ကိုသန်းလွင် ● ရေနံဈေး

ကိုသန်းလွင် ● ရေနံဈေး
(မိုးမခ) ဇန်နဝါရီ ၃၁၊ ၂ဝ၁၈

(၁)
အီရန်နိုင်ငံနှင့် ဆက်ဆံရေးတင်းမာမှု၊ အမေရိကန်နိုင်ငံမှ အအေးပိုသော ရာသီဥတု၊ တစ်နှစ်စာအတွက်ရေင်္န ထုတ်လုပ်ရေး လျှော့ချမှု စသည်ဖြင့် ရေနံဈေးတက်စရာအကြောင်းများမှာ များပြားလှပါသည်။ (Brent Crude) သည် ယမန်နှစ် ဂျွန်လမှ စတင်၍ ၅ဝ ရာခိုင်နှုန်းမျှ ဈေးတက်ခဲ့ပြီးဖြစ်သည်။ ဘရင့်ခရုဒ်ဆိုသည်မှာ အင်္ဂလိပ်ကျွန်းဆွယ် အနီးမြောက်ပိုင်း ပင်လယ် (Norse Sea) မှ ထွက်သောပေါ့ပါးသော (Light density) နှင့် (Sweet) ဆာလဖာပါဝင်မှုနည်းပါးသောဆီကို ဆိုသည်။ လွန်ခဲ့သောရက်အနည်းငယ်က အမေရိကန်ဒေါ်လာ ၇ဝ အမှတ်ကို ခဏကလေးကျော်ခဲ့သည်မှာ နှစ်ကြိမ်မျှ ရှိသွားပြီဖြစ် သည်။ ၂ဝ၁၄ ဒီဇင်ဘာလမှစတင်၍ ၇ဝ မှတ်သို့ရောက်ခဲ့သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ကာလတာရှည် ရေနံဈေးကျမှုကြောင့် သိုလှောင်ထားခဲ့သော ရေနံပမာဏမှာ လျော့နည်းခဲ့ပြီး၊ ဖွံ့ဖြိုးတိုးတက်လာသော တကမ္ဘာလုံးစီးပွားရေးက တောင်းဆိုသဖြင့် ဈေးမှာမတည်ငြိမ်၊ ရေနံနှင့်ပတ်သက်ပြီး နိမိတ်ဖတ်သူများက ရေနံဈေးသည် တဖြည်းဖြည်း တက်လာရမည်ဟု ဆိုနေကြသည်။

(၂)
လွန်ခဲ့သောနှစ်ကတည်းက ဈေးကွက်သည် ပုံစံတစ်မျိုးဖြစ်လာခဲ့သည်။ ဆော်ဒီအာရေးဗီးယားနှင့် ရုရှားနိုင်ငံတို့၏ သဘော တူညီချက်အရ ရေနံထုတ်လုပ်မှုကို ကန့်သတ်သည့် သဘောတူညီမှု စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။ ၎င်းတို့သည် ကမ္ဘာ့ရေနံ အထွက် အများဆုံးသုံးနိုင်ငံတွင် အပါအဝင်ဖြစ်သည်။ နိုဝင်ဘာလကချုပ်ဆိုခဲ့သော စာချုပ်အရ တကမ္ဘာလုံးတွင် ရေနံ အသုံးမှာ စည် (၁) သန်းကျော်ကို လျော့နည်းသွားပြီးဖြစ်သည်။ တကြိမ်တည်းမှာပင် ဆီနှင့် ဆီထွက်ပစ္စည်းများသည် တကမ္ဘာလုံးက အသုံးလိုအပ်သည်လည်းဖြစ်သည်။ ထို့ကြောင့် တချိန်က သိုလှောင်ကန်များ၊ ဆိပ်ကမ်းရှိကပ်ထားသော သင်္ဘောများတွင် ခိုအောင်းထားခဲ့သောဆီများမှ တဖြည်းဖြည်း လျော့ပါးကုန်သည်။

