သင်းရည်လွင် ● ဆုတောင်းမှားတဲ့ ဘဲငန်း

သင်းရည်လွင် ● ဆုတောင်းမှားတဲ့ ဘဲငန်း
(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၇

ပင်လယ်ဆိုတာ ရေရှိတယ်တွေးစရာလား
မသိယောင်ဆောင် ရေစီးထဲ
ပညာရှိသော ဦးထုတ်များ။

ဆားငန်ရေမှာ ပျော်ပျော်ရွက်လွှင့်
အကြံ ကုန်ရင် ရှင်ဘုရင်ဆားချက်တတ်ကြောင်း
သင်ခန်းစာအသစ်တွေပါ
ကျောက်စာရေးထွင်းခဲ့ပြီ။

မျက်စိလည်တဲ့ဘဲငန်း
နတ်စင်တခုရှေ့ အစာတောင်းသလိုပါပဲ
မိုးပေါ်က မိုးကြိုးတွေပဲ ကျလာတယ်။

လျှို့ဝှက်ချက်ဟာ
ကိုယ်တိုင်ရှာဖွေရမယ်ဆိုတာမဟုတ်လား။
အက္ခရာအလွဲတွေမှာ
သက်ဝင်ယုံကြည့်လို့
တသက်စာအလွဲတွေနဲ့
ခုတော့ အစာငတ်လို့သေသွားတဲ့
ဘဲငန်းခမျာ ပင်လယ်မှာ နစ်ရှာတယ်။ ။

Comments