စာအုပ်အညွန်း- မိုးမင်းသိမ်း မြန်မာပြန် မိတဆိုး

မိတဆိုး
မိုးမင်းသိမ်း(မြန်မာပြန်)
Chinese Cinderella - Adeline Yen Mah
တန်ဖိုး - ၃၅၀၀ ကျပ်။ စာမျက်နှာ -  ၂၆၃


ကမ္ဘာတစ်​လွှား နာမည်​ကြီး HBO ရုပ်​သံစီးရီးတစ်​ခု ဖြစ်​တဲ့ GOT ထဲမှာ တီရီယွန်​ ဆိုတဲ့ ဂျပု​လေးက ​ပြောဖူးတယ်​။ ကိုယ့်ကို ​မွေးဖွားခဲ့ရလို့ မိခင်​သေဆုံးသွားခဲ့ရင်​ မိမိဖခင်​နဲ့တကွ ကိုယ့်ထက်​ကြီးတဲ့ ​မောင်​နှမ​တွေက  အဲဒီက​လေးဟာ ဂြိုဟ်​​ကောင်​ပဲလို့ သတ်​မှတ်​ကြတယ်​တဲ့ ။ ဘာ​ကြောင့်အဲလိုအယူအစွဲ​တွေ ကြီးကြတာလဲ ၊ ​မွေးလာတဲ့က​လေးက​ရော တကယ်​ပဲ အပြစ်​ရှိသလား ။ စဉ်းစားစရာ​ကောင်းတဲ့ မိသားစုတွင်းပြဿနာတစ်​ခုပါပဲ ။ 

တျန်​ကျင်​းမြို့က လူလတ်​တန်းစားမိသားစုတစ်​ခုက ငါး​ယောက်​​မြောက်​သမီးအဖြစ်​ ​မွေးဖွားလာတဲ့ အက်​ဒီလင်းယန်​ရဲ့အဖြစ်​ကလည်း အဲလို ထပ်​တူထပ်​မျှပဲ ။ 

 ဒီစာအုပ်​ မိတဆိုး ဟာ တရုတ်​ စာ​ရေးဆရာမ အက်​ဒီလင်းယန်​မားရဲ့ ကိုယ်​တိုင်​​ရေးဝတ္ထုဟန်​ အတ္ထုပ္ပတ္တိ စာအုပ်​တစ်​အုပ်​ ဖြစ်​ပါတယ်​။ လျစ်​လျူရှုခံရပြီး မိဘရဲ့ ချစ်​ခင်​မြတ်​နိုးခြင်းမခံကြရတဲ့ ကမ္ဘာအနှံ့က က​လေးငယ်​များအတွက်​ သီးသန့်အမှာစကားပါးချင်​လို့ ဒီစာအုပ်​ကို ​ရေးသားရခြင်းဖြစ်​တယ်​လို့ စာ​ရေးဆရာမက ဆိုထားပါတယ်​ ။ 

အက်​ဒီလင်းယန်​ကိုမွေးပြီး မကြာခင်​ ​မေ​မေဆုံးပါးသွားလို့ အစ်​မကြီးနဲ့ အစ်​ကိုသုံး​ယောက်​က သူ့ကိုအပြစ်​ဖို့ကြပြီး လုံးဝခွင့်မလွှတ်​ကြဘူးတဲ့ ။ ​မွေးကတည်းက ​မေတ္တာမရခဲ့တဲ့ဘဝမျိုးမှာ အက်​ဒီလင်​းယန်​ ရှင်​သန်​လာရတယ်​ ။ သူ့ကိုနားလည်​မှုပေးပြီး ​စောင့်ရှောက်​ခဲ့သူက​တော့ သူ့​မေ​မေနဲ့ ရှန်​ဟိုင်းက ဘဏ်​တိုက်​တစ်​ခုမှာ အတူတူလုပ်​ခဲ့ဖူးတဲ့သူ ၊ သူ့​ဖေ​ဖေရဲ့ အစ်​မကြီးလည်းဖြစ်​သူ ၊ မိသားစုအ​ပေါ် အနွံအတာ ခံပြီး အရှက်​အ​ကြောက်​ကြီးတဲ့ အပျိုကြီး။ အက်​ဒီလင်းယန်​က ကြီးကြီး ပါပါလို့ ​ခေါ်ခံရတဲ့သူပေါ့ ။ 

