ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) - သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ



ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) - သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 
မိုးမခစာပေက ထွက်ပါပြီ။ WE Distribution မှာ မေးဝယ်ပါ။
(မိုးမခ) ဒီဇင်ဘာ ၃၀၊ ၂၀၁၇

စာအုပ်တန်ဖိုး + ပို့ခ = ၄၀၀၀ ကျပ်

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) ရေးသားသော သင်္ချာအတွေးအခေါ်သမိုင်း ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ စာအုပ်ကို WE Distribution ကနေ မှာယူရရှိနိုင်ပြီ ဖြစ်ပါတယ်။


သင်္ချာလို့ ပြောလိုက်တာနဲ့ ကိန်းဂဏန်းတွေ ပေါင်း၊ နှုတ်၊ မြှောက်၊ စား သင်္ကေတတွေ၊ သီအိုရီတွေ၊ ပုံသေနည်းတွေ၊ သက်သေပြချက်တွေကို ပြေးမြင်မိကြမှာပါ။ ဒီစာအုပ်ဟာ အဲ့ဒီလို ယေဘူယျအမြင်တွေကို ဖယ်ရှားပြီး သင်္ချာဆိုတာ အတွေးအခေါ်နည်းပညာစနစ်တစ်ခု ဖြစ်တဲ့အကြောင်း ဖော်ပြထားတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ သင်္ချာ အတွေးအခေါ် သမိုင်းတွေအပြင် သင်္ချာပညာနဲ့ ပတ်သက်ပြီး ကိုယ်တိုင် တွေ့ကြုံရတဲ့အဖြစ်အပျက်တွေ၊ အတွေ့အကြုံတွေ၊ နေ့စဉ် အသုံးပြုနေသော A4 စက္ကူ၊ ဗေဒင်ပညာတို့မှစပြီး သိပ္ပံပညာ နှင့် ဒဿန ပညာရှင်တို့ရဲ့ ရှာဖွေပုံ၊ ဂိမ်းသီအိုရီ၊ အစုသီအိုရီ၊ ဂဏန်းမဲ့သင်္ချာ၊ သုညအကြောင်း၊ အဓိပ္ပာယ်သတ်မှတ်ချက် စတာတွေကို ရေးသားထားတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ သင်္ချာဆောင်းပါးတွေ ဖြစ်ပေမယ့် အခြေခံသင်္ချာ ထိတွေ့ဖူးသူတိုင်း ဖတ်ရနားလည်စေမယ့်ဆောင်းပါးတွေပဲ ဖြစ်ပါတယ်။

စာအုပ်ကိုတော့ မိုးမခ စာပေကနေ ထုတ်ဝေတာဖြစ်ပြီး စာအုပ်တန်ဖိုးကတော့ ၃၀၀၀ ကျပ် ဖြစ်ပါတယ်။ WE Distribution ကနေ အိမ်တိုင်ရာရောက် မှာယူမယ်ဆိုရင်တော့ စာအုပ်တန်ဖိုး + ပို့ခ = ၄၀၀၀ ကျပ်ဖြင့် မြန်မာတစ်ပြည်လုံးကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသွားမှာပဲ ဖြစ်ပါတယ်။ မှာယူလိုပါက အမည်၊ လိပ်စာအပြည့်အစုံ၊ ဖုန်းနံပတ်တို့ကို WE Distribution သို့ မက်ဆေ့ပေးပို့၍ဖြစ်စေ၊ ဖုန်းနံပတ် 09250091913 သို့ ဖုန်းဆက်သွယ်၍ဖြစ်စေ မှာယူရရှိနိုင်ပါတယ်။

Comments