သူ့ခေါင်းမှာတဲ့ သပြေညို ငါ့ခေါင်းမှာတဲ့သပြေညို ……. နှင့် မောင်မိုးသူ


သူ့ခေါင်းမှာတဲ့ သပြေညို ငါ့ခေါင်းမှာတဲ့သပြေညို သပြေညို ရွှေဘိုပန်းရယ်က လန်းလျက်ပါ ကို ……. နှင့် မောင်မိုးသူ 
(ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ ဧပြီ ၁၄၊ ၂၀၁၇  
သပြေညို “ကဗျာကတော့ မောင်မိုးသူ တို့ရဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ အလွန်ထင်ရှားတဲ့ ကဗျာဖြစ်ပါတယ်။ သပြေညိုဆိုတဲ့ ပန်းကို သူ့ခေါင်းမှာလည်း သပြေညိုပဲ၊ ငါ့ ခေါင်းမှာလည်း သပြေညိုပဲလေ။ သပြေ ညို ရွှေဘိုပန်းရယ်က လန်းလျက်ပါကို လို့ ဆရာက ကဗျာစပ်ဆိုခဲ့ပါတယ်။

သည်နေ့ မတ်တင်းအစိုးရ၊ လွှတ်တော် အစိုးရ၊ကာကွယ်ရေး၊ပြည်ထဲရေးနဲ့ နယ်စပ် မပါတဲ့ ဒီမိုကရေစီအစိုးရရဲ့ ဆောင်ပုဒ်ကတော့ “ပြည်သူနှင့်အတူ” ဖြစ်ပါတယ်။ ဒါ့ကြောင့် မောင်မိုးသူက ဆရာကြီးရဲ့ သပြေ ညို ကဗျာကို ပြေးသတိရမိတာပါ။ လူတိုင်း လူတိုင်း ပြည်သူတစ်ရပ်လုံး အောင်ပန်းသပြေညို ဆင်မြန်းလာကြနိုင်ဖို့ ဆု တောင်း မင်္ဂလာပြုလိုက်ရတာဖြစ်ပါတယ်။

အကြောင်းတိုက်ဆိုင်စွာပဲ မြန်မာနိုင်ငံတော်ရဲ့ သမ္မတကြီးဦးထင်ကျော်ဟာ တ ရုတ်ပြည်သူ့သမ္မတနိုင်ငံတော်ကို အစိုးရ၀န်ကြီးအဖွဲ့နဲ့အတူ သင်္ကြန်မတိုင်ခင်မှာပဲ သွားရောက်မှာ ဖြစ်ပါတယ်။ သမ္မတကြီး ကိုယ်တိုင်သွားရောက်တာ ဖြစ်ပါတယ်။

တရုတ်နဲ့မြန်မာ၊မြန်မာနဲ့တရုတ်တို့ဟာ ရှေးခေတ်အဆက်ဆက်က “ဆွေမျိုးပေါက်ဖော်” တွေအဖြစ် မြန်မာနဲ့တရုတ်၊ တရုတ်နဲ့ မြန်မာ ဆက်ဆံရေးဟာ ဦးနု အစိုးရလက်ထက်မှာ အအောင်မြင်ဆုံးလို့ ဆိုရမှာပေါ့။ ကမıာပေါ်မှာ လူဦးရေ အများ ဆုံးဖြစ်တဲ့ တရုတ်ပြည်နဲ့ အိန္ဒိယပြည်အကြားမှာနေတဲ့ မြန်မာနိုင်ငံ၊ တတိယ လူဦး ရေ အများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားတို့က ခေါင်းဆောင် ချူအင်လိုင်း၊နေရူး၊ ဆူကာနို၊ ဦးနုတို့ဟာ ဘက်မလိုက်မူဝါဒကို ချမှတ် ခဲ့ပါတယ်။ တည်ထောင်နိုင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာ “ဘန်ဒေါင်း”ကိုလည်း ချမှတ်ခဲ့ပါတယ်။

သည်နောက် ၁၉၅၈ မှာ ဦးနုက ဗိုလ်ချုပ်နေဝင်းကို အိမ်စောင့်အစိုးရ အဖြစ် ခန့်အပ်ခဲ့ရာ အိမ်စောင့်အစိုးရ ဟာ ရွေးကောက်ပွဲလုပ်ပေးတယ်။ ဦးနုရဲ့ ပထစနိုင်တယ်။ ၁၉၆၂ ကျတော့ ဗိုလ်ချုပ်နေ ဝင်းက အာဏာသိမ်းလိုက်ပါတော့တယ်။ ပထမ ဗိုလ်ချုပ်နေဝင်းဟာ စစ်အစိုးရပုံ သဏ္ဍာန် အုပ်ချုပ်ပါတယ်။ စစ်အစိုးရပေါ့။ သည် နောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီတည်ထောင်ပြီး တစ်ပါတီအာဏာရှင်စနစ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်ပါတယ်။

