မောင်မိုးသူ - စာပေ ဖြတ်သန်းမှု (၁)


မောင်မိုးသူ - စာပေ ဖြတ်သန်းမှု (၁)

(ကုမုဒြာ အွန်လိုင်း၊ ရန်ကုန်) မိုးမခ၊ ဇွန် ၃၀၊ ၂၀၁၈

အသက် ၈၁ နှစ်ပြည့်တဲ့နေ့မှာ မိတ်ဆွေများကို မောင်မိုးသူက သူ့ဘဝ ဖြတ် သန်းမှုလေးခုကို ဖော်ပြတဲ့ စာတမ်းလေး တစ်စောင် ဝေငှခဲ့ပါတယ်။

အဲသည် ဖြတ် သန်းမှုတွေကတော့ (၁) စာပေဖြတ်သန်းမှု၊ (၂) ရုပ်ရှင်ဖြတ်သန်းမှု၊ (၃) ပန်းချီဖြတ်သန်းမှု၊ (၄) နိုင်ငံရေးဖြတ်သန်းမှုလေးခုကို စာ တမ်းထဲမှာ ဖော်ပြခဲ့ပါတယ်။ အဲသည်ထဲ က စာပေဖြတ်သန်းမှုကို မော်ဒန်ဂျာနယ် မှာ ရေးသားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မောင်မိုးသူရဲ့ဘဝမှာ အရေးအကြီး ဆုံး စွဲစွဲမြဲမြဲ တစ်သက်လုံးလုပ်ဆောင်လာ ခဲ့တာ ကတော့ စာပေအလုပ်ပဲ ဖြစ်ပါ တယ်။

မော် ဒန်ဂျာနယ်မှာ မောင်မိုးသူကိုယ်တိုင် ဝီလျံနဲ့ အတူ မှတ်ပုံတင်များ ရှားပါးစဉ်က မော်ဒန်ဂျာနယ်ကို ငှားရမ်း ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယခုအထိလည်း မောင်မိုးသူ ဆောင်းပါး များ ဆက်ရေးနေရ တာဖြစ်လေတော့ စာပေဖြတ်သန်းမှုကို မော်ဒန်ဂျာနယ်မှာ ရေးဖို့ ဆုံးဖြတ်လိုက်ပါ တယ်။

မောင်မိုးသူရဲ့ စာပေခရီးကို ပြန်လည် စဉ်းစားလိုက်တဲ့အခါ ၅၆ တက္ကသိုလ် မရောက်ခင်ကပဲ ဗဟိုစည်၊ မြန်မာ့လမ်းစဉ် သတင်းစာတွေမှာ မောင်သက်ဦးအမည်နဲ့ ကဗျာတွေ ရေးနေပါပြီ။ အဲသည်နှစ် ၁၀ တန်း မဖြေဆိုမီ သူငယ်ချင်းရဲ့အစ်မတို့ က∑န်ဗင့်ကျောင်းသူသုံးယောက်ကို မောင် မိုးသူက ညနေ ညနေ သင်္ချာပြပေးရပါ တယ်။ အဲသည်အချိန်က သင်္ချာကျူရှင် များလည်း မပေါ်သေးတော့ မောင်မိုးသူ ခေါ် မောင်စိန်မြင့်က သင်္ချာမှာ တော်သူ တစ်ဦးဖြစ်လို့ သူငယ်ချင်းဖြစ်သူကတစ် ဆင့် သူ့အစ်မနဲ့တကွ က∑န်ဗင့်ကျောင်းသူ နှစ်ယောက်ကို သင်္ချာပြပေးရပါတယ်။ သုံးယောက်စလုံး ၁၀ တန်းမှာ သင်္ချာ အောင် မြင်ကြပါတယ်။ ၅၆ တက္ကသိုလ်ရောက်တဲ့ အခါကျတော့ ၁၀ တန်းစာမေးပ∑ဲမတိုင်မီ သင်္ချာပြပေးခဲ့တဲ့ ကျောင်းသူသုံးယောက် ဂျူဒီ၊ လူစီ၊ ပင်စီတို့အနက် ပင်စီက ယုဝတီ ကလောင်ရှင် ပင်းယမွှေးဆိုပြီး ယုဝတီမှာ စာတွေရေးနေပါတယ်။

