နေဝန်းနီ (မန္တ​လေး) - ကျွန်​​တော့်​အ​ဖေ ဆိုက္ကားဆရာ
(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၁၅
သူ​ဌေးကြီးဖြစ်​ဖို့မဟုတ်​ဘူး
မိသားစု ဝမ်းစာ​နပ်​မှန်​​ရေးအတွက်
အ​ဖေ ဆိုက္ကားနင်း​နေတယ်​...။
သူ​ဌေးကြီးဖြစ်​ဖို့မဟုတ်​ဘူး
အငယ်​​ကောင်​ ​ကျူရှင်​လခအတွက်
အ​ဖေ ဆိုက္ကားနင်း​နေတယ်​...။
သူ​ဌေးကြီးဖြစ်​ဖို့မဟုတ်​ဘူး
နောက်​လ အိမ်​ငှားခပေးဖို့ အတွက်
အ​ဖေ ဆိုက္ကားနင်း​နေတယ်​...။
သူ​ဌေးကြီးဖြစ်​ဖို့မဟုတ်​ဘူး
အ​မေ့​ဆေးဖိုး​တွေအတွက်
အ​ဖေ ဆိုက္ကားနင်း​နေတယ်​...။
သူ​ဌေးကြီးဖြစ်​ဖို့မဟုတ်​ဘူး
အမကြီး ဘွဲ့တစ်​ခုရဖို့အတွက်
အ​ဖေ ဆိုက္ကားနင်း​နေတယ်​...။
သူ​ဌေးကြီးဖြစ်​ဖို့မဟုတ်​ဘူး
ကိုယ်​ပိုင်​ဆိုက္ကား​လေးတစ်​စီးဝယ်​ဖို့အတွက်
အ​ဖေ ဆိုက္ကားနင်း​နေတယ်​...။
လေးစားစွာဖြင့်
နေဝန်းနီ (မန္တ​လေး)