခံပြီး ဆောင်ရွက်ခဲ့မှုကြောင့် နော်ဝေးနိုင်ငံက ကမ္ဘာ့အဆင့် အမြင့်ဆုံး ငြိမ်းချမ်းရေး နိုဗယ်လ်ဆု အပါအဝင် နိုင်ငံတကာက ချီးမြှင့်တဲ့ ဆုပေါင်း ၁၂၀-ကျော် ရရှိထားပါတယ်။ ဒေါ်စုဟာ နိုင်ငံရေးတွင်သာမက ဘာသာရေး၊ သာသနာရေးဘက်တွင်လည်း သက်ဝင်ယုံကြည်သူ ဖြစ်တဲ့အတွက် ရွှေကျင် သာသနာပိုင် သံဃာဂိုဏ်းကြီးက စတုပစ္စယ သံဃမာတာဘွဲ့ တံဆိပ် (ပစ္စည်းလေးပါး ဒါယကာ သံဃမိခင်ဘွဲ့) ချီးမြှင့်ခံရတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို စစ်အာဏာရှင်တွေ လက်အောက်က လွတ် မြောက်နိုင်ဖို့ နိုင်ငံရေးမှာ ပါဝင် လှုပ်ရှားလာတဲ့အတွက် သူ့ကို စစ်အစိုးရတွေက ၁၉၈၉-ကစ ၂၀၁၁-အထိ ၂၂-နှစ်အတွင်း ၁၅-နှစ် နီးပါး ဖမ်းချုပ်လိုက်၊ ပြန်လွှတ်လိုက်နဲ့ စိတ်ပမ်း လူပမ်း ဖြစ်အောင် ညှဉ်းဆဲခြင်း ခံခဲ့ရပါတယ်။

NLD ပါတီဝင် အားလုံးကလည်း ဒေါ်စုရဲ့ မှန်ကန်သော လမ်းညွှန်မှု၊ ဦးဆောင်မှုများကို အပြည့်အဝ ယုံကြည်တာကြောင့် ဒေါ်စုရဲ့ ဦးဆောင်မှုကို ယနေ့ထိ တသွေမတိမ်း လိုက်နာ ဆောင်ရွက်ကြပါတယ်။

NLD ပါတီနဲ့ ကြံ့ဖွံ့ပါတီ နှစ်ဖက်ပါတီ ခေါင်းဆောင်တွေရဲ့ နောက်ခံ သမိုင်းကြောင်း အကျဉ်းကို ဖော်ပြပြီးပါပြီ။ ခုဆက်ပြီး ဘယ်သူနဲ့ ဘယ်ပါတီက တိုင်းသူပြည်သားများအပေါ် ကောင်းကျိုး၊ ဆိုးကျိုး လုပ်သလဲ ဆိုတာကို ပိုသဲကွဲအောင် ထပ်မံ နှိုင်းယှဉ် တင်ပြပါမယ်။


ကြံ့ဖွံ့ပါတီနဲ့ ကြံ့ဖွံ့အစိုးရကို ဦးဆောင်နေ ခဲ့တဲ့ ဗိုလ်ချုပ်၊ ဗိုလ်ချုပ်လူထွက်တွေက -- ရာထူး အာဏာမက်တယ်။

- မြေမက်တယ်။

- ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း၊ သစ် … စတာတွေကို နိုင်ငံခြား ကုမ္ပဏီ တွေနဲ့ ပေါင်းပြီး မှောင်ခိုထုတ်တယ်။

- နိုင်ငံပိုင် သယံဇာတ ရောင်းရငွေတွေကို နိုင်ငံခြားဘဏ်တွေမှာ လျှို့ ဝှက် အပ်နှံထား တယ်။


NLD ပါတီနဲ့ NLD အစိုးရကို ဦးဆောင် နေတဲ့ အရပ်သား ပညာတတ်တွေက -
- ရာထူး အာဏာ လုံးဝ မမက်ဘူး။

