လင်းနွေးအိမ်-ပြိုကွဲခြင်းမှာအသက်ရပ်သူ

ပြိုကွဲခြင်းမှာအသက်ရပ်သူ
(မိုးမခ)၊ ဇွန် ၂၇၊ ၂၀၁၇
 

အမိမြေလွတ်မြောက်ရေးအတွက်
သွေးထွက်နေချိန်မှာ
ပြိုကွဲခြင်း
မညီညွတ်ခြင်း
ဖဲ့ထုတ်ခြင်း
သင်းခွဲခြင်း
တန်းတူညီမျှမသတ်မှတ်ခြင်း
စည်းပျက်ခြင်းတို့က
ကိုဗဟိန်းရဲ့အသက်ကိုနှုတ်သွားခဲ့တယ်။
အနှစ်တရာပြည့်ချိန်မှာ
ကိုဗဟိန်းကိုကျနော်
ညီညွတ်ရေးရဲဘော်ခေါ်သံ
ဗမာတပြည်လုံးဟိန်းအောင်အော်လိုက်တယ်။
အများစု
တိတ်ဆိတ်နေလား။

လင်းနွေးအိမ်
အောက်တိုဘာလ ၁၉ ရက် ၂၀၁၆
(သခင်ဗဟိန်း - နှစ်တရာပြည့်အထိမ်းအမှတ်)