ဆီကိုကိုင်ထားသော ကြီးမားသည့်နိုင်ငံများက ကြားခံမပေးနိုင်လျင် ဆီနှင့်ပတ်သက်သော ဆပ်ပလိုင်းတွင် ခါးပြတ်ခြင်း အပါအဝင် ကြီးမားသော အကျိုးသက်ရောက်မှုများ ဖြစ်စေနိုင်သည်။ ဥပမာအားဖြင့် ဗြိတိသျှ ပိုက်လိုင်းစနစ် တွင်လွန်ခဲ့သော ဒီဇင်ဘာလက ပိုက်လိုင်းတွင် အက်ကြောင်းရာများပေါ်လာသဖြင့်ပိတ်လိုက် ရသည်။ ထိုဖြစ်ရပ်ကြောင့် North Sea တွင် တနေ့လျင် ဆီ (၉) သန်းခန့် လျော့သွားခဲ့သည်။ ပိုက်လိုင်းပိုင်ရှင် (Ineos) က ပိုက်လိုင်းပိတ်ရသည်နှင့် ဈေးကို မြှင့်တင် လိုက်သည်။ အမေရိကန်ပြည်တွင် ရာသီဥတုအေးသောကြောင့် ဆီကို အိမ်များကိုအပူပေးရာတွင် သုံးသည်။

သို့သော် ယခုအခါ တခြားပြဿနာတခုက တပူပေါ်နှစ်ပူဆင့် ဖြစ်လာသည်။ ထရန့်အစိုးရက အီရန်အစိုးရ အပေါ်ပိတ်ဆို့မှုများ (Saction) မလုပ်ရန် ဆုံးဖြတ်လိုက်သည်။ မကြာသေးမီက အီရန်နိုင်ငံမှ ဆန္ဒပြသူများအပေါ် အပြင်းအထန်နှိမ်နှင်းခြင်းနှင့် ဆီးရီးယားနှင့် ရီမင်နိုင်ငံရှိသူပုန်များကို အားပေးနေမှုတို့ကြောင့် ဝါရှင်တန်၏ ပိုမိုပြတ်သားသောပိတ်ဆို့မှုကို မြင်ရဘွယ် ရှိနေသည်။ အကျိုးဆက်အဖြစ် အီရန်တို့၏ ဆီကို ဈေးကွက်အတွင်းသို့ အရောက်ပို့ရန်အတွက် အခက်အခဲတွေရှိသည်။

ယခုချိန်အထိ အီရန်နိုင်ငံမှ ရေနံစီးဆင်းလာမှုကို အနှောင့်အယှက် မဖြစ်သေးပေ။ သို့သော် ဈေးကွက်ကို စောင့် ကြည့်သူ များက ဆန္ဒပြမှုများကို တတိတ်ထိတ်ဖြင့် စောင့်ကြည့်နေကြသည်။

နိုင်ငံရေး မငြိမ်သက်မှုများကလည်း ရေနံဈေးကို မြှင့်တင်လျက်ရှိကြသည်။ အီရတ်မှ ခေါင်းဆောင်များကအီရတ် မြောက်ပိုင်း ကဒ် လူမျိုးတို့နှင့် အဆင်မပြေမှုက ရေနံထုတ်လုပ်ရေးကို ထိခိုက်နေသည်။ အီရတ်ရေနံထွက်ရာ ဒေသအများစုမှာ ကဒ် လူမျိုးတို့၏ ထိမ်းချုပ်မှုအောက်တွင်ရှိသည်။ ဗင်နီဇွဲလားမှ ရေနံထုတ်လုပ်ရေးလုပ်ငန်းကြီးတခုလုံး ပြိုကွဲတော့မည့် အခြေ အနေရှိသည်။ အီရတ်မှထုတ်လုပ်ရေးမှာ ၄ ဒဿမ ၅ သန်းမျှ ရှိသည်။ ဗင်နီဇွဲလားမှ ၁ ဒဿမ ၈ သန်း ရှိသည်။ ထိုထုတ် လုပ်မှုများကို ထိခိုက်ခြင်းသည် တကမ္ဘာလုံး ဆီထုတ်လုပ်ခြင်းကို ထိခိုက်သည်။

