မြင့်အောင်သန့် ● မြစ်တို့ကောက်ကွေ့ပါစေ

 မြင့်အောင်သန့် ● မြစ်တို့ကောက်ကွေ့ပါစေ
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၇

ကိုယ့်အကြောင်းပြန်ပြောင်းပြောရ
အောင်လည်း '(၈၈) ကိုချစ်တယ်' ကလွဲပြီး
ဘာမျှဖွယ်ဖွယ်ရာရာမရှိ။

တဒင်္ဂတွေနဲ့ နေသားမကျခဲ့တော့
ဘဝဟာ ထင်တာထက်ပိုပြီး
ရှည်လျားသွားတယ်။

တောင်တက်သမားရဲ့
ခြေထောက်မျိုး မပိုင်ဆိုင်တော့ပေမယ့်
လှမ်းနေဆဲပါ။

မည်သို့ပင်ဆိုစေ
အာလယမပြတ်သရွေ့
ကျွမ်းနေဦးမည် တမြည့်မြည့်
မြစ်တို့ကောက်ကွေ့ပါစေ။

Comments