ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဇေမှိုင်း - တောမီးနဲ့ ချစ်သူများ


 ဇေမှိုင်း - တောမီးနဲ့ ချစ်သူများ 
(မိုးမခ) ဇူလိုင် ၁၊ ၂၀၁၆


တခါက/ ကိုးဆယ်ဝန်းကျင်များထဲမှာ
စံရိပ်ငြိမ် လှည်းတန်းတဲ့
လှည်းတန်းကြောင့် စံရိပ်ငြိမ်တာလား?
စံရိပ်ငြိမ်ကြောင့် လှည်းတန်းတာလား?
အငြင်းပွားနေမှာ မဟုတ်ပေမယ့်
စဉ်းစားစရာတွေ, သတင်းစကား အမှာတွေနဲ့ဝေစည်လို့.....

-B-နှစ် နဲ့ C- နှစ်
ချစ်ခဲ့ကြဖူး ငြင်းခုန်ရင်း သီချင်းတွေညည်းလို့
ကမာရွတ်ဘူတာရုံလမ်းနဲ့ စံရိပ်ငြိမ်ကြား
တံတားဖောက်ရမတတ်လေ....

-လွမ်းနေတယ် ဘိုကြီးရေ, အစ်ကိုကြီးရေ
B ညို A B ညိုရေ
နှင်းဝေဝေ မနက်ခင်း
အင်းယားအစပ်မှာထိုင်ကြ
ညဦးကရတဲ့ ကဗျာတွေကို
အကြော်နဲ့ အဖော်ပြုကြ
ငြိမ်သက် ကန်ရေပြင်ကို
ငြိမ်သက် တမိနစ်နဲ့ ဂါရဝပြုကြ.....

AB ညို ပျောက်ရှသွားတာ
တနှစ်တာကာလ
C- တလုံး ဗြုန်းဆိုရွေ့လျားခဲ့တာ
ဆယ်စုတစုကျော်ကာလ,
ဘိုကြီးကို လွမ်း- AB ညိုကိုလွမ်းရ, C တလုံးကိုလွမ်းရ
ဟောဒီ နှင်းတောထဲက C-တလုံးကလေဗျာ...
(B- ဘိုကြီး-မောင်သင်းခိုင်၊ B- အေဘီညို-အောင်ဘညို၊ C- ကိုချစ်- ကာတွန်း)။

C- ချိုစိမ့်" ကိုယ်ကိုတိုင် တောမီးအဖြစ်ခံ ဤ ကဗျာကိုချစ်ခဲ့သူများသို့"
ဇေမှိုင်း. ၂၇-၆-၁၆