ညနှုတ်ခမ်းဖျားပေါ်က ကွဲအက်နေသောလူများ
ဝါကျဖြူ
(မိုးမခ) ဇွန် ၂၉၊ ၂၀၁၈
မှောင်နေတဲ့ မိုးသားတွေထဲမှာ
ငိုနေတဲ့ အဆောက်အဦးတွေရှိတယ် ။
အိမ်တိုင်းမီးလင်းဖို ဖိုပြီး ငူငူကြီးထိုင်နေတဲ့ မိန်းမတွေ
တယောက်စီ ရှိတယ် ။
သန်းခေါင်ယံမှာ လန့်လန့်နိုးလာတတ်တဲ့ တယ်လီဖုန်းမြည်သံတွေထဲမှာ
မီးကျွမ်းနေတဲ့ ဝိညာဉ်တွေ တဖျပ်ဖျပ်နဲ့ ဦးခေါင်းကို အဝတ်စွတ်ပြီး ပျံသန်းနေကြ ။
အိမ်မိုးသွပ်ပြားတွေပေါ်က ခြေနင်းသံတွေကို
ကြောင်တွေက တီဗွီနဲ့ သီတင်းစာခေါင်းကြီးပိုင်းထဲထည့်ပြီး
လေထဲကို မြူတွေလိုလွှင့်ချလိုက်တာ ။

Comments