- မြေ မမက်ဘူး။

- ဒါတွေကို ဘယ်သူနဲ့မှ ပေါင်းမလုပ်ဘူး။

- ဘယ်က ငွေမှ မယူ၊ ဘယ်နိုင်ငံခြား ဘဏ်မှာမှ မအပ်နှံဘူး။

ကြံ့ဖွံ့ပါတီနဲ့ ကြံ့ဖွံ့အစိုးရကို ဦးဆောင်နေ ခဲ့တဲ့ ဗိုလ်ချုပ်၊ ဗိုလ်ချုပ်လူထွက်တွေက -

- တိုင်းသူပြည်သားတွေအပေါ် နည်းမျိုးစုံနဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တယ်။

- လူ့အခွင့်အရေး ချိုးဖောက်လို့ နိုင်ငံခြား ဘဏ်နဲ့ အစိုးရများက ရာနဲ့ချီတဲ့ ဗိုလ်ချုပ် တွေနဲ့ အစိုးရ အရာရှိတွေကို အရေးယူ ပိတ်ဆို့တာ ဖြစ်တယ်။

- အရေးယူ ပိတ်ဆို့မှု ပပျောက်အောင် နိုင် ငံခြား ကုမ္ပဏီတွေကို ဒေါ်လာ သိန်း သန်း အကုန်ခံ ငှားရမ်းပြီး လော်ဘီ (Lobby) လုပ်ခိုင်းတယ်။

- လော်ဘီလုပ်ဖို့ အစိုးရငွေကို သုံးတယ်။

- ဘာသာရေး၊ သာသနာရေး မှေးမှိန် ညှိုးနွမ်းအောင် လုပ်သူကို အရေးမယူတဲ့ အပြင် နောက်ကွယ်ကနေ အားပေး အား မြှောက် လုပ်တယ်။ အကာအကွယ် ပေး တယ်။

- နိုင်ငံရေးအတွက် ဘာသာရေးကို အသုံး ချတယ်။

- အမြင်ချင်း မတူတဲ့ သံဃာတော်များကို ဖမ်းဆီး တရားစွဲတယ်။

- သူတို့ မလိုတဲ့ သံဃာတော် တရားဟောရင် တရားပွဲ ပိတ်တယ်။ သူတို့ လိုတဲ့ သံဃာတော် တရားဟောရင် မသိဟန် ဆောင်နေတယ်။

- ကျောင်းကို သိမ်းချင်တော့ မဆီလျော်တဲ့ အကြောင်းပြချက် ပေးပြီး လက်နက်ကိုင် တွေနဲ့ ကျောင်းကို အဓမ္မ သိမ်း၊ ချိတ်ပိတ်၊ သံဃာတော်တွေကို ဖမ်း၊ လူဝတ်လဲ၊ ချုပ် ထားတယ်။

NLD ပါတီနဲ့ NLD အစိုးရကို ဦးဆောင် နေတဲ့ အရပ်သား ပညာတတ်တွေက -
- ဘယ်သူ့ကိုမှ လူ့အခွင့်အရေး မချိုး ဖောက်ဘူး။

- လူ့အခွင့်အရေး မချိုးဖောက်လို့ ဘယ် သူမှ ပိတ်ဆို့ အရေးယူခံရခြင်း မရှိဘူး။

- ဘယ်သူ့ကိုမှ မငှားဘူး၊ လော်ဘီလုပ်စရာ အကြောင်းမရှိဘူး၊ ပေးဖို့ ငွေလည်း မရှိ ဘူး။

- အစိုးရငွေကို တပြားမှ မသုံးဘူး။

- ဒီလို ဘာသာရေး အသုံးချတဲ့ အလုပ်မျိုးကို လုံးဝ မလုပ်ဘူး။

- ဒီလို နိုင်ငံရေးသိက္ခာကျမယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး။

