နရီမင်း ● မိုးကဗျာ



နရီမင်း ● မိုးကဗျာ
(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၁၆

"မိုးရွာရင် မိုးရေချိုးမယ်
မေမေလာရင် နို့စို့မယ်
ဖေဖေလာရင် အုန်းသီးခွဲစားမယ်" တဲ့။

သီချင်းသံ ကြားရင်
ကလေးစိတ်ပေါက်သွားတယ်။

နို့စို့ချင်သလိုလို
အုန်းသီးစားချင်သလိုလိုနဲ့
မိုးရွာထဲ လျှောက်ပြေးချင်တယ်။

မေမေလည်း သေပြီ။
ဖေဖေလည်း သေပြီ။

မိုးသီချင်းရေးတဲ့
ကိုမောင်မောင်ဈာန်လည်း သေပြီ။
ကျန်နေတာ ငါတယောက်တည်းလိုလို။
နို့အစား အရက်သောက်တယ်။
အုန်းသီးအစား အမြည်းစားတယ်။

ပြီးရင်
ထီးမဆောင်းဘဲ လမ်းလျှောက်မယ်။

အခု
မိုးတွေ ရွာနေတယ် အချစ်ရယ်။

နရီမင်း
၂၅- ၉- ၂၀၁၆