မိုးဝေး ● နှစ်ကာလများ သို့


မိုးဝေး ● နှစ်ကာလများ သို့
(မိုးမခ) ဇူလိုင် ၂၊ ၂၀၁၆

တစုံတယောက်
နှစ်တွေကို ပိုပို တွက်နေတယ်
တစုံတခု
ပိုပိုလေးလံပြနေတယ်
အချိန်ကာလတွေထဲ
တစုံတရာ ဟာ
ကိုယ်ရည်ကို သိသိသာသာ ထည့်သွေးတယ်
နေဝင်ချိန်တွေ သူ့ဘာသာ လှပါစေ။

ငါဟာ ပါရီရုပ်ပုံလွှာ
ငါဟာ လူများ သက္ကရာဇ်များ ဘဝ
ငါဟာ လမ်းပေါ်မှာ ငါဟာ တောလား
ငါဟာသစ္စာပန်းများနဲ့မေလ
ငါဟာ လေညင်းကလေး
ဂျွန်လရဲ့မိုးရေ
ငါဟာ နှလုံးအိမ်ထဲ ရေငတ်ခြင်း။
ငါလား
တော်လှန်ရေး တုန်းက
ပဲဟင်းထွက်ဝယ်ရတဲ့ ကလေးပေါ့
တစုံတယောက်ဟာ
အဲသလို
ငါ့ ရှေ့မှာ ဖြတ်ဖြတ်ပြေးနေတယ်
ဘယ်လို လုပ်မလဲ
ငါဟာ နှစ်များကို သူ့အတိုင်း
အဝေးကနေ ကြည့်နေမိတယ်
ငါဟာ နှစ်များလို့ မပြောမိဖို့။  ။

မိုးဝေး
၁၅.၆.၂ဝ၁၆