ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

တက္ကသိုလ်ရွှေရီဝင်း - ကလေးတို့အတွက် ပုံပြင်တစ်ပုဒ်



တက္ကသိုလ်ရွှေရီဝင်း - ကလေးတို့အတွက် ပုံပြင်တစ်ပုဒ်
(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆
“ မထွေးပုံပြောပါလားလို့ ၊ ဖွားဖွားကို ကျွန်ပူဆာ ၊ ပြောပြတဲ့အခါ ၊ အင်းလိုက်လို့သာ ၊ ပျော်စရာဒီပုံထဲ ၊ တွေးဝင်လို့စွဲ”

ဒီကဗျာလေးဟာ ငယ်စဉ်က အလွတ်ရခဲ့ ၊ ပျော်ပျော်ရွင်ရွင် ရွတ်ဆိုခဲ့ကြတာဖြစ်ပါတယ်။ ကလေးတွေ က ပုံပြင်နားထောင်ရတာ ကြိုက်သလို ၊ လူကြီးတွေကလည်း ပုံပြောရတာ ကြိုက်ပါတယ်။ တိုင်းပြည်တိုင်းမှာ ပုံ ပြင်တွေရှိကြပါတယ်။ တချို့ပုံပြင်တွေက ကျောရိုးတူကြပါတယ်။ ဒါပေမယ့် ပုံပြောတဲ့သူပေါ်မူတည်ပြီး ဇာတ် လမ်းတွေ ကွဲသွားတက်ပါတယ်။

မြန်မာနိုင်ငံက ပုံပြင်တွေထဲမှာ ရိုးရာပုံပြင်တွေ ၊ ငါးရာ့ငါးဆယ်နိပါတ်တော်ပုံပြင် ၊ ဘုရားသမိုင်းပုံပြင် ၊ တိရစ္ဆာန်ပုံပြင် စသဖြင့် ပုံပြင်တွေစုံလှပါတယ်။ အပေါ်မှာရေးလိုက်မိတဲ့ ကဗျာကလည်း ပုံပြင်လေးတစ်ပုဒ်ကို ကဗျာပုံစံ စပ်ဆိုထားတာဖြစ်ပါတယ်။

နောက် နိုင်ငံရပ်ခြားပုံပြင်တွေထဲမှာ မှတ်သားစရာတွေထည့်ပြီး ၊ အဲဒီပုံပြင်ထဲက ဇာတ်ကောင်နဲ့ အပြင် လောကကိုယှဉ်ပြီး စဉ်းစားနိုင်တဲ့ ပုံပြင်တွေရှိတယ်။ အဲဒီပုံပြင်တွေထဲမှာ ဂရိနိုင်ငံက အီစွတ်ပုံပြင် ၊ ဂျာမနီက ဂရင်းညီနောင်ပုံပြင် ၊ ကမ္ဘာအရပ်ရပ်က နတ်သမီးပုံပြင်နဲ့ ရိုးရာပုံပြင် စသဖြင့်ရှိတယ်။ ခေတ်မီတိုးတတ်လာတာ နဲ့အမျှ ခေတ်မီသစ်လွင်တဲ့ ပုံပြင်တွေရှိလာတယ်။ နောက် ဘာသာရေးဆိုင်ရာ ပုံပြင်တွေလည်းရှိတယ်။

ပုံပြင်တွေရဲ့သက်တမ်းဟာ အလွန်ရှည်ကြာလှပြီဖြစ်တယ်။ တချို့ပုံပြင်တွေ ဥပမာ- ငါးရာ့ငါးဆယ်နိ ပါတ်တော် ပုံပြင်တွေနဲ့ ဂရိပုံပြင်တွေဟာ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်ကြာက ပုံပြင်တွေဖြစ်တယ်။ အဲဒီ လောက် နှစ်ကြာတဲ့ပုံပြင်တွေ အခုထက်ထိရှိနေတာ စောစောကကဗျာလေးထဲကလို ဖိုးဖိုးဖွားဖွားတွေနဲ့ မိဘ တွေ ၊ ဦးလေး ၊ အဒေါ် ၊ ဘကြီး ၊ ကြီးကြီး ၊ အစ်ကို ၊ အစ်မတွေ ၊ သူငယ်ချင်းအပေါင်းအသင်းတွေက မမောမ ပန်းဘဲ ပြောလာကြလို့ဖြစ်တယ်။ ပုံပြင်ပြောရတဲံပညာဟာ ခက်တယ်လို့ပြောရင်ရသလို ၊ လွယ်ပါတယ်လို့ပြော ရင်လည်း ရပါတယ်။ ပြောတဲ့ပုဂ္ဂိုလ်ရဲ့ စိတ်ကူးစိတ်သန်းနဲ့ တီထွင်မှုပေါ်လည်း မူတည်တယ်။

