ချမ်းမြ (မန်း) - အဆိုတော် စန္ဒီမြင့်လွင်ရဲ့ ဘုရင်မအမည်ရှိ စတုတ္ထမြောက်တေးစီးထွက်ရှိ


ချမ်းမြ (မန်း) - အဆိုတော် စန္ဒီမြင့်လွင်ရဲ့ ဘုရင်မအမည်ရှိ စတုတ္ထမြောက်တေးစီးထွက်ရှိ
(မိုးမခ) ဇန်န၀ါရီ ၁၁၊ ၂၀၁၇

 ဘုရင်မ လို့အမည်ပေးထားတဲ့အဆိုတော် စန္ဒီမြင့်လွင် စတုတ္ထမြောက် ဒီဗီဒီ တေးစီးကို ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် မန္တလေးမြို့ ၃၅လမ်း ၆၃×၆၄ကြားရှိ AMAZING MALL အောက်ဒိုးဧရိယာ၌ တေးစီးမိတ်ဆက်ပွဲကျင်းပပြုလုပ်ခဲ့သည်။ ထိုတေးစီးရီးမိတ်ဆက်ပွဲတွင် စန္ဒီမြင့်လွင် နှင့်အတူ အားတီ ၊ ဖြိုးပြည့်စုံ  အနုပညာရှင် မောင်နှမများက အမှတ်တရလက်မှတ်ထိုး၍ သီချင်းများဖြင့်သီဆိုဖျော်ဖြေခဲ့ကြသည်။