ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ရဲဘော် ဦးတင် (ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော) – ပန်ကော်-ချူးရွှေ တိုက်ပွဲစဉ် – အပိုင်း (၆)


ရဲဘော် ဦးတင် (ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော) – ပန်ကော်-ချူးရွှေ တိုက်ပွဲစဉ် – အပိုင်း (၆)
ပန်ကော်-ချူးရွှေ တိုက်ပွဲစဉ် နိဂုံးချုပ် သုံးသပ်ချက် (၃၊ ၁၀၊ ၇၇ – ၃၁၊ ၁၀၊ ၇၇)

ပေးပို့သူ – အောင်တင်ထွန်း
(မိုးမခ) ဧပြီ ၇၊ ၂၀၁၆

မိမိတို့အမြောက်တပ်
၉၀။ ဤစစ်ပွဲတွင် ကျွန်တော်တို့အမြောက်တပ်သည် အမြောက်အားနည်းသော်လည်း ကောင်းမွန်ချက် ၂ ခုကို ပြသခဲ့ကြ သည်။

(က) တခုမှာ ရဲရင့်စွာ ရန်သူ့အနီးမှ အသင့်တော်ဆုံးနေရာ ရွေးချယ်ပစ်ခတ်သည်။ ပန်ကော်တွင် တိုက်ကွက်နှင့် မီတာ ၁၀၀၀ သာသာမျှသာဝေး၍ ချူးရွှေတွင် မီတာ ၆၀၀ အတွင်းလောက်ထိ ချဉ်းကပ်ပစ်ခတ်သည်။ ထို့ကြောင့် ရန်သူ့လက် နက်ကြီးများ လုံးဝခေါင်းမထူရဲဘဲ လိုက်ကျင်းထဲကပစ်သည့် ရန်သူပင်လျှင် များစွာ ထိတ်လန့်ခြောက်ခြားစေသည်။ မိမိတို့က ဦးဆောင်လက်ဦးမှုကို ရအောင်လုပ်ပေးသည့် အချက်အလက် ကောင်းတရပ်လည်း ဖြစ်သည်။

(ခ) ဒုတိယအချက်မှာ ရဲရင့်ခြင်းနှင့် စိတ်တည်ငြိမ်ပြီး ဖျတ်လတ်ခြင်း ရှိပေသည်။ ထို့ကြောင့် ဤမျှနီးကပ်စွာ နေရာယူလျက် ရန်သူ့လက်နက်ကြီးအပေါ် ဖိထားနိုင်သည်။ အကူအညီပေးနိုင်သည်။ ရန်သူ့တပ်ရင်း လက်နက်ကြီးများမှာ ဤကတုတ် ထိုးစစ်တွင်သာမက ယခုစစ်ဆင်ရေးကြီးအတောအတွင်း တလျှောက်လုံး မိမိ အမြောက်လက်လှမ်းအကွာအဝေး မှီနိုင်သည့် ရန်သူ့တပ်ရင်းလက်နက်ကြီးများသည် ခေါင်းမဖော်ရဲပေ။ ကျွန်တော်တို့အမြောက်များက ရန်သူအမြောက်များအပေါ် ငယ် နိုင်လိုဖြစ်နေပုံရသည်။ ရန်သူတို့က ရွံရှာလေး စားရသည်။

(ဂ) တတိယအချက်တွင် ရန်သူ့အပေါ်တွင်သာမက မိမိတို့ခြေလျင်တပ်များက ချစ်ခင်အားထားခြင်းခံရသည်။ အကြောင်းမှာ ရှေ့တန်းခြေလျင်တပ်များနှင့် ရင်ဘောင်တန်းတိုက်ခိုက်ကြသည်။ အထူးသဖြင့် ကောက်ကြီး (လေယာဉ်ပစ်စက်ကြီး) သမားများ၏ ကောက်ကြီးသံသည် ရန်သူသတ်ဖြတ်ရေးသာမက မိမိအတွက် အားတက်ရေးဖြစ်လာပေသည်။

၉၁။ မိမိတို့အမြောက်တပ်သည် အားနည်းချက်၊ အချို့ရှိနေ၍ မြှင့်တင်ပြုပြင်ရန် လိုအပ်ချက်များ ရှိပေသည်။
(က) အမြောက်အတတ်ပညာ (ခ) ရဲရင့်ကြသော်လည်း ပင်ပန်းခံအပတ်တကုတ် လုံးပန်းအားထုတ်မှု အချို့ အားနည်း သေးသည်ဟု ယူဆရသည်။ မိမိတို့ ၇၅မမ အမြောက်သယ်ယူပို့ဆောင်ရေးကို ကြီးမားသော အခက်အခဲကြီးဟု ယူဆနေ ကြသည်။ ၎င်းရဲဘော်တို့သည် နောက်ပွင့်အမြောက်များမပေါ်ခင်က ဘီးနှင့်အမြောက် များ၊ သာမန်တောင်ပေါ်ပစ်အမြောက်များနှင့် ယခုကဲ့သို့ တောတောင်အတွင်း မတိုက်ခဲ့ရဘူးပေ။ ဘီးအမြောက်ခေတ်က ယခုထက်ပို၍ သယ်ယူပို့ဆောင်ရေး ခက်ခဲလှပေသည်။ ယခုနောက်ပွင့်အမြောက်တခုလုံးမှာ ၁၀၄ ကီလိုဂရမ်လေးသည်။

အမြောက်တပ်အနေနှင့် တိုက်ပွဲဝင်သည့်အခါ မိမိလက်နက်ကို အစွမ်းကုန်အသုံးချနိုင်၍ မိမိတို့လိုအပ်သည့် အတတ်ပညာကို အမြဲတမ်းတိုးမြှင့်ပြီး မိမိဘက်ထိခိုက်ကျဆုံးမှုနည်းအောင် ကူညီမစကြရမည်။

၉၂။ လောလောဆယ်အားဖြင့် ကတုတ်ထိုးစစ်တွင် အလိုဆုံးအရာမှာ အမြောက်တပ်နှင့် ခြေလျင်တပ် ယခု ထက်ပို၍ နီးကပ်စွာပေါင်းစပ်ပေးမှု၊ ယင်းအတွက် အထိရောက်ဆုံးနည်းလမ်းတရပ်မှာ ရှေ့တန်းကတုတ်ထိုးရာမှ ရှေ့တန်းမှာအချက် အချာအကျဆုံး တပ်ခွဲမှူး သို့မဟုတ် အခြားအချက်အချာတာဝန်ခံတို့က တယ်လီဖုန်း ကြိုးအရှင်ဖြင့် အမြောက်တပ်နှင့်ဆက် သွယ်ပြီး အချက်ပြမီးကျည်ကို ဒုတိယအရံအကူအဖြစ် အသုံးပြုစေပြီး မိမိတို့၏ ကျည်ကျအကွက်ကျယ်သည့်မော်တာကို အန္တရာယ်ရှိမည့်အခါ ရှေ့သိုကျော်ပစ်စေရန်၊ အခြားသင့်တော်သည့်နေရာသို့ ကျော်ပစ်စေရန်၊ ထိခိုက်မှုကောင်းသည့် မိမိ တို့အမြောက်ကို လက်ပစ်ဗုံးတကမ်းစာ ရောက်သည်အထိ ပစ်ပေးပြီးမှရပ်ရန်၊ ကောက်ကြီးကိုမူ အကွာအဝေးလည်းရ၊ ကတုတ်လည်း ဖောက်ထွင်းနိုင်ပြီး မှားယွင်းပစ်ခတ်မှု အနည်းဆုံးဖြစ်နိုင်သဖြင့် ခြေလျင်တပ်အနားကပ်သည့်အခါ ပစ်ခတ်မှု မလွဲရအောင် သော့ခတ်ပြီး ခြေလျင်တပ်ကတုတ်နှုတ်ခမ်းနား ရောက်သည်အထိ ပစ်ခတ်ပေးနိုင်သည်။ သို့ဖြင့် ရန်သူကို ခေါင်းငုံ့နေစေရန် မိမိတို့လက်ပစ်ဗုံးမရောက်မီ ရန်သူ့လက်နက်ငယ် စမီလောက်သည့် မီတာ ၅၀- ၁၀၀ လောက် ကတည်းက ဘဇူကာများကို မီတာ ၁၀၀ ကျယ်သောကုန်းတခုတွင် အနည်းဆုံး ၃-၄ လက်၊ ရှေ့တန်းတင်ထား ၍ သုံးသင့်သည်။