ဦးနုရဲ့ လွှတ်တော်အစိုးရခေတ်က အရှေ့တောင်အာရှမှာ စီးပွားရေး၊ ပညာရေး၊ လူမှုရေး အဘက်ဘက်က ထိပ်ဆုံးကရှိခဲ့ တဲ့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးနိုင်ငံ၊ ဖွံ့ဖြိုးမှုအားကောင်း တဲ့ နိုင်ငံဖြစ်တဲ့အပြင် မြန်မာနိုင်ငံရဲ့ ထုတ်ဝေတဲ့ ငွေကြေးစနစ်ကလည်း ရွှေပေါင်ထားပြီးထုတ်ဝေတဲ့စနစ်ဖြစ်လို့ နိုင်ငံတ ကာမှာ သုံးစွဲပိုင်ခွင့်ရှိတဲ့ ငွေကြေးဖြစ်တဲ့ အပြင် အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့ရဲ့ ငွေကြေးထက် မြန်မာ ငွေကြေးက တန်ဖိုးမြင့်မားခဲ့ပါတယ်။

အဲသည်တုန်းက မြန်မာတစ်ကျပ် ထိုင်း လေးဘတ်ရှိခဲ့ရာ တဖြည်းဖြည်း ကျပ် ငွေတန်ဖိုး လျော့ကျလာတာ ဖြစ်ပါတယ်။ ယွမ်လည်း ထိုနည်းလည်းကောင်းပါပဲ။

ဦးနုရဲ့ လွှတ်တော်အစိုးရကို တပ်က အာဏာသိမ်းချိန်မှာ မြန်မာရဲ့ အရန်ငွေဟာ အများကြီး အများကြီး ရှိနေပါသေးတယ်။ အဲသည်အခြေအနေက စစ်အာဏာသိမ်းအစိုးရမှသည် တစ်ပါတီအာဏာရှင် စနစ်ကို ထူထောင်ရာက တစ်နိုင်ငံလုံးက လုပ်ငန်းအားလုံးကို ပြည်သူပိုင်သိမ်း၊ ကမ္ဘာ့အဖွဲ့အစည်းမှ ထွက်၊ နိုင်ငံတကာနဲ့ အဆက်အသွယ်ဖြတ်၊ မြန်မာနိုင်ငံကို ဝါးလှောင်အိမ်ထဲထည့်ထားလိုက်တယ်လို့ ကမ္ဘာ့နိုင်ငံရေးအကဲခတ်တွေက သတ်မှတ်ကြပါတယ်။

အဲသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ် တစ်လျှောက်လုံးမှာ တစ်ဦးတည်းသော စီးပွားဖက်နိုင်ငံဟာ တရုတ်နိုင်ငံပဲ။

စစ်အစိုးရခေတ်အဆက်ဆက် တရုတ်နိုင်ငံရဲ့ စက်ပစ္စည်းအကျတွေကို သယ်၊ မြန်မာပြည်မှာ အညံ့စားကုန်တွေ၊ ပစ္စည်းတွေ ထုတ်လုပ်ခဲ့ပါတယ်။ အဲသည်လို လုပ် ကိုင်ရာမှာလည်း တရုတ် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အာဏာပိုင်အဖွဲ့အစည်းက လူတွေ ပေါင်းလုပ်ခဲ့တာပါ။

တစ်ချိန်တည်းမှာ ရှည်လျားလှတဲ့ တ ရုတ်-မြန်မာ နယ်စပ်မျဉ်းတစ်လျှောက်မှာ ရှိတဲ့ လူမျိုးစုတွေကိုလည်း လက်နက်တပ် ဆင်ပြီး ပြည်သူ့စစ်အသွင်တည်ဆောက်ခဲ့ ပါတယ်။ တရုတ်နိုင်ငံဟာ ကွန်မြူနစ်နိုင်ငံ ဖြစ်လေတော့ မြန်မာပြည်ကွန်မြူနစ်ပါတီ ကိုလည်း မဟာမိတ်ပါတီအဖြစ် အသိအ မှတ်ပြုပြီး မြန်မာကွန်မြူနစ်ခေါင်းဆောင်များကိုလည်း တရုတ်ပြည်မှာ ရုံးထိုင်ခွင့် ပေးထားခဲ့ပါတယ်။

