ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ရဲထက် ● မေတ္တာတရားရဲ့လားရာ


ရဲထက် ● မေတ္တာတရားရဲ့လားရာ
(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၁၇

စိတ်ထဲသိပ်ထားတဲ့ညတွေမှာ
သားချော့တေးတွေတိတ်တိတ်လေးဆိုနေမလား
မုဆိုးမတယောက်ရဲ့စိတ်ဟာ
အမြင်မှာတော့ ပြတ်သားလွန်းလှတယ်။

တကောင်ကြွက်ရခြင်းဟာ
တမျိုးသားလုံး မျက်နှာပွင့်ဖို့။

တပွင့်ထဲပါပဲ
ဝေဝေဝါးဝါးနှင်းတောထဲ
ဆွေခန်းမျိုးခန်းဖြတ်ပြီး ပျံနေတယ်
ငါးဆယ့်တသန်းသော
အနာဂါတ် မသေမရှင်တွေ ကုဖို့။     ။

ရဲထက်