သုံ့ပန်းများထွက်ချက်အရ မိမိတို့အမြောက်များပစ်နေစဉ် ၎င်းတို့ကခေါင်းငုံ့နေပြီး ခြံစည်းရိုးနား ရောက်နေသည့် မိမိတို့တပ် များကို ပစ်ခတ်နေနိုင်သည်မှာ ရန်သူသည် မိမိတို့ထင်သလို ကတုတ်များထဲက ပစ်ကြခြင်းမဟုတ်ဘဲ လိုက်ကျင်းခေါ် ဆက်သွယ်ရေးကျင်းတလျှောက် ဆက်သွယ်ရေးကျင်းများကို နက်နက်တူးစေပြီး ပစ်ကွင်းကောင်းသည့်နေရာများတွင် ပစ်ခတ်ရန် မြေအနေအထားပြုပြင်ထားပြီး လိုက်ကျင်းထဲက ပစ်ခတ်သည်ကများသည်။ အမိုးနဲ့ကတုတ်မှာ မိမိတို့အမြောက် ကျမှာနှင့် မိမိတို့ဘဇူကာကိုကြောက်၍ သိပ်မသုံးကြ။ အမြောက်ဒဏ်များလျှင်သာ အမြောက်ပစ်နေစဉ် ခေတ္တပုန်းခိုရန် ဖြစ်သည်။ ထိုကတုတ်များသည် ဘဇူကာ ဝင်မှာစိုး၍ ရှေ့ပေါက်များကို ဖွင့်မထားကြသည်ပင် ဖြစ်သည်။ ထို့ကြောင့် သုံ့ပန်းများပြောချက်အရ အမြောက် ကိုကြောက်သည်ထက် ဘဇူကာကိုကြောက်ကြသည်။ လိုက်ကျင်းရှိလူများအဖို့ မိမိတို့၏ ချုစုံ စက်သေနတ်ကျည်များ ၎င်းတို့ခေါင်းပေါ်မှဝဲနေသည်ကို ကြောက်ကြသည်။ ဤလိုက်ကျင်းနှင့် လက်ပစ်ဗုံး တကမ်းစာ ရောက်လာသဖြင့် ရှောင်တိမ်းရေးမရှိသောကြောင့် ကြောက်ကြသည်။ နောက်ဆုံး စိတ်မခိုင်သူများက ကတုတ် လှိုဏ်ထဲဝင်ပြေးသည့်ဘက်မှ ပေါက်သွား၍ ထိုမှရဲဘော်များကတက်ခါ ရန်သူများကို မိမိတို့သေနတ်နှင့် ချိန်ဖမ်း သဖြင့်သာ အမိခံကြရသည်။

၉၃။ ကတုတ်ထိုးစစ်တွင် လိုက်ကျင်းတွင်းရှိ ရန်သူများ ခေါင်းငုံ့ဖိနှိပ်ထားရန်အတွက် ကောက်ကြီးအပြင် မိမိတို့ စက်ကြီး များကိုပါ ရော၍သုံးသင့်သည်။ အကြောင်းမှာ ကောက်ကြီးသည် များစွာအကျိုးရှိသော်လည်း ၎င်း၏ အားနည်းချက်မှာ စက်ကြီးနှင့်စာလျှင် တမိနစ်ပစ်နှုန်းနည်းနေသည်။ စက်ကြီး ၂ လက်လောက် တိုက်ကွင်း တခုတွင်သုံးက၊ လိုက်ကျင်းတ လျှောက် ဂရုစိုက်၍ပစ်က ရန်သူခေါင်းငုံ့နေရေးအတွက် များစွာထိရောက် ပေမည်။

၉၄။ နောက်ပြဿနာတရပ်မှာ အတားအဆီးများကျော်ဖြတ်ရာတွင် ယခုအထိ ရန်သူ့မိုင်းကွင်းကို ကျော်ဖြတ် ရေးမှာ ပြဿနာကြီးတခုဖြစ်နေသည်။ ယခု ယမ်းထုပ်များဖြင့် ပစ်ဖောက်-ဖောက်ခြင်းကို ပို၍နှစ်သက်ကြ သည်။ သုံ့ပန်းများက ပန်ကော်တွင် မိမိတပ်များ မိုင်းမထိခြင်းမှာ မိုးလင်းမှတိုက်၍ မိုင်းကွင်းလည်းရှင်းပြီးခါစ ဖြစ်၍ ကောင်းစွာမြင်ရကြောင်း ပြောသည်။ သို့ရာတွင် မိုးလင်းသဖြင့် အမြောက်သံကြားလျှင်ကြားခြင်း မိမိတို့ တပ်များ အပြင်ခြံစည်းရိုးနားတွင် ပတ်ပတ်လည်ရောက်သည်ကို ရှင်းလင်းစွာမြင်ရပြီး ၎င်းတို့ကလည်း အတော် ကောင်းမွန်စွာ ပြန်ပစ်နိုင်သည်။

ချူးရွှေထိုးစစ်တွင် မိမိတို့ဘက်မှ နီးကပ်သောအမြောက်အားဖြင့် ရန်သူ့တံခါး ဝင်ထွက်ဂိတ်အပေါက်က တိုက်ဝင်ရာ မိုင်းလွတ်သွားသည်။
၉၅။ (က) ဤကတုတ်ထိုးစစ်နှင့်ပတ်သက်၍ အချို့က အလုံအပိတ် လေးဘက်လေးတန်မှ မထိုးသင့်။ ထွက် ပြေးလမ်းတခု ဖွင့်ပေးပြီး တကီလို ၂ ကီလိုကွာ လမ်းကစောင့်၍ အိတ်ထောင်နှင့်ဖမ်းသလို ခြုံခိုတိုက်ရန် ယူဆကြသည်။