ဆီဈေးမြင့်တက်ခြင်းကြောင့် ဆီနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုကိုတိုးပွားစေသည်။ ထိုအခါ ဆီကိုပို၍ထုတ်လုပ်ရန် အားများ ဖြစ်ပေါ်လာသည်။ ဤနေရာတွင် အမေရိကားမှ ကုမ္ပဏီအငယ်ကလေးများ၏တုတ်လုပ်မှုက အရေးပါလာကြသည်။ တက် ဆပ် ပြည်နယ်နှင့် တခြားနေရာများမှ ရေနံတူးသူ (Driller)  များသည် ရေနံကိုပြည့်မှီအောင် ထုတ်လုပ်နိုင်ပါမည်လားဟု သံသယရှိကြသည်။ “သစ်ပင်တွေဟာ လေထဲမှာပေါက်ကြတာမဟုတ်ဘူး၊ ရေနံဆိုတာလဲ ရှိမှသာတူးလို့ရမှာ” ထုတ်လုပ်မှု တွင် Natural Limit ရှိသည်။ ထိုအကန့်အသတ်ကိုကျော်၍ ရေနံထုတ်လုပ်ရန်မဖြစ်နိုင်ဟု ဆိုလိုသည်။

သို့သော် (Swing Producer) ဟုခေါ်သော အဆိုပါရေနံထုတ်လုပ်သူများ၏ အခန်းကဏ္ဍသည် လွန်ခဲ့သောကာလက ရေနံ အရေးပေါ်ကြုံရသည့်အခါများတွင် အရေးကြီးလေ့ရှိသည်။ ဒီဇင်ဘာလကထွက်လာသော ရီပို့တခုတွင် ၂ဝ၁၈ အလယ်ပိုင်း အထိ လိုအပ်သောဆီကိုထိုထုတ်လုပ်သူများက ရှာဖွေပေးပါလိမ့်မည်ဟု ဆိုသည်။

မည်သို့ဖြစ်စေ ရေနံဈေးကွက်တခုလုံးသည် ၂ဝ၁၄ ခုနှစ်ကကြုံခဲ့ရသောဒဏ်ကို မမေ့နိုင်ကြသေးပေ။ ထိုနှစ်က ရေနံဈေးနှုန်း သည် တစည်လျှင် အမေရိကန်ဒေါ်လာ ၃ဝ အထိ ဈေးကျဆင်းခဲ့သည်။

အထူးသဖြင့် ယခုအခါရေနံတင်ပို့သောနိုင်ငံများသည် အဖွဲ့ဝင်မဟုတ်သည့် ရုရှားနှင့် ပိုမိုရင်းနှီးစွာ ဆက်ဆံလျှက်ရှိသည်။ အဖွဲ့ဝင်ဖြစ်ပြီး ဆွေးနွေးရန် ခက်ခဲသော အီရန်၊ နိုက်ဂျီရီးယား၊ ဗင်နီဇွဲလား နိုင်ငံတို့လို ချန်လှပ်ထားခဲ့ကြသည်။

ရေနံထုတ်လုပ်သော ကုမ္ပဏီများအနေဖြင့် အပြင်းအထန် ပုံစံပြောင်းလဲနေရသည်။ အသုံးစရိတ်များလျှော့ချရပြီး မိမိကုမ္ပဏီ အတွက် အမြတ်ထွက်နိုင်မည့် နေရာများကိုသာ အားကြိုးမာန်တက် အလုပ်လုပ်လျှက်ရှိကြသည်။ ဝန်ထမ်းအင်အားကို အများကြီးလျှော့ချနေရပြီး သူတို့၏ရေနံရှာဖွေရေးဆိုင်ရာ လုပ်ငန်းများကို တတ်နိုင်သမျှ လူနဲနဲနှင့်ဖြစ်နိုင်ရန် စဉ်းစားရှာဖွေ အလုပ်လုပ်နေကြသည်။ ဈေးတက်သောကာလပင်ဖြစ်စေကာမှု အရင်းအနှီးနည်းနည်းဖြင့် အော်ပရေးရှင်းဖြစ်အောင် လုပ် ခြင်းက ရေနံကုမ္ပဏီများသာမဟုတ် ကုမ္ပဏီမှန်သမျှ လိုက်နာရမည့် အခြေခံမူဝါဒပင်ဖြစ်တော့သည်။

ကိုသန်းလွင်

Ref: Oil price briefly Reaches $ 70 as Buoyant Global Economy Bolsters demand.
By Stanley Reed New York Times 16 January 2018.

Comments