Mar Mar Aye leaving to UK for Suu 67 Birthday Celebration by Burmese

ဂီတပညာရှင် (ဒေါ်) မာမာအေး အင်္ဂလန်သို့ ခရီးထွက်ခွာ
မိုးမခအထောက်တော် ၀၀၂၊ ဇွန် ၁၅၊ ၂၀၁၂
ယမန်နေ့နေ့လယ်က အမေရိကန်ပြည်ထောင်စုနေ အဆိုတော်၊ ဂီတပညာရှင် (ဒေါ်) မာမာအေးသည် လန်ဒန်မြို့သို့ လေယျာဉ်ခရီး ထွက်ခွာသွားပြီ ဖြစ်သည်။ လာမည့် ရက်သတ္တပတ်၊ လန်ဒန်တွင် အဝေးရောက် အင်န်အယ်ဒီ (ယူကေ)နှင့် မြန်မာတို့ ကျင်းပပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည် ၆၇ နှစ် မွေးနေ့ ဂုဏ်ပြုပွဲသို့ တက်ရောက်ရန် မိတ်ဆွေများ၏ ဖိတ်ကြားမှုအရ ခရီးထွက်ခွာသည်ဟု သိရသည်။ လွန်ခဲ့သည် ဇွန် ၁၃ ရက်က ဥရောပနှင့် ဗြိတိန် အလည်အပတ်ခရီးစဉ်အဖြစ် ခရီးထွက်လာသည့် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန် ၁၉ တွင် လန်ဒန်သို့ ရောက်ရှိမည်ဟု ဆိုသည်။
(ဓာတ်ပုံ Suu 63 – BAWA SF bay Celebration တွင် တွေ့ရသော မာမာအေး)

Comments