ရဲရင့်သက်ဇွဲ ● အိပ်မက်တယ်

ရဲရင့်သက်ဇွဲ ● အိပ်မက်တယ်
(မိုးမခ) သြဂတ်စ် ၂၉၊ ၂၀၁၇

နွေရာသီတဲ့
နေ့မရှိတဲ့ ညမရှိတဲ့
ဝင်ရိုးစွန်းနားကပ်နေတဲ့အရပ်
ငါ့အတွက်တော့ ပြဇာတ်ဆန်တယ် ….။

မိုးလင်းနေတာလား မိုးချုပ်နေတာလား
နေဝင်နေတာလား နေထွက်နေတာလား
မငြိမ်းသောအလင်းရောင်
ငါ့ကို … လှောင်ပြောင်နေကြတယ် …
တဝမ်းတခါး ကျောချစရာတနေရာ
ရေကြည်ရာ မြက်နုရာ ရှာ  ရှာ  ရှာ
ရေသာများပြီး ငါးမတွေ့  …..။

ခြေသလုံးအိမ်တိုင်ပဲဆိုဆို
ရေမျောကမ်းတင်ပဲပြောပြော
ကမ္ဘာတလွှား ဘယ်နေရာပဲသွားသွား
ဘယ်နေရာပဲ နားနား
နေ့ နေ့ ည ည ဧရာဝတီကို အိပ်မက်တယ်
လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်းကို အိပ်မက်တယ်
မျှော်လင့်ချင်းများစွာနဲ့ စောင့်မျှော်နေတဲ့ အမေ့ကို အိပ်မက်တယ်

တနေ့  …..
တဦးနဲ့တဦး  ဟစ်အော် နှုတ်ဆက်
ပွေ့ဖက်ကြည်နူး မျက်ရည်လူးတဲ့မြင်ကွင်း
ငါတို့အားလုံးရဲ့ အိမ်ပြန်ချင်တဲ့ချဉ်ချင်း တနေ့ 
အဲဒီတနေ့ကို အိပ်မက်တယ် …။

ရဲရင့်သက်ဇွဲ

Comments