မိ​ထွေးဖြစ်​သူရဲ့ နှိမ်​ချဆက်​ဆံမှု၊ အစ်​မကြီးနဲ့ အစ်​ကိုသုံး​ယောက်​ရဲ့  အနိုင်​ကျင့်မှုတွေကို သည်းခံပြီး ​ကျောင်းစာဘက်​မှာ ​တော်​​အောင်​ သူကြိုးစားခဲ့တယ်​။ အ​တော်​​ဝေးလှတဲ့ ​ကျောင်းကို ဆယ့်နှစ်​ရာသီ ​ခြေလျင်​သွားပြီး ​ကျောင်းတက်​ခဲ့ရတယ်​ ။ ​နေပူပူ ၊ မိုးရွာရွာ ၊ မုန်​တိုင်းကျကျ  ​ကျောင်းကို ​ခြေလျင်​ပဲ သူသွားခဲ့တယ်​ ။ သူဟာ ​ကျောင်းတက်​ရတာကို ​ပျော်​ရွှင်​​နေတယ်​။  ဘာဖြစ်​လို့လဲ ဆို​တော့ သူ့မိသားစုအိမ်​ဟာ ငရဲဘုံ ဖြစ်​​နေပြီး ​ကျောင်းက​တော့ သူ့အတွက်​ သုခဘုံပမာ ဖြစ်​​နေလို့ပါပဲ။ သနားစရာ​ကောင်းတဲ့ အက်​ဒီလင်းယန်​ရဲ့ ငယ်​ဘဝ​ပေါ့။ .

က​လေးအရွယ်​ ကတည်​းက ဖိနှိပ်​ချုပ်​ချယ်​မှု​တွေ ၊ အနိုင်​ကျင့်မှုတွေကို ကြိတ်​မှိတ်​သည်​ခံခဲ့ပြီး အ​ကောင်းဘက်​ရောက်​​အောင်​ ကြိုးစားခဲ့လို့ အက်​ဒီလင်းယန်ဟာ ရှာမှရှားတဲ့ စိတ်​ဓာတ်​ကြံ့ခိုင်တဲ့ မိန်းကလေးတစ်​​ယောက်​လို့ ဆိုရမှာပဲ။ သူ့လိုမျိုး အဖိနှိပ်​ခံရတဲ့ က​လေး​တွေကို ဘဝအ​ပေါ် အဆိုးမမြင်​​စေဘဲ အ​ကောင်းဘက်​ကို ​ရောက်​​စေချင်​တဲ့ ​စေတနာနဲ့ သူ့ရဲ့ လျို့ဝှက်​တဲ့ငယ်​ဘဝကို အရင်းအတိုင်းရေးသားပြခြင်းလည်း ဖြစ်​ပါတယ်​တဲ့ ။
မတရား ဖိနှိပ်​ညှဉ်းပန်းသူ​တွေနဲ့ ကြုံ​တွေ့ ​နေရ​ပေမဲ့ မိမိဟာ အဖိုးထိုက်​တန်​သူဖြစ်​ပြီး တစ်​မူထူးခြားသူ ဖြစ်​တယ်​လို့ ကိုယ့်ကိုယ်​ကိုယ်​ ယုံကြည်​ထား​စေချင်​ပါတယ်​လို့လည်း စာ​ရေးဆရာမက အား​ပေးထားပါတယ်​။ 

"အပြုသ​ဘော​ဆောင်​သည်​့ အိပ်​မက်​တစ်​ခုက အဖျက်​သ​ဘော ​ဆောင်​သည်​့ ပကတိအ​ခြေအ​နေ ​ထောင်​​ပေါင်​းများစွာတို့ထက်​ ပို၍ အ​ရေးပါ အရာ​ရောက်​သည်​ " လို့ အက်​ဒ်​ဒီလင်​း ယန်​မား က အား​ပေးစကား ​ပြောကြားလိုက်​ပါတယ်​ ။ 

တရုတ်​ပြည်​​နောက်​ခံ ဝတ္ထု​တွေဆို ယဉ်​​ကျေးမှု​တော်​လှန်​​ရေး​ခေတ်​နောက်​ခံ​တွေ ၊ ကွန်​မြူနစ်​ပါတီ ​နောက်​ခံဇာတ်​လမ်းတွေနဲ့ ဖတ်​ရတာ များပါတယ်​။ ဒီ မိတဆိုးစာအုပ်​က​တော့ သာမန်​ပြည်​သူ က​လေးတစ်​​ယောက်​  မိသားစုဖိနှိပ်​မှုအတွင်း ဖြတ်​​ကျော်​မှု တစ်​မူထူးခြားစွာ ဖတ်​ရှုရမှာ ဖြစ်​ပါတယ်​ ။ ဘာသာပြန်​ဆရာမိုးမင်းသိမ်းရဲ့ ​ချော​မွေ့တဲ့ ဘာသာပြန်​လက်​ရာနဲ့အတူ မိတဆိုးဝတ္ထုကို ခံစားကြည့်ကြပါစို့ ။

#အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် မှာယူလိုသူများအတွက်

Wun Zinn To Home (ဖုန်း - 09 96 999 8500) ၊ Pann Satt Lann Books (09 788 397540) တို့တွင် ဝယ်ယူရရှိနိုင်ပါ သည်။

#ဆက်သွယ်ရန် - 09450623383 ၊ 0945062338

Comments