သားဦး- နိဗ္ဗာန်က အပြန်

KT#
နိဗ္ဗာန်ကအပြန်
သားဦး
(မိုးမခ) ဇန်နဝါရီ ၃၁၊ ၂၀၁၈

ငါးတွေကိုသာ ခြေထောက်တပ်ပေးလိုက်
သူတို့လည်းကုန်းပေါ်တက် လက်နက်တပ်ဆင်ကြလိမ့်မယ်
ဝါးပင်ဟာ ဝလုံးကလေးထဲကထွက်လာပြီး
ဝရံတာကနေရပ်ကြည့် ငေးနေတယ်
အသားအရောင်တွေကသာ ငါတို့အမြင်တွေကိုခွဲခြားသွားတာပါ
စာရွက်ကိုကြည့်လည်း အဝိုင်းကတဝဲလည်လည် တကယ့်သံသရာထဲရောက်နေပြီဆိုတာကိုလည်း
မမေ့ပါနဲ့
မမေ့ပါနဲ့
တကယ့်ငြိမ်းချမ်းရေးအစစ်က
ကျည်ဆံရဲ့ အံသွားထဲမှာပါ

သားဦး
၂၄ ၁၁ ၂၀၁၇

Comments