သည်မှာတင် မြန်မာပြည်ကွန်မြူနစ်ပါတီတွင်းမှာ ပီကင်းပြန်နဲ့ ပဲခူးရိုးမ နှစ်ခြမ်း နှစ်ဒေသကွဲခဲ့ပါတယ်။ တရုတ်ပြည်မှာ အခြေချတဲ့ အဖြစ်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာပြည်ကွန်မြူနစ်ပါတီ ပြိုလဲဖို့ ဖြစ်လာတော့ သူ စုစည်းထားတဲ့ လူမျိုးစုများ ရဲ့ ဖြုတ်ချခြင်းခံရပြီး ဗကပခေါင်းဆောင် များဟာ တရုတ်ပြည်ရဲ့ နိုင်ငံရေးပင်စင်စားအဖြစ် ရောက်ခဲ့ပါတယ်။

ဗကပရဲ့အောက်မှ ခွဲထွက်လာကြတဲ့ လူမျိုးစုလက်နက်ကိုင်များမှာ တရုတ်- မြန်မာနယ်စပ်တစ်လျှောက်မှာ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချမှုများ၊ မြန်မာသစ်တော၊ ကျောက်စိမ်းများကို တရုတ်ကုန်သည်များလက်အပ်ပြီး အမြတ်အစွန်းတွေရကာ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသများ ဖြစ်လာသည်အထိ ဖြစ်လာပါတော့တယ်။

မြန်မာစစ်အစိုးရများကလည်း နယ်စပ်မှ လက်နက်ကိုင်များကို နိုင်ငံသားအ ဖြစ် ပြုလုပ်ပေးပြီး စီးပွားရေးချဲ့ထွင်မှုတွေ လုပ်လာစေခဲ့ရာက အထက်မြန်မာပြည် မန္တလေးအထိ လွှမ်းခြုံလာရာက ရန်ကုန်မှာပါ စီးပွားရေးနယ်ချဲ့မှုများ ပြုလုပ်လာတာ တွေ့ရပါတယ်။

မြန်မာစစ်အစိုးရဟာ ၂၀ဝ၈ မှာ စိတ် ကြိုက် အခြေခံဥပဒေရေးဆွဲပြီး ၂၀၁၀ မှာ ရွေးကောက်ပွဲပြုလုပ်ခဲ့ရာ တပ်မတော်က လူမှုအဖွဲ့အစည်းအဖြစ် ဖွဲ့စည်းခဲ့သော ပြည်ခိုင်ဖြိုးကို ပါတီအဖြစ်အသွင်ပြောင်းကာ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးက အ နိုင် ရပြီး သမ္မတဦးသိန်းစိန်အစိုးရ ဖြစ်လာပါတယ်။

ယခင် စစ်အစိုးရအဆက်ဆက်က မြန်မာ့သယံဇာတကို တရုတ်ကုမဏီများနဲ့ တပ်မတော်ရဲ့ စီးပွားရေးလုပ်ငန်းစုဖြစ်တဲ့ ဦးပိုင်တို့ စာချုပ်ချုပ်ဆို လုပ်ကိုင်ခွင့်ပြုခဲ့ ပါတယ်။ ထင်ရှားတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ တစ်ပြည်လုံး က ကန့်ကွက်ခဲ့ကြတဲ့ မြစ်ဆုံရေအားလျှပ် စစ်စီမံကိန်းများ ဖြစ်ပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရဲ့ ပဋိပက္ခများကတော့ ယခုတိုင် ပြဿနာပေါ်ဆဲ ဖြစ်ပြီး မြစ်ဆုံစီမံကိန်းကိုတော့ သမ္မတဦးသိန်းစိန်တက်ခါစက ပြည်သူလူထုကို နှစ်သိမ့်တဲ့အနေနဲ့ သူ့အစိုးရသက်တမ်းငါးနှစ် ရပ်ဆိုင်းထားခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီး အမျိုးသားဒီမိုကရေစီ အစိုးရသစ်ဖွဲ့စည်းရာမှာ သူ့လက်ထက်အစပျိုးခဲ့တဲ့ စီမံကိန်းအမွေဆိုး များ ချန်ထားခဲ့ပါတယ်။ မြစ်ဆုံစီမံကိန်းကို ဖြေရှင်းဖို့ ကော်မရှင်ဖွဲ့စည်းရတဲ့နည်း တူ မိုက်ကာ စီမံကိန်းကြီးမှာ စာရင်းမရှိအင်းမရှိ သုံးစွဲလုပ်ကိုင်ခဲ့လို့ လွှတ်တော်က ရပ်ဆိုင်း ရတဲ့အဖြစ်ကို ရောက်ခဲ့ပါတယ်။

