Burmese community in Sydney to stand with Suu

ၾသစေၾတးလ်၊ ဆစ်ဒနီမြန်မာကွန်မြူနီတီက ဒေါ်စုနှင့်အတူ ရပ်တည်ကြောင်း ထုတ်ဖော်မည်
မိုးမခအထောက်တော် ဆစ်ဒနီ
နိုဝင်ဘာ ၂၃၊ ၂၀၁၀
လာမည့် နိုဝင်ဘာ ၂၇၊ စနေနေ့မှာ ဆစ်ဒနီမြို့သူ မြို့သားများရဲ့ ဆန္ဒထုတ်ဖော်ပွဲမှာ “We Stand with Daw Aung San Suu Kyi”  ခေါင်းစဉ်နဲ့ အခမ်းအနားကျင်းပကြပြီး ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံကြမှာ ဖြစ်ပါတယ်။ အဆိုပါ ဂုဏ်ပြုပွဲတော်ကို Villa Wood Center မှာ မြန်မာ့အရေးလုပ်ဆောင်သူ အစုအဖွဲ့ပေါင်းစုံ၊ လူပုဂ္ဂိုလ်များ စုဝေးပြီး ကျင်းပကြတာဖြစ်ပြီး မြန်မာ့အရေး နှီးနှောဖလှယ်ကြမယ်လို့လဲ သိရပါတယ်။
ဒေါ်စုရဲ့ ဆန္ဒပြင်းပြတဲ့ ပရဟိတလုပ်ငန်းဖြစ်တဲ့ HIV ဝေဒနာရှင်များကို ငွေကြေး အလှူခံပြီး ထောက်ပံ့လှူဒါန်းကြမယ် ပြီးတော့ သြစတြေးလျအစိုးရ အမတ်များနဲ့ အင်န်အယ်ဒီပါတီရဲ့ ၉၀ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ အမတ်များက ဒေါ်စုအား ဂုဏ်ပြုစကားများ ပြောကြားကြမယ်လို့ ဆိုပါတယ်။ ဒေါ်စု ဂုဏ်ပြု မှတ်တမ်းတင်ဗီဒီယိုကိုလည်း ပြသမယ်လို့ သိရပါတယ်။ မြန်မာ့အနုသုခုမ ဖျော်ဖြေပွဲအဖြစ် မိုးမခရေဒီယို ဆစ်ဒနီက ဦးပန်တျာနဲ့ အဖွဲ့က ဂုဏ်ပြုသီချင်းများနှင့် ဧည့်ခံမယ်လို့လည်း ဆိုပါတယ်။
မြန်မာပြည်သားများက ကမ္ဘာအနှံ့မှာ ဒေါ်စုနှင့်အတူ ရပ်တည်ကြကြောင်း ထုတ်ဖော်ပြသလျက် ရှိရာမှာ ယမန်နေ့ကလည်း ဂျပန်ပြည်၊ တိုကျိုရောက် မြန်မာများကလည်း စုဝေးဆန္ဒထုတ်ဖော်ပြသကြတယ်လို့ သိရပါတယ်။
ဖိတ်စာကို ဒီမှာ ကြည့်ပါ။

Comments