(ခ) အချို့ကတော့ ယခု ပန်ကော်ထိုးစစ်ကို အဖက်ဖက်ကတက်ထိုးခြင်းဖြင့် ရန်သူကိုလျင်မြန်စွာ ချေမှုန်းနိုင် ခြင်းနှင့် အားနည်းသည့်ပျော့ကွက်က ဖောက်ဝင်နိုင်သည်။ အချို့က ကတုတ်ကို ဘက်တဘက်လောက်ကသာ တိုက်၍ လုံးဝဖွင့်ပေး ထားသလို အခြားတဘက်ကမတိုက်ဘဲ ခပ်လှမ်းလှမ်းမြေအနေအထားအရ ဝိုင်းစောင့်နေ ပြီး ကတုတ်တနေရာရာကပေါက်မှ ရှေ့ပြေးပြီး လက်လှမ်းမီနေရာက၊ သေနတ်တကမ်းနေရာက အနီးကပ်ဝိုင်း ရန်ဖြစ်သည်။

၉၆။ အချုပ်အားဖြင့်ဆိုရလျှင် အခိုင်အမာအတွေ့အကြုံ ရှိသူနှင့် သုံ့ပန်းများမှ ထပ်မံမေးမြန်းသုတေသနလုပ်ပြီး အချို့မြေ အနေအထားတွင် စမ်းသပ်ပြီး ခံကတုတ်ထိုးစစ်ကို အကျအဆုံးနည်းစွာဖြင့် ကျွန်တော်တို့ ကြိုးစား တိုက်ခိုက်ကြရမည်။

လှုပ်ရှားစစ်
၉၇။ ယခု ပြီးခဲ့သော စစ်ဆင်ရေးတွင် ဟူစွမ်လှုပ်ရှားစစ်တွင် ကျွန်တော်တို့ ချေမှုန်းရေးစစ်သည် မမြောက်ဘဲ ရန်သူ လွတ်မြောက်ထွက်ပြေး သွားနိုင်သည်။ ယင်းအကြောင်းမှာ ရန်သူ့ဘက်က ကြည့်လျှင် ချီတက်လာသည့် ရန်သူတပ်အင်အား များပြားလှခြင်းဖြစ်သည်။ ၄၀၄၆ တပ်ရင်းက နောက်ကပိတ်ရာတွင် ရန်သူ၏ညာတောင်ပံ တွင် ခမရ ၁၀၇ နှင့် ၁၀၉ တို့ ၂ တပ်က ကာထားသဖြင့် ၎င်းတပ်ရင်းသည် ၁၀၉ နှင့် တိုက်ပွဲဖြစ်ပြီး ရှမ်း ၁ နောက်သို့ မရောက်နိုင်ဘဲ၊ မိမိတို့ညာဝိုက် ၅၀၁ တပ်ရင်းသည် အလွန်ရဲရင့်စွာ ဟစ်အော်ကြွေးကြော်ပြီး ထိုးချလိုက်ရာ ရန်သူတို့ ကြောက်အားလန့်အားဖြင့် ယာယီကတုတ် များ တူးနေစဉ်ပင် ကတုတ်တူးကိရိယာများ စွန့်ပစ်ပြီး အတင်းထွက်ပြေးကြသည်တွင် ကင်းထောက်ခိုင်းကြည့်ပြီး နောက်ကမပိတ်နိုင်ဘဲ မိမိတို့တပ်များ နောက်ပြန် ဆုတ်နားကြသည်။ သုံ့ပန်းပြောမှ မိမိတို့ဆက်ထိုးလျှင် ရနိုင်သေးကြောင်း၊ လူနာများ ခဲယမ်းမီးကျောက်များ မရွှေ့ရသေးကြောင်း သိရသည်။ သို့ရာတွင် ဤပွဲသည်လည်း အောင်ပွဲတရပ်ပင် ဖြစ်ပေ သည်။

၉၈။ သို့ရာတွင် ဤလှုပ်ရှားစစ်တွင် ယခုထက် ကျွမ်းကျင်ဖျတ်လတ်မှု လိုပေမည်။ မြေအခြေအနေကို ယခု ထက် လျင် လျင်မြန်မြန် အကဲခတ်ဆုံးဖြတ်ရန်လည်း လိုပေမည်။ အချုပ်အားဖြင့် လှုပ်ရှားစစ်တွင်လည်း ကျွန်တော်တို့ ယခုထက်ပို၍ ပိုင်နိုင်ရန် ဆက်လက်လေ့လာသွားရမည်။ ဤကဲ့သို့ အခွင့်ကောင်းတွင်ထိလိုက် တာနဲ့ ရန်သူဟန်ချက်ပျက်သွားတတ်သည့် ဓမ္မတာဖြစ်၍ ပိုမိုလျင်မြန်စွာအမြတ်ထုတ်ရဲကြရပေမည်။
               
ဆုတ်ခွာပြောင်းရွှေ့ချိန်
၉၉။ ယင်းအချိန်နှင့်ပတ်သက်၍ ကျွန်တော်တို့ဆုံးဖြတ်မှု ချို့ယွင်းအားနည်းမှု ရှိသည်ထင်ပါသည်။ တန်ပြန် ထိုးစစ်များ မလုပ်နိုင်လို့ ရန်သူတိုက်အောင်စောင့်ပြီး ဦးချိုးရ၍ ကြာသွားသည့်တိုင် အနည်းဆုံးအားဖြင့် ၂၀ ရက်နေ့ ရန်သူဦးကျိုး သွားမှုအခြေအနေကို လေ့လာနားလည်ပြီး ယင်း ၁ ရက်၊ ၂၁ နောက်အကြာဆုံး ၂၂ ရက်နေ့ ဆုတ်ခွာသင့်သည် ယူဆသည်။ ချေမှုန်းရေးလောဘ နောက်လိုချင်ဆန္ဒအပေါ် စိတ်ဝင်စားပြီး ရှေ့တွင် ချေမှုန်းရေးအတွက် ရန်သူထိုးနိုင်ဦးတော့မည် မဟုတ်ကြောင်း အတော်ပင်ယုံကြည်ထိုက်နေ၍ ဖျတ်လတ်စွာ ဆုတ်ခွာ တပ်ရွှေ့သင့်သည်။ ယခု အနည်းဆုံး ၄-၅ ရက် ပိုရှည်သွားသည်။ ထို့ကြောင့် မိမိတို့၏ သေနင်္ဂဗျူဟာ အမြင်ဘက်စုံအောင် သတိမထားမိရာကျသည်။ ထို့ကြောင့် အပိုဒ် ၈၂ တွင် ဖော်ပြသကဲ့သို့ ကျွန်တော်တို့ သေနင်္ဂဗျူဟာအရ ကျွန်တော်တို့ အတော်အတန် ထိခိုက်နိုင်သည်။ အနည်းဆုံး ကျွန်တော်တို့စစ်ဆင်ရေး ရည်မှန်းချက် အမှန်ကိုမသိသည့်တိုင် ကျွန်တော်တို့တိုက်စွမ်းရည်ကို အနည်းဆုံးအတော် အထင် ကြီးသွားနိုင်သည်။

