ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မင်းကိုနိုင် - ကိုယ်ရေးကိုယ်တာ သင်္ကြန်စာ ၁၃၇၇

 
မင်းကိုနိုင် - ကိုယ်ရေးကိုယ်တာ သင်္ကြန်စာ ၁၃၇၇
(မိုးမခ) ဧပြီ ၁၄၊ ၂၀၁၆

ကိုမင်းကိုနိုင် လူမှုကွန်ယက်စာမျက်နှာပေါ်မှ ထပ်ဆင့်ကူးယူဖော်ပြပါသည်။

“မြနန္ဒာ” လို့ ကြေညာပြီး
“မန်းတောင်ရိပ်ခို” ဆိုတီးနေတုန်းပဲ
ဒီနှစ်လည်း အဲသလို
အလွဲနဲ့စတယ်
.
တခါက အိပ်ယာဘေး စင်္ကြံလျှောက်ရင်း
လိပ်ပြာကလေး သင်္ကြန်ရောက်ခဲ့ပေမယ့်
ကျချိန်နဲ့ ပွင့်ချိန် လွဲတော့
သင်္ကြန်နဲ့ ပိတောက်လည်း လွဲခဲ့
မုန့်လုံးရေပေါ် လှမ်းဆွဲတော့
ထန်းလျက်နဲ့ ငရုတ်သီးလွဲ
ရှူးရှဲ

အုန်းလက်မဏ္ဍပ်လေးအောက်
သူရောက်လာမယ် မျှော်ဆဲ

တကယ်တော့
(နန်းတော်ရှေ့ဆရာတင်ရဲ့)
မြနန္ဒာသီချင်းမှာ
“ရက်ရွေးမနေပါနဲ့ ကိုကိုရယ်” လို့
ခြေဆင်းစတယ်

ပြက္ခဒိန်ပေါ်လက်ထောက်
နွေပိတောက်ရယ်
မေဆံတောက်ရယ်
မြနန္ဒာ ကြေညာပြီး
မန်းတောင်ရိပ်ခို ဆိုဦးမလားပဲ...။.....။
 
မင်းကိုနိုင်‬
( ၁၃-ဧပြီ-၂၀၁၆ )