မင်းညွန့်လှိုင် - အရသာရှိရှိ ဒဏ်ရာ


မင်းညွန့်လှိုင် - အရသာရှိရှိ ဒဏ်ရာ
(မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၅

ဦးခေါင်းထဲ မီးလင်းသွားတာပါပဲ
ကြယ်ပွင့်တွေ
သရဖူလို ဝန်းခွေလာတာပဲ
ဆုတံဆိပ်တွေ
 နှလုံးသားထဲ စိုက်ဝင်လာတာပဲ
 သေကောင်ပေါင်းလဲ
 သွေးသံရဲရဲ
အနာရှိတော့ ဆေးလည်း ရှိတယ်ပေါ့
ဒဏ်ရာကျက်တဲ့ တနေ့
အသားမာတက်တဲ့ တနေ့
အနာဖေးကို ဇိမ်ပြေနပြေခွာလို့
 ကောင်းကောင်း အရသာခံဦးမယ် ။           ။