၁၀၀။ ကျွန်တော်တို့သည် ၂၆ ရက်နေ့ကျမှ ဆုတ်ခွာတပ်ဆုတ်ရေး ဆုံးဖြတ်ကြရာတွင် -
(က) ချေမှုန်းရေးစစ်အမြင်နှင့် ရန်သူကလည်း အရင်ကလို အသေခံထိုးစစ်မဆင်တော့ဘဲ မိမိတို့တပ်များကို ထိန်းချုပ်ထား၍ အခြား အောင်ဇေယျအမည်နှင့် စစ်ဆင်ရေးသစ်ဆင်ရန် စီမံနေခြင်း (ခ) ရန်သူကမထိုးနိုင်၍ ဇက်ကြိုးနေသည်တွင် မိမိတို့က ချေမှုန်းနိုင်စွမ်းမလုပ်ရဲပေ။ ပင်ပန်းနေသည်ကတကြောင်း၊ သိပ်ထိခိုက်ကျ ဆုံးသွားမှာစိုး၍ တကြောင်းဖြစ်သည်။ ထို့ကြောင့် ချေမှုန်းရေးအမြင်ဖြင့် ဆက်လက်တပ်စွဲထားရန် မသင့်ဟု ယူဆခြင်း (ဂ) ရန်သူ့ အောင်ဇေယျ ဒုတိယစစ်ဆင်ရေးသစ်မှာ မိမိနောက်ပိုင်း ဆက်သွယ်ရေးလမ်းကြောင်းကို ခြိမ်းခြောက်ဖို့ ရည်ရွယ်လာသဖြင့်တကြောင်းဖြစ်သည် (ဃ) ရန်သူရှမ်း ၁ တပ်ရင်းနှင့် ခလရ ၁၀ တို့ အသစ် ရောက်လာခြင်းနှင့် (င) အထက်ဖော်ပြပါသေနင်္ဂဗျူဟာအရ စောစောဆုတ်သင့်ကြောင်းကို ယေဘုယျ သိထား သော်လည်း အလေးထားချက်အားနည်းခဲ့သည်။ ထို့ကြောင့် ၂၆ ရက်မှ ဆုတ်ဖြစ်သည်။

တပ်အင်အား စုရုံးမှု
၁၀၁။ (က) ယခု စစ်ဆင်ရေး မိမိတို့တပ်အင်အားစုရုံးမှုမှာ စစ်ဆင်ရေးအတိုင်းအတာအရ လုံလောက်ပေ သည်။ သို့မဟုတ် ဤကဲ့သို့ သံလွင်မြစ်အရှေ့ပိုင်းတွင် မြေအခြေအနေအရလည်း ကန့်သတ်မှုရှိသောဒေသ တွင် ရန်သူလည်း တပ်များများမသုံးနိုင်။ အကြောင်းမှာ သူ့မြို့ကြီး၊ လမ်းမကြီးများနှင့် အတော်အလှမ်းကွာ သဖြင့် နောက်ပိုင်းအတိုက်ခံရက သိပ်အရေးမကြီးသည့်နေရာတွင် တပ်ကျွံနေမှာစိုး၍ဖြစ်သည်။ သံလွင်မြစ် အနောက်ဘက်ဆိုက ရွှေ့လွယ်ပြောင်းလွယ်သဖြင့် ယခုထက် တပ်အင်အားပိုသုံးနိုင်စရာရှိသည်။

(ခ) အမှန်အားဖြင့် တပ်အင်အားမှာ မည်သည့်အခါမှ လောက်သည်မရှိနိုင်။ အကယ်၍ မိမိတို့မှာ တပ်ရင်းသစ် ၂ ရင်းမျှသာ ရှိခဲ့လျှင် ဇက်ကျိုးသွားသည့်ရန်သူကို ပို၍ချေမှုန်းနိုင်ဦးမည်ဖြစ်သည်။ အမှန်မှာ မိမိလက်ရှိအင် အားနှင့် အထက်တွင်ဖော်ပြခဲ့ သည့်အတိုင်း ကိုယ့်ဒူးကိုယ်ချွန်နည်းအရ ကိုယ့်ကိုယ်ကိုယ် ကြိုးစားအားထုတ် သင့်သည်။ လက်ရှိအချိန်အခါအခြေ အနေမျိုးတွင် မိမိတို့သေနင်္ဂဗျူဟာထိုးစစ်ကြီးဆင်နွှဲဖို့ လက်တွေ့အလှမ်း ကွာနေသဖြင့် အားရှိသလောက် တပ်များမစုရုံးသင့်သေးပေ။ စုရုံးလျှင် ရန်သူကလည်း ထိုထက်များစွာ စုရုံး ဖွဲ့စည်းလာမည်ဖြစ်ရာ မိမိတို့တွင် ယခုအခါ ကိုယ့်အင်အားစွမ်းရည် အကုန်ပြသင့်သည့်အခါလည်း မဟုတ်။ အင်အားဆွဲဆန့်ခြင်း ပြိုင်ကြလျှင် မိမိတို့က ခဏလေးအတွင် အမြင့်ဆုံးဒီဂရီရောက်ပြီး ရှေ့မတိုးနိုင်ဘဲ ရပ်နေ ပေမည်။ ရန်သူကမူ ကျွန်တော်တို့ ဆန့်ထုတ်နိုင်သည်ထက် ပိုမိုအင်အားရှိစွာ ဆန့်ထုတ်လာနိုင်သည်။ ထို့ကြောင့် စစ်ဒေသလက်သီးများသည် ယခုကဲ့သို့ ယခုအချိန်အခါတွင် တပ်မဟာ ၂ ခုထက် မပိုသင့်သေးပေ ဟု ထင်မြင်သည်။ သို့ရာတွင် တစုံတခုထူးခြားသောအခြေအနေများတွင် ပို၍ ယခုမှန်းသည်ထက် သုံးသင့် သည့်အခြေအနေမျိုး ရှိကောင်းရှိလာနိုင်သည်။ ထိုအခါမျိုးမှသာ သုံးရန်ဖြစ်ပေသည်။

ပြည်သူ့စစ်
၁၀၂။ ယင်းတပ်စုစည်းမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့်စစ်ဆင်ရေးအတွင်း ကျွန်တော်တို့အတွေးအခေါ် အမြင် သစ်တခု တိုးမြင့်လာသည်မှာ ကျွန်တော်တို့အခြေခံဒေသတွင် စနစ်တကျစည်းရုံးထားသည့် လူထုနှင့်ဒေသ ခရိုင်တပ်၊ ပြည်သူ့စစ် အဖွဲ့အစည်းများရှိရာ၊ ပြည်သူ့စစ်သဘောတရားအရလည်းကောင်း၊ လက်နက်ကိုင်အင် အားနှင့် ပြည်သူ့အင်အား တို့ကို ဒေသအလိုက် အခုထက်မှီခိုပူးပေါင်းသင့်သည် ထင်ပါသည်။ ပြည်သူ့စစ်များ အဖို့ တနှစ်လျှင် အလုပ်များသောလယ်လုပ်ချိန် ဇွန်၊ ဇူလိုင်နှင့် ကောက်စိုက်ချိန် နိုဝင်ဘာလ တလကျော်ကျော် ပေါင်း ၄ လမျှသာ အလုပ်များကြသည်။ ထို့ကြောင့် ဤအချိန် နှင့် မကိုက်ညီသည့်အချိန်တွင် ဤအခြေခံဒေသမှ မဝေးသည့်နေရာမှာ စစ်ဆင်ပါက လက်နက်ကိုင်ပြည်သူ့စစ်များကို အနိမ့်ဆုံး တပ်ခွဲလိုက်ဖွဲ့၍ တပ်ရင်းများ အတွင်းရောစပ်၍လည်းကောင်း တခြားသင့်တင့်လျောက်ပတ်သော တပ်စုတပ်ခွဲကေ ဒါများ စစ်ဆင်နေစဉ် စစ်ဒေသနှင့် အခြားစစ်ခရိုင်ဌာနများမှ ခေတ္တဆွဲယူချေးငှား၍ တပ်စုတပ်ခွဲကေဒါ များအဖြစ် တပ်ဆင်ပြီး အသုံး ချနိုင်မည် ထင်ပါသည်။
   
