ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

အောင်သူငြိမ်း ● အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁)


အောင်သူငြိမ်း ● အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁)
(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၁၇

အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁) ကို ဒီနေ့ နေပြည်တော်မှာ စတင်ဆောင်ရွက်ခြင်း အခမ်းအနား ကျင်းပပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ ကျနော့်အနေနဲ့ အဲသည် စီမံကိန်း NESP ကို ရထားတာ နည်းနည်းကြာပြီဖြစ်ပေမယ့် သေချာမကြည့်မိသေးပါဘူး။ ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ် သွားကြည့်တဲ့အခါ အဲသည် NESP စာတမ်းကို တင်ထားတာ မတွေ့ရသေးပါဘူး။ ဒီ NESP စာတမ်းကို ပညာရေးကဏ္ဍမှာ ပါဝင်ပတ်သက်နေသူများ (stakeholders) ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒါဆိုရင် မြန်မာမူ ဘာသာပြန်ထားပြီးသား ရှိ-မရှိ မသေချာသေးပါဘူး။ ကျနော် ခဏတဖြုတ်ဖတ်ကြည့်တဲ့အခါ NESP ရဲ့ ရည်မှန်း ချက်တွေ ပြည့်မီဖို့ အဓိကကျတဲ့ ပြုပြင်ပြောင်းလဲမှု (Transformational shift) နယ်ပယ်ကြီး ၉ ခုရှိတယ်လို့ ဆိုပါတယ်။

၁။ မူကြိုနဲ့ သူငယ်တန်းပညာရေး
၂။ အခြေခံ ပညာရေး- ရရှိနိုင်မှု၊ တန်းတူမှုနှင့် အင်အားစုအားလုံး ပါဝင်နိုင်မှု (Access, equality and inclusion)
၃။ အခြေခံ ပညာရေး သင်ရိုးညွှန်းတန်း
၎။ ကျောင်းသား အကဲဖြတ်မှုနှင့် စာမေးပွဲများ
၅။ ဆရာ ပညာရေးနှင့် စီမံခန့်ခွဲမှု
၆။ အခြားနည်းလမ်း ပညာရေး (Alternative education)
၇။ နည်းပညာနှင့် သက်မွေးဝမ်းကျောင်း ပညာရေး (TVET)
၈။ အဆင်မြင့် ပညာရေး
၉။ စီမံခန့်ခွဲမှု၊ အရည်အသွေး မြှင့်တင်မှုနဲ့ အရည်အသွေး အာမခံရေးကိစ္စများစွာ ပါဝင်ပါတယ်။

သေချာ ဖတ်ကြည့်ဖို့ လိုပါသေးတယ်။ ကျနော်စိတ်ဝင်စားတဲ့ ရှုထောင့်ကတော့ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးနဲ့ ယခု လို ၂၁-ပင်လုံ ဖက်ဒရယ်ပြည်ထောင်စုသို့ ဦးတည်ဆောင်ရွက်နေတဲ့ကာလမှာ ဖက်ဒရယ်စနစ်ကိုဦးတည်သော ပညာရေးစနစ် ဖြစ်-မဖြစ်ကို ကြည့်ချင်နေပါတယ်။ ပညာရေးကဏ္ဍမှာ ထဲထဲဝင်ဝင်လုပ်နေတဲ့ မိတ်ဆွေတဦးကို မေးကြည့်ပါတယ်။ သူပြောတာက သူလည်း အကုန်မဖတ်ရသေးပါဘူး။ သို့သော်လည်း အဆင့်မြင့်ပညာရေးကဏ္ဍမှာ တိုင်းရင်းသားတွေ တက်ရောက်နိုင်မှု ကိုတာစနစ်မျိုး မတွေ့ရဘူး။ ဆရာခန့်ထားရေးမှာလည်း တိုင်းရင်းသားကိုတာကိစ္စ မတွေ့ရဘူးလို့ သုံးသပ်ပါတယ်။ (Diversity in University Education Access and Hiring University Staffs) နောက်တခါ ငြိမ်းချမ်းရေး အတွက် ပညာရေး ကို မတွေ့ရဘူးဆိုပါတယ်။ (Peace Education) ယေဘုယျအားဖြင့် အခုပညာရေးအစီအစဉ်ဟာ ဗဟိုက ချုပ်ကိုင်ဆောင် ရွက်မှာကြောင့် anti-federal (ဖက်ဒရယ်ဆန့်ကျင်ရေးသဘော) မြင်တယ်လို့ ဆိုပါတယ်။

ဆက်ပြီး စဉ်းစားစရာ ဖြစ်လာပါတယ်။ ကျနော်တို့ အမျိုးသား ပညာရေးဥပဒေ (၂၀၁၄)၊ အမျိုးသား ပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်သည့် ဥပဒေ (၂၀၁၅) ရဲ့ ရည်မှန်းချက်များနဲ့ ဘယ်လောက် ကွဲလွဲမှုရှိနေသလဲ၊ ဘယ်လောက် အကောင် အထည်ဖော်နိုင်ဖို့ ရည်ရွယ်ထားသလဲ၊ သုံးသပ်ကြည့်ဖို့ လိုပါသေးတယ်။ တခါ အခုလို အဓိကကျတဲ့ အပြောင်းအလဲကြီး ၉-ခု လုပ်မယ်ဆိုရင် ငွေကြေးသုံးစွဲရမှုတွေ လိုအပ်လာမှာ မလွဲပါဘူး။ ဒါပေမယ့် ပညာရေးကဏ္ဍ အသုံးစားရိတ်က အခု NLD အစိုးရ ရေးဆွဲတဲ့ (၂၀၁၇-၁၈) ဘတ်ဂျက်မှာ ဘတ်ဂျက်တခုလုံးရဲ့ ၈.၄၄ ရာခိုင်နှုန်း ရှိပါတယ်။ ယခင်နှစ်တုန်းက ဘတ်ဂျက် (ယခင်ဦးသိန်းစိန်အစိုးရက ထားခဲ့ပေးတဲ့ဘတ်ဂျက်) မှာတော့ ၇ ရာခိုင်နှုန်း သုံးပါတယ်။ ၂၀၁၅-၁၆ ဘတ်ဂျက် မှာတော့ ၆.၇၈ ရာခိုင်နှုန်း သုံးပါတယ်။ အခုလို ပညာရေးဘတ်ဂျက်နည်းနည်းတိုးလာတာဟာ ဝမ်းသာစရာလိုရှိပေမယ့်၊ သေချာပြန်ကြည့်တဲ့အခါ ပညာရေးဝန်ကြီးဌာနနဲ့ သိပ္ပံ၊ နည်းပညာ ဝန်ကြီးဌာနပေါင်းလိုက်တာကြောင့် ဘတ်ဂျက်တိုးလာတာ ဖြစ်ပါတယ်။ လုပ်ငန်းအသစ်တွေကို ထင်ဟပ်တဲ့ ဘတ်ဂျက်လိုအပ်ပါတယ်။

အခြားဝေဖန် သုံးသပ်စရာတွေလည်း ရှိပါလိမ့်မယ်။ ပညာရေးဟာ နိုင်ငံအတွက် အရေးကြီးတာမို့ NESP ကို ဝေဖန်၊ အ ကြံပြုကြဖို့ လိုအပ်ပါလိမ့်မယ်။ အကြံပြုပါကြောင်း။