ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

နိုင်ဝင်းသီ- နာရီတစ်လုံးရဲ့အလျား

 နိုင်ဝင်းသီရဲ့ နာရီတစ်လုံးရဲ့အလျား
 (မိုးမခ) မေ ၁၅၊ ၂၀၁၇

နိုင်ဝင်းသီရဲ့  မဂ္ဂဇင်းဝတ္ထုတိုစာအုပ်ပါ။
မိုးမခအွန်လိုင်း (Online) မှာရော ပုံနှိပ်မဂ္ဂဇင်း (Print) တွေမှာပါ သပ်ရပ် လှပတဲ့ အရေးအသားတွေနဲ့ ဝတ္ထုတိုလေးတွေ၊ အက်ဆေးလေးတွေ ရေးဖွဲ့ လေ့ရှိတဲ့ နိုင်ဝင်းသီရဲ့ မဂ္ဂဇင်းဝတ္ထုတိုစုစည်းမှုစာအုပ်လေးဟာ မေလရဲ့ နောက်ဆုံးပတ်လောက်မှာ ထွက်လာဖို့ရှိပါတယ်။
မေတ္တာပေါင်းကူးစာပေတိုက်သစ်ရဲ့ပထမဦးဆုံးထွက်ရှိလာမယ့်စာအုပ်ဖြစ်ပါ တယ်။ သပ်ရပ်ခန့်ညားတဲ့စာအုပ်အပြင်အဆင်နဲ့အတူ ကဗျာ / ပန်းချီ ထွန်း ဝေမြင့် ခံစားရေးဆွဲပေးထားတဲ့ မျက်နှာဖုံးပန်းချီနဲ့ အတွင်းသရုပ်ဖော်ပုံတွေ ကလည်း ကြည်လင်တိတ်ဆိတ်နေတဲ့ လောကသစ်တခုထဲကို တသိမ့်သိမ့် တငြိမ့်ငြိမ့်နဲ့ မိတ်ဆွေတို့ကို အသေအချာ ဆွဲခေါ်သွားပါလိမ့်မယ်။
ပိတောက်ပွင့်သစ်၊ စတိုင်သစ်၊ မဟေသီ၊ ကလျာ၊ Faces ၊ Heart ၊ Image နဲ့ ပိတောက်မြေမဂ္ဂဇင်းတွေ မှာ ရေးသားခဲ့တဲ့ ဝတ္ထုလေးတွေကို စုစည်းထုတ်ဝေထားတာပါ။ စာအုပ်တန်ဖိုး ၂၈၀၀ ကျပ်နဲ့အတူ မေလ ရဲ့နောက်ဆုံးပတ်ထဲမှာ  နိုင်ဝင်းသီရဲ့ "နာရီတစ်လုံးရဲ့အလျား" ကို မည်သူမဆို လွတ်လပ်စွာ တိုင်းထွာ ကြည့်ရှုနိုင်တော့မှာဖြစ်ပါကြောင်း .......
                                       ( စာအုပ်စေတမန် )