ခရိုင်တပ်များလည်းရှိသေးရာ ၎င်းတို့ကို အဓိကတပ်ကဲ့သို့ တဖြည်းဖြည်းအသုံးပြုခြင်းဖြင့် ရင့်ကျက်လာ အောင် လုပ်ဆောင် နိုင်ပေသည်။ သို့ဖြင့် မိမိတို့လက်သီးများမှာ များစွာအင်အားကြီးထွားလာနိုင်သည်။

၁၀၃။ ယင်းသို့ကြောင့် လက်သီးအနေဖြင့် စစ်ဒေသလက်သီးသာမက တပ်မဟာတိုင်းကလည်း အထက်ပါ ဒေသတပ်များနှင့် ပူးပေါင်းစစ်ဆင်ပါက ဒုတိယတန်းလက်သီးများဖြစ်လာနိုင်သည်။ ဤသို့ဖြင့် တပ်မဟာများ လည်း တိုက်ခိုက်ရေးစိတ်ဓာတ်နှင့် တိုက်ခိုက်ရေးတပ် လုံးလုံးဖြစ်လာနိုင်မည်။

ပေါင်းစပ်ရေး
၁၀၄။ ယခုစစ်ဆင်ရေးတွင် တခြားညီနောင်တပ်များ ပေါင်းစပ်မှုအနေဖြင့် ထိရောက်မှုနှင့် ဟန်ချက်ညီမှု အားနည်းနေသည်ဟု ယူဆသည်။ (က) ကျွန်တော်တို့ စစ်ဆင်ရေးစခါစ ၂၀၂ စစ်ဒေသတွင် တစုံတရာလှုပ်ရှား ပါက ရန်သူသည် ထိုဒေသမှ ရှမ်း ၁ နှင့် အခြားတပ်ရင်းတရင်းစာမျှကို ဆွဲမထုတ်ရဲဘဲ နောက်ထပ်၍ အပေါ်စီး ရနေသည့် ၆၈၃ ဒေသမှ ရန်သူ့တပ်များကို ပိုဆွဲရပေမည်။ သို့ဖြစ်၍ ၆၈၃ တပ်မှာ သက်သာမှု ယခုထက် ပိုကောင်းနိုင်သည်။ သို့သော် အစီအစဉ်အတိုင်း ထိရောက် သောလှုပ်ရှားမှု မလုပ်နိုင်ဟု ယူဆရပေသည်။

(ခ) အခြားပေါင်းစပ်ကြသည့် သံလွင်အနောက် ကာမုန်းဒေသရှိ တပ်မဟာ ၁၂ ၏ ရင်း ၉ နှင့် ပတ်သက်၍ လည်းကောင်း၊ ကိုးကန့်၊ ဝမြောက် တို့နှင့် ပတ်သက်၍လည်းကောင်း၊ အပိုဒ် ၆၃-၆၄ နှင့် အချို့နေရာတို့တွင် ဖော်ပြထားသည့်အတိုင်း ချို့ယွင်းချက်နှင့် ကောင်းမွန်းချက်များ ရှိခဲ့ပေသည်။

၁၀၅။ အလားတူ မုန်ဂူမှ တပ်မဟာ ၂ သည်လည်း ကွန်းလုံ-သိန္နီလမ်းဖျက်ရေး လာရောက်ပေါင်းစပ်ရာ အတော် နောက်ကျ နေသဖြင့် အပိုဒ် ၆၃ တွင် ပါသကဲ့သို့  ထိထိရောက်ရောက် အကျိုးရှိနိုင်သလောက် မလုပ်နိုင်ခဲ့ကြပေ။
   
အချုပ်အားဖြင့် ပေါင်းစပ်ရေးရည်ရွယ်ချက်နှင့် တာဝန်တို့မှာ အခြေခံအားဖြင့် ၄ ချက်ရှိသင့်ပေသည်။
   
(က) ပထမအားဖြင့် တိုက်ရိုက်ပါဝင်ပေါင်းစပ်သည့်နည်းလမ်း-ဥပမာအားဖြင့် ၎င်းသည် ၁၉၇၂ ခုနှစ် ကွန်လုံတိုက်ပွဲကြီးအတွင်း တပ်မဟာ ၂ က ကွန်းလုံကားလမ်းကိုဖြတ်ပြီး ချန်ချင်းစန်းတောင်မှနေ၍ ရန်သူ တပ်ရင်းအမြောက်အမြားကို ဆွဲငင်ထားသည့် ပွဲမျိုးဖြစ်သည်။
   
(ခ) အလှမ်းဝေးဝေးမှ ရန်သူအတွက် အားအနည်းဆုံး အထိမခံနိုင်ဆုံးနေရာများတွင် လှုပ်ရှားခြင်းဖြင့် ရန်သူကို စစ်မြေပြင်သို့ တပ်များ မပို့နိုင်အောင် တပ်များကို ချုပ်ငင်ထားနိုင်သည်။ ဥပမာ-ယခုစစ်ဆင်ရေးတွင် အထက်ကပြောလိုက်သလို ၂၀၂ စစ်ဒေသကလှုပ်ရှားပါက များစွာအကျိုးရှိပေမည်။
   
(ဂ) တတိယမှာ ရန်သူ့အရန်တပ်များ အခြားဒေသ အလုပ်ရှုပ်နေတုန်း ထိုရန်သူနှင့်ဆက်စပ်နေသည့် မိမိ တို့တပ်အသီးသီး ကလည်း မိမိတို့ဒေသဝန်းကျင်အတွင်းမှာပင် သင့်လျော်သောတိုက်ကွက်များကို တိုက်ခိုက်ခြင်း၊ မိမိတို့နယ် တိုးချဲ့ရေးလှုပ် ရှားမှုများ လုပ်ကိုင်ခြင်းတို့ဖြင့် ချေမှုန်းရေး (သို့) နယ်တိုးချဲ့ရေးတို့အပေါ် အမြတ်ထုတ်လုပ်ကိုင်သင့်ပေသည်။ ယင်းသည်ပင် ထိုဒေသမှ ရန်သူနောက်ထပ် မလျှော့ချရအောင် ဆွဲထားဖို့ အကြောင်းတရားလည်း ဖြစ်ပေသည်။

