ရွေးကောက်ပွဲပြိုင်မည့် ကိုယ်စားလှယ်လောင်းအားလုံး၏ စာရင်း မိုဘိုင်းဖုန်းမှာကြည့်နိုင်

ရွေးကောက်ပွဲပြိုင်မည့် ကိုယ်စားလှယ်လောင်းအားလုံး၏ စာရင်း မိုဘိုင်းဖုန်းမှာကြည့်နိုင်
 (မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၅ 

မဲပေးမဲ့ နိုဝင်ဘာ ၈၊ ၂၀၁၅ ရောက်ပါတော့မယ်။ ကိုယ်နယ်မြေမှာ ဘယ်သူတွေ အရွေးခံနေသလဲ ဆိုတာ၊ မိုဘိုင်းဖုန်းမှာ အလွယ်တကူရှာနိုင်ပါတယ်။ ဒီဆော့ဝဲမှာ ကိုယ်စားလှယ်ရဲ့ ကိုးကွယ်တဲ့ဘာသာကို ထည့်ထားတာသာမက ကိုယ်စားလှယ်ရဲ့ဖခင်ရဲ့ ကိုးကွယ်တဲ့ဘာသာပါ ထည့်ထားတာပါ တွေ့ရတာကတော့ ထူးခြားမှုတခုလို့ ဆိုနိုင်ပါတယ်။

mVoter 2015 ကို Android အတွက် ရယူနိုင်ပါပြီ။ iOS အတွက်ကို မကြာခင်ရမှာဖြစ်ပါတယ်။
Google Play -> bit.ly/mvoter-android
Direct Download -> bit.ly/mvoter-apk