လင်းသက်ငြိမ် - ကျွန်​​တော်​တို့ ခင်​ဗျားကို မ​ပေးနိုင်​ဘူး ဧရာဝတီ

လင်းသက်ငြိမ် - ကျွန်​​တော်​တို့ ခင်​ဗျားကို မ​ပေးနိုင်​ဘူး ဧရာဝတီ
(မိုးမခ) မတ် ၂၉၊ ၂၀၁၆

ဒီကဗျာလည်း ခါ​တော်​မှီပွင့်​လာတာပဲလို့
မချိတင်​ကဲ ​တွေး​နေဦးမှာလား ဧရာဝတီ...
ကျွန်​​တော်​ဟာ မြန်​မာပြည်​သား
ခရိုနီလူတန်းစားထဲမှာ မပါတဲ့ ကဗျာဆရာ
ကျွန်​​တော့်​ကိုယ်​ထဲမှာ ခင်​ဗျားစီး​နေပါတယ်​ ဧရာဝတီ...
ရွှေ​ရောင်​အတိတ်​ ​နေ့ရက်​​တွေ
တော်​လှန်​​ရေး ​တေးသံရဲရဲ​တွေ
နှစ်​ကာလ​တွေဟာ ခင်​ဗျားဖြတ်​သန်းလာတဲ့ခရီး​တွေ
ခင်​ဗျားဟာ ဖတ်​မကုန်​တဲ့ သမိုင်းစာအုပ်
ခင်​ဗျားဟာ ​ရေးဖွဲ့မကုန်​တဲ့ အလင်္ကာ
ခင်​ဗျားဟာ မတူးမဆွပဲ ဒီအတိုင်းသက်​သက်
သုံးမကုန်​တဲ့ ရတနာသိုက်​ကြီးပဲ။

မြန်​မာပြည်​ဆိုတာနဲ့ ခင်​ဗျားပါလာတယ်
ခင်​ဗျားဆိုတာနဲ့ မြန်​မာပြည်​ပါလာတယ်
လူအန္ဓ​တောင်​သိနိုင်​တဲ့ ​ကျေးဇူး​တော်​ကို
ထိုင်​ခုံ​ပေါ်တက်​ စည်းစိမ်​​တော်​ အအီ အစိမ့်​​တွေနဲ့
ကုပ်​ပိုးတက်​​နေတဲ့ မဟာလူကြီးလူ​ကောင်း​တွေ
မသိတာ ခင်​ဗျားရဲ့ဇာတ်​သိမ်းပဲ...
ကျွန်​​တော်​တို့ရဲ့ ဇာတ်​သိမ်းပဲ... ။

ကျွန်​​တော်​တို့ ခင်​ဗျားကို ​သေ​သေချာချာ သိခဲ့တယ်
ကျွန်​​တော်​တို့ ခင်​ဗျားကို ​သေ​သေချာချာ မသိ​သေးဘူး
ကျွန်​​တော်​တို့ ခင်​ဗျားကို တကယ်​ချစ်​ခဲ့ကြတယ်
ကျွန်​​တော်​တို့ ခင်​ဗျားကို တကယ်​မချစ်​ကြ​သေးဘူး
ခင်​ဗျားဟာ ရာဇဝင်​​တွေကို ထမ်းပြီးစီးခဲ့တယ်
သမိုင်း​တွေကိုထမ်းပြီး စီးခဲ့တယ်
သက္ကရာဇ်​​တွေကို ထမ်းပြီး စီးခဲ့တယ်
စီးခဲ့တယ်​.. .
စီးခဲ့တယ်​.. .
စီးခဲ့တယ်​.. .။

လူဟာအသက်​ကြီး​လေ ပိုမိုက်​မဲလာ​လေတဲ့
ပညာရှင်​တစ်​​ယောက်​က​ပြောဖူးတယ်
ဘယ်​အရာမှနှစ်​ခုမရဘူးတဲ့ ကျွန်​​တော်​မှတ်​သားဖူးတယိ
တိုးတက်​ခြင်းနဲ့ဆုတ်​ယုတ်​ခြင်းဟာ ​ခေါင်းနဲ့ပန်းပါပဲ
သောင်​ထွန်း​နေတဲ့ ရင်​ဘတ်​ကြီးနဲ့
ခင်​ဗျားရင်​ခွင်​ထဲ
ဖြတ်​​မောင်း​နေတဲ့ တရုတ်​ဆိုင်​ကယ်​​တွေကို
မျက်​ရည်​စက်​လက်​ ​ငေးကြည့်​​နေသလား ဧရာဝတီ...။

ခင်​ဗျားကို​ပေးလိုက်​ရင်​ ဘာ​တွေရလာမှာလဲ
ကြိုက်​တာရပါ​စေ...
ကျွန်​​တော်​တို့ဆီက ခင်​ဗျားကို​ပေးပြီးမှ ရလာမယ့်
အ​လျော်​အစား ဘယ်​​လောက်​ပဲ အဖိုးထိုက်​တန်​ပါ​စေ...
ကျွန်​​တော်​တို့ ငြင်းတယ်
ကျွန်​​တော်​တို့ ငြင်းမယ်

ရာ

တီ
ကျွန်​​တော်​တို့ ငြင်း မယ်
ကျွန်​ ​တော်​ တို့ ငြင်း တယ်​ ဗျာ ။    ။

လင်းသက်​ငြိမ်