- ဒီလို သံဃာချင်း စိတ်ဝမ်းကွဲစေတဲ့ ဘက် လိုက်မှုမျိုး မလုပ်ဘူး။

- ဒီလို သာသနာနဲ့ သံဃာတော်တွေကို စော်ကားပြီး ငရဲကျမယ့် အလုပ်မျိုး မလုပ် ဘူး။

ကြံ့ဖွံ့ပါတီနဲ့ ကြံ့ဖွံ့အစိုးရကို ဦးဆောင်နေ ခဲ့တဲ့ ဗိုလ်ချုပ်၊ ဗိုလ်ချုပ်လူထွက်တွေက -

- နိုင်ငံရေး၊ အုပ်ချုပ်ရေးမှာ စစ်တပ် ပါဝင် နေမှုကို လျော့ချမယ်လို့ ပြောကြပေမယ့် မလျော့ချတဲ့အပြင် ဗိုလ်ချုပ်တွေ ဌာနဆိုင် ရာတွေမှာ ထပ်တိုး ခန့်ထားတယ်။

- ပြည်တွင်း လုပ်ငန်းတွေမှာ အစုရှယ်ရာ မထည့်ဘဲ အကျိုးအမြတ်ရယူကြတယ်။

- တဦးတည်းက မြေဧက ဆယ်နဲ့ ရာနဲ့ ပိုင် ဆိုင်ထားကြတယ်။

- တဦး၊ တမိသားစုက လုပ်ငန်းကြီးပေါင်း များစွာ ရယူပိုင်ဆိုင်ထားကြတယ်။

- မိမိ မလိုလားသူကို အမုန်းပွားပြီး မဟုတ် မမှန် လုပ်ကြံပြီး ပြောဆိုစွပ်စွဲတယ်။

- မိမိ မလိုလားတဲ့ တိုင်းတပါးသားကို ကြမ်းတမ်းစွာ ဆဲဆို၊ ကြိမ်းမောင်း၊ ခိုင်း နှိုင်းပြီး ပြောသူကို အရေးမယူတဲ့အပြင် အကာအကွယ်ပေးတယ်။

NLD ပါတီနဲ့ NLD အစိုးရကို ဦးဆောင် နေတဲ့ အရပ်သား ပညာတတ်တွေက -
- ဒီလို ကတိမတည်တဲ့အလုပ် ရာသက်ပန် ရှောင်တယ်။

- ဒီလို ခေါင်းပုံဖြတ်တာမျိုး မလုပ်ဘူး။

- ဒီလောက် မြေပိုင်သူ တဦးမှ မရှိဘူး။

- ဒီလောက်များတဲ့ လုပ်ငန်းရှင် တဦးမှ မရှိ ဘူး။

- ဒီလို အောက်တမ်းကျတဲ့ ပြောဆိုမှုမျိုး မလုပ်ဘူး။

- ဒီလို နိုင်ငံနဲ့ လူမျိုး သိက္ခာကျအောင် ဘယ်တော့မှ မလုပ်ဘူး။

ကြံ့ဖွံ့ပါတီဝင်တွေနဲ့ ပုလင်းတူ ဗူးဆို့ ဗိုလ်ချုပ်တွေအကြောင်း ပြောရင် ကုန်မှာ မဟုတ် လို့ ခုလောက်နဲ့ပဲ ရပ်နားပါမယ်။ နောက်ကြုံမှ ထပ်ပြောပြပါမယ်။

ခုလောက်ဆို ဘယ်ပါတီကို မဲပေးထိုက်တယ်ဆိုတာ ဆုံးဖြတ်လို့ ရလောက်ပါပြီ။ ရွှေ ပြည်စိုးလို NLD ပါတီကိုသာ မဲပေးဖို့ တိုက်တွန်းလိုက်ရပါတယ်။

မျှဝေပေးပါ။

ရွှေပြည်စိုး