(ဃ) တခါတရံ ရန်သူတို့က မိမိတို့လက်သီးတပ်ကိုပြန်ဆွဲခေါ်ရာ တနေရာရာကို ထိုးစစ် (သို့မဟုတ်) ဟန်ပြလှုပ်ရှားမှုများ လုပ်တတ်ရာ ယင်းအခွင့်အရေးကိုစောင့်ပြီး ထိရောက်စွာအမြတ်ထုတ်ပါက မူလစစ်ဆင် ရေးကြီးတို့လောက်ပင်လျှင် တခါတရံ ချေမှုန်းရေးအမြတ်ထွက်နိုင်သေးသည်။ ဥပမာ - ၇၇ ခု ဇွန်လ လွယ်ချို စစ်ဆင်ရေးကိုဆွဲရန် ပန်မာကောက်ရဲ့ လွယ်ဆီးကို တပ်မဟာ ၈ ကတိုက်ခိုက်စဉ် မိမိတို့က များစွာချေမှုန်း လိုက်နိုင်ခြင်း။ အလားတူ ယခုနှစ်မေလ တပ်မဟာ ၁၂ သံလွင်အနောက်တိုက်နေသော တပ်မဟာ ၁၂ ကို ထုတ်ဆွဲရန်အတွက် ပန်လုံမှ ရန်သူ့တပ်ရင်း ၇ က မြောင်စူစန်းရှိတပ်ခွဲကို လာရောက်တိုက်ခိုက်ရာ ထိခိုက် ကျဆုံးစေခဲ့သည်။ ဤသဘောများပင် ဤကဲ့သို့လှုပ်လာသည့်ရန်သူကို ကျန်တပ်များက ဒေသတပ်များနှင့် ပူးပေါင်း၍ ရိုးရိုးကာကွယ်သော တိုက်ပွဲသာမက အထိနာအောင် တိုက်ရပေမည်။ ဤနည်းဖြင့် ရန်သူအား ချေမှုန်းရင်း ထိရောက်စွာပူးပေါင်းပေးရပေမည်။

ထို့ပြင် အခြားနည်းလမ်းများဖြင့် ရန်သူ့ဟန်ချက် ယိမ်းယိုင်မတည်ငြိမ်မှု ဖြစ်သွားသော မိမိတို့၏ လက်သီးအရှိန်ပေါ်တွင် အမြတ်ထုတ်ရန်သော်လည်းကောင်း၊ သို့မဟုတ် ဆွဲငင်ချုပ်ကိုင်ပေးရန်သော်လည်းကောင်း အခြားသင့်လျော်သည့် အခြေ အနေပေးသည့် နည်းလမ်းများလည်း ပေါ်ပေါက်လာဦးမည်ဖြစ်ရာ ထိထိရောက် ရောက် အခွင့်အရေးယူသင့်ပေသည်။

ရန်သူ့အကြောင်း
၁၀၆။ ကျွန်တော်တို့သည် မိမိထက် အင်အားအတော်သာလွန်သည့်ရန်သူနှင့် တိုက်ခိုက်နေရသဖြင့် တကြောင်း၊ မှန်ကန်စွာ တိုက်ပွဲကိုလမ်းညွှန်နိုင်ရန်အတွက် ရန်သူ့အကြောင်း၊ သူ၏လှုပ်ရှားမှုတရားများနှင့် ပြောင်းလဲနေသည့်ဖြစ်စဉ်များကို တိုက်ပွဲ တလျှောက် ကျွန်တော်တို့သိရှိနားလည်မှု မျက်ကြောမပြတ်ရန် အမြဲ ဂရုပြုထားရပေမည်။ အချို့ ကျွန်တော် တို့တပ်မှူးများ သည် တဖက်အကြောင်းလုံးဝနီးပါး မစဉ်းစားဘဲ မိမိ အခြေအနေနှင့် မိမိဖြစ်ချင်သည့် ဆန္ဒအပေါ်မှာသာ အာရုံစူးစိုက် ထားကြသဖြင့် လက်တွေ့ဘဝနှင့် ကွာလှမ်းပြီး လက်ဦးမှုမဲ့ခြင်း သို့မဟုတ် မိမိထိခိုက်နစ်နာရခြင်းတို့ပင်ဖြစ်တတ်ပေသည်။

၁၀၇။ ကျွန်တော်တို့ စစ်ဆင်ရေးကို ရန်သူဘက်ခေါင်းဆောင်သူမှာ တပ်မ ၉၉ မှ မင်းနောင်ဖြစ်သည်။ သူ့ အထက်မှ ရမခ တိုင်းမှူးမှာ လှဦး ဖြစ်သည်။ ၂ ယောက်စလုံး ၅၀ ခုနှစ် ကွန်မြူနစ်ဆန့်ကျင်ရေး စစ်ဝန်ထမ်း ဆိုရှယ်လစ်တပ်မှူးကလေးများမှ တက်လာသူများဖြစ်သည်။ ၎င်းတို့လက်တွင် ပြည်သူ့သွေးများ၊ ကွန်ြမူနစ် သွေးများ ပေကျံ၍လည်းကောင်း၊ ၎င်းတို့၏ နောက်ကြောင်းစာရိတ္တမှာလည်း နေဝင်းကဲ့သို့ ညစ်ပတ်ပေရေကြ မည့်သူများဖြစ်၍ ဖြစ်သည်။ ၎င်းတို့သည် အထက်တန်း ကျသော စစ်ကျောင်းများ၊ စစ်အတွေ့အကြုံများ နှင့် စာပေသမားများလည်း မဟုတ်သဖြင့် ယဉ်ကျေးမှုနှင့်စစ်အရည်အချင်းမြင့်မားမှု အားနည်းပေလိမ့်မည်။ ၎င်းတို့သည် သူတို့၏ ညစ်ပတ်မှုနှင့် ပြည်သူ့သွေးများကြောင့် ကွန်မြူနစ်ဆိုလျှင် ဘာပဲဖြစ် ဖြစ် ကြောက်လန့်တကြား မျက်စိမှိတ်၍ ထိုးခုတ်သတ်ဖြတ်ကြမည်ဖြစ်သည်။ ထို့ကြောင့် ယခုစစ်ဆင်ရေးတွင် ကျွန်တော်တို့ လိုလား သည့် မစဉ်းစားမချင့်ချိန် တိုက်ခိုက်ကြခြင်းဖြစ်၍ များစွာဟန်ကျပေသည်။

ယင်းကြောင့် ၉၉၁ ဗျူဟာနှစ်ကြိမ် အလဲခံရသည်။ ၎င်းတို့အား စဉ်းစားချင့်ချိန်ရန် ပြန်ပြော၍မရပေ။ ဤလို လူမျိုးကို နေဝင်းက များစွာ ကိုယ်နဲ့ထပ်တူအားထားပေသည်။ ထို့ကြောင့် ဤမျှများပြားစွာ အကျခံထိုးသော မင်းနောင်အား တပ်အတွင်း တိုင်းမှူးအဖြစ် ရာထူးတိုးပေးခဲ့သည်။ ၎င်းတို့နှင့် သမရိုးကျစစ်မှုထမ်းများ ပဋိပက္ခ ဖြစ်ကြရမည်မှာ ဓမ္မတာပင်ဖြစ်သည်။