၅၆ မန္တလေးတက္ကသိုလ် မောင်စိန်မြင့် ရောက်သွားတဲ့နှစ်မှာပင် မန်းတက္ကသိုလ် ကလောင်ရှင်အသင်း စတင်ဖွဲ့စည်းပါတယ်။ ဥက္ကဋ္ဌက တက္ကသိုလ်နွယ်ထွန်း၊ အတွင်း ရေးမှူးက တက္ကသိုလ်ဝင်း ဖြစ်ပါတယ်။ အ တွင်းရေးမှူး တက္ကသိုလ်ဝင်းက ယုဝတီ ကလောင်ရှင် ပင်းယမွှေးကို မန်းတက္ကသိုလ် ကလောင်ရှင်အသင်းထဲမှာ ပါစေချင်လို့ ဖိတ်ခေါ်တော့ ပင်စီ ခေါ် မွှေးက မောင်စိန် မြင့်ကို အဖော်အဖြစ် ခေါ်သွားပါတယ်။ ပြီးတော့ မောင်စိန်မြင့်ဟာ မောင်သက်ဦး ဆိုတဲ့ ကလောင်အမည်နဲ့ ကဗျာတွေ ရေးနေပြီဖြစ်ကြောင်း ပြောပြရာမှ တက္ကသိုလ် ဝင်းက ချက်ချင်းပဲ ပင်းယမွှေးနဲ့ မောင် သက်ဦးတို့ကို မန်းတက္ကသိုလ်ကလောင် ရှင်အသင်းရဲ့ အမှုဆောင်အဖြစ် တန်းခန့် အပ်ပါတော့တယ်။

အဲသည်ခေတ် မန်းတက္ကသိုလ်မှာ နံရံ ကပ်စာစောင်များ ရှိပါတယ်။ ပန်းချီပုံတွေဆွဲ၊ ဝတ္ထု၊ ကဗျာတွေ ထည့်ပြီးတော့ မိန်း ဟောရဲ့ ကော်ရစ်တာတွေမှာ မှန်ဘောင် သွင်းပြီး တော့ ချိတ်ဆွဲပြကြပါတယ်။ စိန် ပီတာနဲ့ ကွန်ဗင့်ကျောင်းသူကျောင်းသား ဟောင်း များအသင်းမှာလည်း ဘိုကျောင်း ထွက်များဆိုပြီး ဘာ့ကြောင့် ရတီမှန်ဆို တဲ့ နာမည်နဲ့ နံရံကပ်စာစောင် မှန်ဘောင် တစ်ခု ရှိပါတယ်။ စိန်ပီတာနဲ့ ကွန်ဗင့်မှာ စာရေး ဆရာ၊ ကဗျာဆရာဆိုပြီး ပင်းယ မွှေးနဲ့ မောင်သက်ဦးတို့က ရှိနေတော့ တခြားနံရံ ကပ်စာစောင်တွေလို စာမူ စုံစုံလင်လင်များများ စားစား မပါဝင်နိုင်ဘဲ ပင်းယမွှေးဝတ္ထု၊ မောင်သက်ဦးရဲ့ ကဗျာပဲ ဖော်ပြခဲ့ကြပါ တယ်။ မောင်သက်ဦးရဲ့ စာပေခရီးဟာ တေ့ တေ့ဆိုင်ဆိုင် မန်း တက္ကသိုလ် ကလောင် ရှင်အသင်းမှ စတင် တယ်လို့ဆိုရမှာ ဖြစ်ပါ တယ်။

တက္ကသိုလ် ဝင်းနဲ့ပေါင်းပြီး ဈေးချို မွေ့ရာတန်းက စန်းသော်တာ စာအုပ်ဆိုင် မှာ စာပေသ မားတွေ စုစည်းရာမှာလည်း မောင်သက်ဦး ပါခဲ့တယ်။ တက္ကသိုလ်ဝင်း၊ ဂုဏဝတီ ကိုခင်မောင်တို့ထုတ်ဝေတဲ့ တစ် ကျပ်တန် အရုဏ်မဂ္ဂဇင်းမှာလည်း ကဗျာ တွေရေး၊ စာတွေရေးပေါ့။ တခြားတခြား မန္တလေး ထုတ်စာစောင်လေးတွေမှာလည်း ရေး ဖြစ်ပါတယ်။ မန်းတက္ကသိုလ်ကလောင်ရှင် အသင်း စတင်ဖွဲ့စည်းတော့ ဇော်မြင့် (ဇော်ဇော်အောင်) က ဇော်သလ္လာအမည်နဲ့ ကဗျာတွေ ရေးပါတယ်။ ကြည်လင်တို့၊ မောင်ဝင်းဖေတို့ ကဗျာတွေရေးဖို့ ကြိုးစား နေကြပါတယ်။ ကြည်အောင်တို့၊ မောင်စွမ်းရည်တို့ ကလောင်တွေ မယူကြရသေး ပါဘူး။ ၅၇ ကျတော့ မြန်မာစာဂုဏ်ထူးရ တဲ့ မောင်သိန်းနိုင်နဲ့ မောင်ဘဂျမ်းတို့ တက္က သိုလ် ရောက်ရှိလာတဲ့အတွက် မန်းတက္က သိုလ် ကလောင်ရှင်အသင်းရဲ့  အင်အား ဟာ အများကြီးတောင့်တင်းသွားပါတော့ တယ်။