ထိုနည်းတူ ပြည်တွင်းက သယံဇာတတူးဖော်ရေးဖြစ်တဲ့ မကွေးတိုင်းက လက်ယက်ရေနံတွင်း လုပ်ငန်းတွေမှ ဝင်ငွေ ကုဋေပေါင်းများစွာ ကွာဟနေတဲ့အတွက် ရပ်ဆိုင်းပြီး စစ်ဆေးမှုများ ပြုလုပ်နေရပြီ ဖြစ်ပါတယ်။

စစ်အစိုးရ အဆက်ဆက်နဲ့ လွှတ်တော်အစိုးရအထိ ဆက်ပါလာတဲ့ စီမံ ကိန်းများစွာဟာ အကောင်အထည် မပေါ်သေးတဲ့ စီမံကိန်းများဖြစ်ပြီး ပြဿနာ အများကြီး ဖြစ်နေရပါတယ်။

ဒီမိုကရေစီအစိုးရသစ်လက်ထက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် တရုတ်ပြည်ကို သွားရောက်ပြီး တရုတ်-မြန်မာ စီးပွားရေးကုန်သွယ်မှုများ လုပ်ဆောင်ကြဖို့ သဘောတူညီမှုတွေ ရှိခဲ့ပါတယ်။
သည်ကြားထဲမှာ မြန်မာပြည်အရှေ့ ခြမ်းက ရှမ်းမြောက်မဟာမိတ်တပ်များနဲ့ မြန်မာစစ်တပ် တိုက်ပွဲတွေ ဖြစ်ပွားရာ တရုတ်ပြည်ထဲအထိ စစ်ရှောင်များ ခိုလှုံရ သည်အထိ ဖြစ်လာပြီးယခုတိုင်စစ်မီးက မငြိမ်းသေး ဖြစ်နေပါတယ်။

ယူနန်နယ်စပ်မှာ တရုတ်က စစ်အင် အား ပြင်ဆင်မှုများ ပြုလုပ်နေပြီး ယူနန်ရှိ ကိုးကန့်အဖွဲ့ရဲ့ ဘဏ်စာရင်းများ ရပ်ဆိုင်း တဲ့ကြေညာချက်တွေ ပေါ်ထွက်လာသည့် နည်းတူနယ်စပ်ဒေသ တည်ငြိမ် ငြိမ်းချမ်းရေးအတွက် တရုတ်မှ ဝိုင်းဝန်းကူညီ ဖြေ ရှင်းပေးမည့်အကြောင်း စကားဆိုလာ သည့်နည်းတူ တရုတ်အစိုးရရဲ့ သံတမန်ကြီးက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် မှာ အလှူငွေတွေ ထည့်ဝင်ပြီး အကူအညီ ပေးမည့်အကြောင်း ပြောဆိုနေပြီ ဖြစ်ပါတယ်။

အဲသလို အဲသလိုအခြေအနေမျိုးမှာ မြန်မာနိုင်ငံ ဒီမိုကရေစီအစိုးရရဲ့ သမ္မတဦးထင်ကျော်ဟာ ဝန်ကြီးကိုယ်စားလှယ်အဖွဲ့တချို့နဲ့အတူ တရုတ်ပြည်ကို သွားရောက်တာ ဖြစ်ပါတယ်။
အဲသည်အချိန်က မြန်မာနှစ်ကူး နှစ်ဦး အခါသမယ ဖြစ်ပါတယ်။

သည်တော့ မြန်မာ ဒီမိုကရေစီအစိုးရ ရဲ့သမ္မတဦးထင်ကျော်နဲ့ တရုတ်အစိုးရ သမ္မတကြီးတို့ဟာ နှစ်နိုင်ငံ စီးပွားကုန်သွယ်မှုလုပ်ငန်းများကို မျှတပွင့်လင်းစွာ လုပ်ဆောင်နိုင်ကြပါစေ။
မြန်မာပြည်အရှေ့ခြမ်းမှာ ဖြစ်ပွားနေသော စစ်မီးများကို ညှိနှိုင်းဖြေရှင်းနိုင်ကြ ပါစေလို့ ဆုတောင်းရင်း သမ္မတကြီး ဦးထင်ကျော်ရဲ့ဖခင်ဖြစ်တဲ့ ဆရာကြီး မင်း သုဝဏ်ရဲ့ကဗျာကို ဖော်ပြ လိုက်ရပါတယ်။

“သူ့ခေါင်းမှာတဲ့ သပြေညို

ငါ့ခေါင်းမှာတဲ့ သပြေညို

သပြေညို ရွှေဘိုပန်းရယ်က

လန်းလျက်ပါကို။”

နှစ်ကူး၌ မြန်မာနိုင်ငံကြီး ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
မောင်မိုးသူ