၁၀၈။ ၎င်းတို့သည် မိမိနှင့် ရင်ဆိုင်နေရသည့် ရန်သူသည် ဘာတပ်လဲ၊ ဘယ်လောက်များသလဲ၊ ဘယ်လိုလူမျိုး တွေ ခေါင်းဆောင်သလဲ၊ ဘာရည်ရွယ်ချက်လဲ၊ ဘာလုပ်လိမ့်မည်ထင်သလဲတို့ကို လေ့လာဆန်းစစ်သူများ မဟုတ်ဘဲ ချူးရွှေကို သာ မဲနေသည်။ ခဲပစ်သည့်လူကို မကြည့်။ ခဲကိုသာမဲလိုက်သည့် ခွေးလိုဖြစ်နေသည်။ ၎င်းတို့စိတ်ထဲတွင် ဟိုပန်သာကျသွား လျှင် ငါ့ဂုဏ်သိက္ခာနဲ့ ငါ့အပေါ် ထင်မြင်ချက်ရှိလာပြီး အနာဂတ်တိုးတက် ရေး ထိခိုက်နိုင်တယ်။ တံခါးတခုဖြစ်တဲ့ ချူးရွှေကို မရမနေမဲကြသည်။

၎င်းတို့စိတ်တွင် မိုးမိတ်တိုက်ပွဲက ခြောက်နေပုံရသည်။ ဤကဲ့သို့ မြို့တိုက်ခိုက်သိမ်းပိုက်ခံရသဖြင့် နေဝင်း-စန်းယုတို့ အပြစ်တင်ကြိမ်းမောင်းမှာ မိမိဂုဏ်သိက္ခာထိခိုက်ပြီး နောင်တက်လမ်းကို ပိတ်နေမှာကို တွေးပူနေပုံရသည်။ သူတွင်မဟုတ်၊ သူ့နောက်က လှဦး၊ အေးကို၊ နေဝင်း၊ ကာကွယ်ရေးဝန်ကြီးဆိုသူ ကျော်ထင်တို့ဖြစ်သည်။

ဤသို့ ဦးဆောင်မှုညံ့ဖျင်းရခြင်းသည် အထက်ဖော်ပြပါတို့အပြင် နေဝင်းက အလွန်အားနည်းသူဖြစ်၍ အရည်အချင်း အသင့်အတင့်ရှိပြီး နာမည်ထွက်လာသူမှန်သမျှကို ကြိုတင်ဖယ်ရှားခဲ့၍ ဖြစ်သည်။

၁၀၉။ ၎င်းတို့တပ်အချင်းချင်းပူးပေါင်းမှုမှာ အလွန်အားနည်းပေသည်။ ဥပမာ-ရပခ  က ၆၆၃ ဗျူဟာနှင့် ၈၀ နှင့် ၈၁ တပ်ရင်းများ ပေးပို့ရာ ထိုတပ်ရင်းများသည် စစ်ပွဲအတွေ့အကြုံရှိသော တပ်များမဟုတ်၊ မိမိဒေသကို ဦးထား သဖြင့် တပ်ညံ့များကို ပေးပို့သည်။ သုံးသူကလည်း ထိုဧည့်သည်တပ်ကို မိမိမူရင်းတပ်များထက် နှိမ်ချပြီး ဂရု မစိုက်လွယ်သလို ၎င်းတို့ထိခိုက်ကျဆုံးမှုနှင့် လက်တွေ့အခြေအနေများကို မထောက်မထားသုံးစွဲကြသည်။ ဤနည်းဖြင့် မိမိတို့ပုဂ္ဂလိကအရေးကို ရှေ့ရှူကြခြင်းဖြစ်သည်။

၁၁၀။ အထက်တနေရာတွင် ဖော်ပြခဲ့သည့်အတိုင်း ရန်သူ့ခြေလျင်တပ်နှင့် အမြောက်တပ်ပေါင်းစပ်ရေး အလွန် ညံ့ဖျင်း အားနည်းသည်။

(ခ) မီးအားကို စုစည်း၍ မသုံးတတ်၊ တပ်ရင်းနောက်ပွင့်နှင့် လက်နက်ကြီးများကလည်း မိမိအမြောက်ပစ်နိုင် သော အကွာ အဝေးတွင်းဖြစ်သော်လည်း ကြောက်၍ မပစ်ဘဲနေတာများသည်။ အမြောက်ပစ်ပုံမှာ မုန်တိုင်း ဆင်မည့် ပစ်ပုံမျိုးမဟုတ်။ သာမန် လို၍ခေါ်သည့်အခါ လာ၍ကူပေးနည်းမျိုးသာဖြစ်သည်။

(ဂ) သူတို့လေယာဉ်သည်လည်း အထက်တနေရာတွင် ဖော်ပြထားသကဲ့သို့ ထိထိရောက်ရောက် မပေါင်းစပ် နိုင်။

လေယာဉ်သော်လည်းကောင်း၊ လက်နက်ကြီးအမြောက်သော်လည်းကောင်း၊ တချိန်တည်း ထိထိ ရောက်ရောက်ပစ်သည် မဟုတ်၊ အကြိမ်ကြိမ် အလီလီ လဲလှယ်ပစ်နေတတ်သည်။ လေယာဉ်မှူးများလည်း မိမိတို့ကောက်ကြီးများကို ကြောက်၍လည်းကောင်း၊ တောင်ထွတ်များကို ကြောက်၍လည်းကောင်း၊ နိမ့်နိမ့် မဆင်းရဲ။
၁၁၁။ (က) ရန်သူ့ခြေလျင်တပ်၊ ၎င်းတပ်များသည် ယေဘုယျအားဖြင့် ပြည်တွင်းစစ်တိုက်ပွဲကြောင့် အတွေ့ အကြုံအချို့ရှိပြီး ဆင်းရဲပင်ပန်းလည်း အတော်ခံနိုင်သည်။

(ခ) ၎င်းတို့အကျအဆုံးခံပြီး ခဏခဏ တက်ထိုးနိုင်ခြင်း၊ ရာနှုန်း ၂၀ မှ ၄၀ ထိ ကျဆုံးသွားသည့်တိုင် အချို့တပ် တိုက်ခိုက်ရေးစည်းကမ်း အတော်အသင့်ထိန်းသိမ်း၍ ဆက်၍အလုပ်လုပ်နေနိုင်သည်။ နောက်ပိုင်းကျမှ အကျ အဆုံးများလာမှ ဦးကျိုးပြီး ဝတ်ကျေတန်းကျေလုပ် လာတော့သည်။ လူထုစည်းကမ်း မကောင်းသော်လည်း ၎င်းတို့တပ်များ ထိခိုက်နိုင်သည့် စည်းကမ်းများ အတော်အသင့်ကောင်းပုံရသည်။

၁၁၂။ သို့ရာတွင် ရန်သူ တစုံတရာအတိုင်းအတာထိ ဦးကျိုးသွားမိလျှင် တော်တော်လျော့ရဲပြီး လုံးဝပြိုကွဲ မလောက် စိတ်ဓာတ်ကျဆင်းသွားတတ်သည်။    ။

ပန်ကော်-ချူးရွှေတိုက်ပွဲတွင် မိမိဘက်မှ ထိခိုက်ကျဆုံးတဲ့စာရင်း
(၁၉၇၇-၁၀-၃ ရက်နေ့မှ ၁၉၇၇-၁၁-၃ ရက်နေ့အထိ)