မောင်စိန်မြင့် ခေါ် မောင်သက်ဦးရဲ့ ပထမဆုံး အယ်ဒီတာလုပ်ဖူးတဲ့ မဂ္ဂ ဇင်းက တော့ တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းပဲ ဖြစ်ပါ တယ်။

တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းကို ပွဲကုန်း အရပ်မှာရှိတဲ့ တက်နေဝန်းပုံနှိပ်တိုက်ပိုင် ရှင် ဦးလေးဒေးက ဆရာမောင်သာနိုး တို့ ၊ ဆရာမောင်သက်ဦးတို့ရဲ့ နှစ်လည် မဂ္ဂဇင်းတွေ သူ့ရဲ့ပုံနှိပ်တိုက်မှာ ရိုက်ဖို့ ဖိတ်မန္တက ပြုပါတယ်။ ခဲစာလုံးအသစ် များလည်း ဝယ်ပေးပါ့မယ်၊ ဖိုမင်များ လည်း ခန့်အပ်ပြီးတော့ မဂ္ဂဇင်း စိတ် ကြိုက် လုပ်ဆောင်ပေးပါ့ မယ်ဆိုတာနဲ့ နှစ်လည်မဂ္ဂဇင်းကို ဦးလေး ဒွေးရဲ့ ပုံနှိပ် တိုက်မှာ ရိုက်ဖြစ်ပါတယ်။ တက်နေဝန်း ပုံနှိပ်တိုက်က ပွဲကုန်းမှာရှိတော့ မောင် သက်ဦးရဲ့ အိမ်ကလည်း ဥယျာဉ်တန်းမှာ ဖြစ်နေတော့ နီးနီးလေးပါ။ မဂ္ဂဇင်းတစ်ခု လုံး မောင်သက်ဦး က အစအဆုံး လုပ် ရင်းကိုင်ရင်း မဂ္ဂဇင်း လုပ်တတ်ကိုင်တတ် ဖြစ်လာပါတော့တယ်။

အဲသည် ၅၈ တက္ကသိုလ် နှစ်လည် မဂ္ဂဇင်းမှာပဲ မောင်သက်ဦးရဲ့ ' ည˘ဝတ္ထု ပါဝင်တာ ဖြစ်ပါတယ်။ နောင် ၄င်း “ည” ဝတ္ထုကို တစ် ကျပ်တန် လုံးချင်းအဖြစ် ထုတ်ဝေတော့ ကလောင်အမည်က မောင်မိုးသူ ဖြစ်သွား ပါတယ်။
၁၉၅၈ မှာပဲ မောင်မိုးသူ မအမာနဲ့ အိမ်ထောင်ကျပါတယ်။ မောင်သက်ဦး - မအမာ တို့ရဲ့ မင်္ဂလာပွဲမှာ လူထုဦးလှ၊ ဆရာဦး ကြည် မြ၊ ဆရာမြကေတုတို့က မင်္ဂလာစကား ပြောကြားပေးပါတယ်။

၁၉၅၈ မှာပဲ ဝန်ကြီးချုပ် ဦးနုက ဗိုလ် နေဝင်းကို အိမ်စောင့်အစိုးရအဖြစ် လွှဲအပ် တာဝန်ပေးပါတယ်။ အဲဒါကို မကျေနပ်တဲ့ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ က မန္တလေး ဈေးချိုတော် အလယ်ပေါက် မှာ အစာငတ်ခံ ဆန္ဒပြကြပါတယ်။ အိမ် စောင့်အစိုးရက မျက်စိစပါးမွေးစူးပြီး ကျောင်းသားသမဂ္ဂတစ်ဖွဲ့လုံးကို ဖမ်းဆီး ထိန်းသိမ်းပါတယ်။ တွဲဖက်အတွင်းရေးမှူး မောင်စွမ်းရည်တစ်ယောက်သာ ကျန်ခဲ့ပြီး နောင်နှစ် ကျောင်းသားသမဂ္ဂကို တာဝန်ခံ ပြီး ဖွဲ့စည်းပေးရပါတယ်။

အဖမ်းခံရတဲ့ ကျောင်းသား ခေါင်း ဆောင်အများစုကို ထောင်ထဲပို့ပေမဲ့ မောင် စိန်မြင့် ခေါ် မောင်သက်ဦးကို ပထမမင်္ဂလာ ဥယျာဉ်အချုပ်ခန်း၊ နောက် မြို့မ အချုပ် ခန်း၊ နောက်ဆုံး စိန်ပန်းအချုပ်ခန်းကို ပို့ ဆောင်ပါတယ်။