အခုပြောပြတဲ့ ပုံပြင်ကတော့ ဂရိလူမျိုး အီစွတ်ပြောခဲ့တဲ့ ပုံပြင်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။

ဝက်ဝံနှင့် သူငယ်ချင်းနှစ်ယောက်
တစ်ခါတုန်းက ခရီးသွားဖော် သူငယ်ချင်းနှစ်ယောက်ဟာ တောထဲကိုဖြတ်ပြီး ခရီးသွားခဲ့ကြ တယ်။ တောနက်ထဲကိုဖြတ်သွားတုန်း လမ်းမှာ ဝက်ဝံကြီးတစ်ကောင်ဟာ သူတို့နှစ်ယောက်ရဲ့ရှေ့ကို ဘွားခနဲ့ ပေါ်လာတယ်။ ဝက်ဝံနဲ့ မျက်နှာချင်းဆိုင်တွေ့ရတဲ့ သူငယ်ချင်းဟာ သူ့ရဲ့ အနီးဆုံးသစ်ပင်ပေါ် တက်ပြေးသွား တယ်။

နောက်တစ်ယောက်ကတော့ ဝက်ဝံရဲ့ရန်ကလွတ်ဖို့ လမ်းမရှိဘဲဖြစ်နေတယ်။ ဒီတော့ သူဟာ မြေကြီး ပေါ်ကို မှောက်ရက်လှဲချလိုက်တယ်။ ပြီးတော့ မျက်စိမှိတ်ပြီး လုံးဝမလှုပ်ဘဲ ငြိမ်ငြိမ်လေးနေတယ်။ အခုလိုလုပ် ရတာကလည်း ဝက်ဝံတွေဟာ သေပြီးသားကောင်ကို မစားဘူးဆိုတာ ကြားဖူးလို့ပါပဲ။

ဝက်ဝံကြီးဟာ အဲဒီလူရဲ့အနားကို ကပ်လာပြီး သူ့ရဲ့နှာခေါင်းနဲ့ တွန်းကြည့်တယ်။ ပြီးတော့ ထိုလူရဲ့ နား နားကို နှာခေါင်းနဲ့ကပ်ပြီး နမ်းရှိုက်ကြည့်တယ်။ အဲဒီအခါမှာ လူငယ်ဟာ အသက်မရှူဘဲ အသက်အောင့်ပြီးနေ တယ်။ ဝက်ဝံဟာ သားကောင်ရဲ့အခြေအနေကို စမ်းသပ်လို့ကျေနပ်တော့မှ ဖြည်းလေးစွာနဲ့ ထွက်ခွာသွား တယ်။

ဝက်ဝံကြီးမရှိတော့မှ စောစောက သစ်ပင်ပေါ်တက်ပြေးတဲ့လူဟာ သစ်ပင်ပေါ်ကဆင်းလာတယ်။ သူ ဟာ မြေကြီးပေါ်မှာ ဖုန်တွေနဲ့ပေနေတဲ့ သူ့အဖော်ကိုကြည့်ပြီး ရယ်မောလိုက်တယ်။ ပြီးတော့သူက “ ခင်ဗျားကို ဝက်ဝံကြီးက တစ်ခုခုပြောခဲ့ပုံပဲ။ သူဘာတွေပြောသွားတာလဲ” လို့ မေးလိုက်တယ်။

မြေပြင်ကိုလှဲချလိုက်ပြီး သေချင်ယောင်ဆောင်နေတဲ့ သူငယ်ချင်းက မက်တတ်ရပ်လိုက်ပြီး ဖုန်တွေခါ ရင်းနဲ့ “ ဝက်ဝံကြီးက အန္တရာယ်နဲ့ တွေ့တဲ့အခါမှာ မင်းကိုပစ်ပြီးသွားတဲ့သူငယ်ချင်းကို ဘယ်တော့မှမယုံနဲ့လို့ ပြောတာပါ” လို့ ဖြေလိုက်တယ်။