ကလေသူငယ်ကာကွယ်စောင့်ရှောက်မှု ဥပဒေကိုသက်သွင်းမည်ဟု နော်လှလှစိုးပြော
ဟန်သစ်နိုင်၊ မိုးမခ၊ အောက်တို ၈ရက်၊ ၂၀၁၅
တရားဥပဒေစိုးမိုးမှုအားနည်းနေခြင်းကြောင့် အရွယ်မရောက်သေးသောကလေးငယ်များ၊ မိဘမဲ့ ကလေး များ၊ ဆင်းရဲနွမ်းပါးသောကလေးများနှင့် မသန်စွမ်းကလေးသူငယ်များအတွက် အမှန်တကယ် အကာအ ကွယ်ပေးနိုင် မည့် ဥပဒေများကိုလွှတ်တော်ထဲရောက်လျှင် အမှန်တကယ်တင် သွင်းဆောင်ရွက် သွား မည်ဟု မင်္ဂလာဒုံမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆူဇန်နာလှလှစိုး မှပြောပြသည်။
မြန်မာနိုင်ငံသည် ၁၉၉၁ခုနှစ်မှစတင်၍ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးပဋိဥာဏ်စာချုပ် ကို
ယခုထိလက်မှတ်ထိုးနေသော်လည်း ကာကွယ်စောင့်ရှောက်မှု အားနည်းနေသေးကြောင်း၊ ထိုလူ့အခွင့် အရးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအရ ကလေးများသည် ဘယ်အခြေ အနေဘယ်လိုပဲ ရှိနေပါစေ က လေးတိုင်းသည် ပညာသင်ကြားခွင့်ရှိသင့် ကြောင်း၊ မိမိကူညီဆောင် ရွက်ပေးနေသော မတရားမှုများ တင်ပြ တိုင်ကြားသည့်အမှုများထဲတွင် ကလေးသူငယ်အမှုသည် အများ ဆုံးဖြစ်နေကြောင်း၊ ရဲစခန်းများ၊ တရားရုံးနှင့် ဆေးရုံများသည်လည်း ကလေးသူငယ်များအတွက် ကာကွယ် မှုသည် အင်မတန် နည်းနေသေးကြောင်း ပြောပြသည်။
ဆက်လက်၍ “ဥပဒေတော့ရှိတယ်၊ စိုးမိုးမှုတော့မရှိဘူး၊ အဲဒါကြောင့် ဒီဥပဒေကို တကယ်အသက် သွင့်မယ့် လုပ်ဆောင်မှုမျိုးက အမှန်တကယ်လိုအပ်နေပါတယ်၊ ကျမရွေးကောက်ပွဲမှာ အနိုင်ရလို့ရှိရင်တော့ ကျမအရင်ကတည်းကကျွမ်းကျင်ခဲ့တဲ့လုပ်ငန်းတွေလဲဆက်လုပ်မယ် အခြေအနေပေးရင်၊ ပြီးတော့ ဥပဒေ အပိုင်း အရ ပိုမိုကျစ်လစ်တောင့်တင်းခိုင်မာပြီး တကယ်အသက်ဝင်တဲ့ ဥပဒေဖြစ်အောင်လဲကြိုးစား သွားမယ်” ဟုပြော သည်။