ရက်စွဲ
၇၇-၁၀- ၇က်
ပန်ကော်-ချူးရွှေ
ရက်မှ ၂၅ ရက်
ပန်ကော်-ချူးရွှေ
၂၉ ရက်မှ ၃၁ ရက်
ဟူစွမ် တိုက်ပွဲ
       စုစုပေါင်း
ထိနာ
ကျ
ဒဏ်
ကျ
ဒဏ်
ကျ
ဒဏ်
ကျ
ဒဏ်
တပ်ရင်း ၅၀၁
၇၅
၉၈
၁၆
၁၈
၁၄၉
တပ်ရင်း ၄၀၄၆
 
၂၆
-      -
 
 
 ၃၅
တပ်ရင်း ၁၈
၁၁
-              

 
 ၁၄
တပ်ရင်း ၀၄၂
၁၀
၃၆

 
-              
 
၁၀
 ၃၉
စစ်ဒေသ အမြောက်
တပ်ရင်း



 
-              
 
 
တပ်မဟာ ၁၂




-              

 
 ၃၇

တပ်ရင်း ၁၈ မှ ဖျားလို့ ယောက် ကျဆုံး
 


စုစုပေါင်း
၄၉
၂၈၃

(စစ်အစိုးရထုတ်ပြန်ချက်အရ ဗကပ ၆၆၄ ဦးကျဆုံး၊ ၄၀၈ ဦးဒဏ်ရာရ။)
       
ပန်ကော်-ချူးရွှေတိုက်ပွဲ ရန်သူအင်အားပြဇယား


စဉ်
တပ်
ရင်း
စက
ခွဲ
သေ
ဒဏ်
သုံ့ပန်း
ပေါင်း
ရာခိုင်နှုန်း
ကချင်-
/
၂၀
၁၆
၂၂
၅၈
၁၃
ခမ၇ ၁၀၃
-
-
 
၁၃
 -
၁၇
၁၇
ခလရ-
-
-
 
၂၃
 -
၂၅
၂၅
ခလရ-
-
၃၀
၁၄၅
 -
၁၇၅
၃၅
ခလရ-၁၀
-
 
 ၁၈
 -
၁၉
 
ခလရ-၁၂
-
 
 ၁၂
 -
၁၈
 
ခလရ-၁၃
-
၁၉
၁၀၆
 -
၁၂၅
၂၅
ခလရ-၃၆
-
 
 
 -
 
စာရင်းမရ
ခလရ-၈၀
-
 
 ၄၉
 -
 ၅၇
၁၂
၁၀
ခလရ-၈၁
-
-
၂၃
၁၁၀
 
၁၃၄
၂၇
၁၁
ခမ၇-၁၀၇
-
 
 ၅၆
 -
 ၆၁
၂၄
၁၂
ခမရ-၁၀၉
-
၃၆
၁၃၇
 -
၁၇၃
၃၀
၁၃
အမြောက်တပ်
-
-
-
 
 
 -
 
--
၁၄
တပ်မ-၉၉
-
-
-
 -
 
 -
 
--
၁၅
ရဲ (မသိ)
-
-
-
 -
  -
 
 
--
၁၆
ရှမ်း-
-
၄၇
၄၅
 
  ၉၅
၁၉
၁၇
တိုက်လေယာဉ်မှူး






                      ရင်း စစ်ကြောင်း၂ ခု ခွဲ





စုစုပေါင်းထိခိုက်မှု
၂၀၅
၇၃၇
၂၇
၉၆၉


စစ်အစိုးရ ထုတ်ပြန်ချက်အရ ၎င်းတို့စစ်သည် ၁၀၀ ကျော်ကျ၊ ၂၀၀ ကျော်ဒဏ်ရာရ၊ ၇ ဦးပျောက်ဆုံး။

အထိနာသော တပ်များမှာ ကချင် ၃၊ ခလရ-၇၊ ခလရ -၁၃၊ ခလရ ၈၀၊ ခလရ ၈၁၊ ခမရ ၁၀၇၊ ခမရ ၁၀၉၊ ရှမ်း ၁-စုစုပေါင်း ၈ ရင်းဖြစ်သည်။ ရန်သူ့လေယာဉ်တစင်းကိုလည်း ပစ်ချခဲ့။

ပန်ကော်-ချူးရွှေတိုက်ပွဲစဉ်၊ ရန်သူ့ထံမှ သိမ်းပိုက်ရမိသော လက်နက်ခဲယမ်းပစ္စည်းစာရင်း

(၇၇-၁၀-၃ ရက်မှ ၇၇-၁၁-၃ ရက်နေ့ထိ)
                                        ဦးရေ                  ၎င်းကျည်ဆန်   
    ၁။ ဂျီ-၂၊ ဂျီ-၃နှင့် ဂျီ-၄                    ၄၆ လက်          ၁၀၀၅၀၀ ကျော်
    ၂။ ကာဘိုင်                              ၁၅                      ၂၀၀၀၀
    ၃။ အင်္ဂလိပ်ရိုင်ဖယ်                      ၁၂                      ၁၁၀၄   
    ၄။ ခေါက်စိန်ပြောင်းခေါ် ဗုံးသေနတ်                      ၄                  ၂၁၀
    ၅။ ၇၅မမ နောက်ပွင့်အမြောက်               ၂              ၂၅၀
    ၆။ ၈၁မမ မော်တာ                                            ၂                      ၅၄၄
    ၇။ ၃.၅လက်မ လောင်ချာ(၉၀မမ လောင်ချာ)  ၂                   ၁၇
    ၈။၂လက်မ မော်တာ                               ၃                ၁၉၃
    ၉။ ပစ္စတို                                ၅             
    ၁၀။ နေဝင်းစတင်း                                            ၂         
    ၁၁။ လက်ပစ်ဗုံး                        ၄၀        
    ၁၂။ ဆွဲမိုင်းနှင့် နင်းမိုင်း                    ၁၃၂
    ၁၃။ မှန်ပြောင်း                        ၂
    ၁၄။ ကွန်ပါ                            ၃
    ၁၅။ ယမ်းချောင်း                         ၃
    ၁၆။ကြေးနန်းစက်                         ၂ လုံး
    ၁၇။ ကြေးနန်းဓာတ်အားသွင်းစက်             ၁ လုံး
    ၁၈။ အချက်ပြသေနတ်                             ၄ လက်
    ၁၉။ ကျောပိုးအိတ်                              ၁၀၀ ကျော်
    ၂၀။ ဂေါ်ပြား၊ ပေါက်ချွန်း၊ ဓား                အတော်များများ
    ၂၁။ ဆန်                                      ၄၅ အိတ်
    ၂၂။ ကုလားပဲ                                                        ၄ အိတ်
    ၂၃။ နို့ဆီ                                 ၁၀ သေတ္တာ
    ၂၄။ သကြား                                      ၅ အိတ်
    ၂၅။ လား                                  ၃ ကောင်
    ၂၆။ တယ်လီဖုန်း                             ၂ လုံး
    ၂၇။ မြေပုံနှင့် အရေးကြီးစာရွက်စာတမ်းများ

မှတ်ချက်-မပြည့်စုံသေးသော စာရင်းဖြစ်သည်။
(စစ်အစိုးရထုတ်ပြန်ချက်အရ ခမရ ၁၀၉ မှ လက်နက်ငယ် ၆၅ လက် ဆုံးရှုံး၊ ဗင်ပါယာလေယာဉ်တစီး ပစ်ချခံရ)

ပြီးပါပြီ။