ရန်လင်းအောင် - ပွင့်လင်းရာသီ


ရန်လင်းအောင် - ပွင့်လင်းရာသီ
(မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၅

ပွင့်လင်းရာသီအားကိုးနဲ့
ကြက်သားအုပ်မ တသိုက်ပြီးတသိုက်
အေးအေးလူလူ ထွက်ထွက်လာ ……
ပွင့်လင်းရာသီ အားကိုးနဲ့
မိုးပေါ်ဝဲရင်းကြိတ်ကြံနေတဲ့
စွန်တွေ တအုပ်ပြီးတအုပ်
လစ်ရင်လစ်သလို ဆင်းဆင်းသုတ်

သြော်သြော်
အေးပေါ
ပွင့်လင်းရာသီပေါ