စိန်ပန်းအချုပ်ခန်းမှာ အ ချုပ်သားဆိုလို့ မောင်သက်ဦးတစ်ယောက် သာ ရှိတဲ့အတွက် မောင်သက်ဦးက ညည သာ အချုပ်ခန်းထဲကို ဝင်အိပ်ရသူဖြစ်ပြီး တစ်နေကုန် အပြင်ထွက်၊ရဲစာရေးစားပ∑ဲမှာ ထိုင် ရဲမှတ်တမ်းတွေရေး၊ ရဲသားလေးတေ∑ စုပြီး ဘော်လီဘောအသင်းထောင်၊ အနီး အနားက ရေတပ်ဘော်လီဘောအသင်းနဲ့ ချိန်းပြီးတော့ တစ်နေ့လုံး ဘော်လီဘော ကစားကြပါတယ်။
စိန်ပန်းအချုပ်ခန်းဟာ မောင်မိုးသူ ဥယျာဉ်တန်းအိမ်နဲ့ နီးလေတော့ ဇနီးသည် မအမာက စက်ဘီးနဲ့ အမြဲရောက်လာလေ့ ရှိပါတယ်။

မောင်မိုးသူဟာ လွတ်လပ်တဲ့အကျဉ်း သားဖြစ်တဲ့အပြင် အဲသည်ခေတ်က ပုဒ်မ ၅ အကျဉ်းသားဆိုတာ အစားအသောက်မှအစ အထူးအခွင့်အရေးတွေ ရကြပါတယ်။ ထောင်ထဲမှာ အသားက ဘယ်နှကီလို ၊ ပေါင်မုန့်တို့၊ ထောပတ်တို့ တောင် ရဆိုပဲ ။ မောင်မိုးသူကတော့ ရဲ စာရေးအိမ်မှာ ချက်ကျွေးတာကို စားရပါ တယ်။

အဲသည်အချိန်မှာ အင်မတန်လွတ်လပ်တဲ့အတွက် စာတွေအများကြီး ပြင်ပ သတင်းစာ၊ စာစောင်လေးတွေမှာ ရေးဖြစ် ပါတယ်။ ဒါပေမဲ့ ကျောင်းသား ခေါင်း ဆောင် မောင်စိန်မြင့် (ကဗျာဆရာ မောင် သက်ဦး) ကတော့ မှတ်တမ်းဝင်ဖြစ်နေလေ တော့ မောင်သက်ဦး ကလောင်နာမည်ကို အသုံးပြုခွင့်မရှိတော့ဘဲ အခြားကလောင် နာမည်ကို ရွေးချယ်ဖို့ စဉ်းစားရပါတယ်။ စာရေးဆရာမကြီး ကြည်အေးရဲ့ ရှားရှား ပါးပါး ညကြီးမိုးချုပ် ငုတ်တုတ်ထိုင်နေ အစချီတဲ့ တစ္ဆေကဗျာကို ဒေါ်ကြည်အေး က မမိုးသူဆိုတဲ့ ကလောင်နာမည်နဲ့ အဲ သည် တစ်ပုဒ်တည်းပဲ ရေးခဲ့ဖူးတာကို မှတ်သား ဖူးပါတယ်။ ဒါကြောင့် မောင် သက်ဦးဆိုတဲ့ ကလောင်နာမည် ရေးခွင့် မရမယ့်အတူ စိန် ပန်းအချုပ်ခန်းထဲမှာ မောင်မိုးသူဆိုတဲ့ က လောင်နာမည်ကို စတင်ရေးသားခဲ့တာ ဖြစ်ပါတယ်။

သည်တော့ ၅၆ မန္တလေးတက္ကသိုလ် ရောက်ရှိတဲ့ မောင်စိန်မြင့်ဟာ ကျောင်း သားခေါင်းဆောင် မောင်စိန်မြင့်၊ ကဗျာ ဆရာ မောင်သက်ဦးအဖြစ်ကို မေ့ထား ပစ်ခဲ့ရပြီး မောင်မိုးသူဆိုတဲ့ ကလောင် နာမည်ကို စတင်ရေးသားဖြစ်ခဲ့တာ ဖြစ်ပါ တယ်။ ဦးနု ရဲ့ ပထစအစိုးရတက်လာချိန် မှာတော့ မောင်မိုးသူတို့အားလုံး အချုပ်မှ လွတ်ပါတယ်။ မောင်မိုးသူဟာ တက္က သိုလ် ပြန် မတက်တော့ဘဲ စာပေလောက ကို ခြေစုံ ပစ် ဝင်လိုက်ပါတော့တယ်။

Comments