ရန်လင်းအောင် - အိုးရွဲ့ စလောင်းရွဲ့


ရန်လင်းအောင် - အိုးရွဲ့ စလောင်းရွဲ့
(မိုးမခ) သြဂုတ် ၄၊ ၂၀၁၅



မိုးကလည်း လက်မခံ
လေကလည်း လက်မခံ
ရေကလည်း တငြူငြူ တစူစူ
တောင်ပြိုကမ်းပြို ဘဝတွေ ငိုလို့ ၊

ဥတုရာသီဟာ
အဓမ္မဒဏ်ခံရသူတို့အတွက်
တရားလိုပြ အကောင်းဆုံးသက်သေပဲ၊
ဒီသရုပ်နဲ့ ဒီအရှုပ်
မင်းယုတ်မာတော့ လူတွေရိုင်း
လူတွေရိုင်းတော့ ရာသီကြမ်း
စိတ်ကြမ်း ကိုယ်ကြမ်းတွေနဲ့
ဒီလမ်း ဒီစခန်း
မင်းသာ အခေါင်အချုပ်ပေမို့
ပဟေဠိ အဖြေညှိစရာမလို
လူလိုမှ နတ်လို အားလုံး အသိ
ရာဇောဝါဒ တရားကြည့်ပေါ့ သူငယ်ချင်း ။    ။