လင်းလွန်းခင်စာပေ-နေဝင်းမြင့်၊ ခင်ခင်ထူးတို့၏ ဝတ္ထုတို ဝတ္ထုရှည်စုစည်းမှု



နေဝင်းမြင့်၊ ခင်ခင်ထူးတို့၏ ဝတ္ထုတို ဝတ္ထုရှည်စုစည်းမှု
လင်းလွန်းခင်စာပေက ထုတ်ဝေမည်
(မိုးမခ) ဇွန် ၂၂၊ ၂၀၁၇
-
လင်းလွန်းခင်စာပေအုပ် ၃၀၀ ပြည့်အမှတ်တရပွဲကို မန္တလေးမှကျင်းပဖြစ်ပါက မန္တလေးအမှတ်တရများ ဖြစ်နိုင်စေရန်နှင့် လင်းလွန်းခင်စာပေတိုက်ရှင်သန်အောင်ရပ်တည်နိုင်ရန် ပြုစုနွေးထွေးခဲ့သည့် ဆရာ နေဝင်းမြင့်နှင့် ဆရာမခင်ခင်ထူးတို့၏ လင်းလွန်းခင်တွင် ပုံနှိပ်ဖော်ပြခဲ့ဖူးသော ဝတ္ထုတို ဝတ္ထုရှည်အချို့တို့ စုစည်းကာ ယင်းစာပေတိုက်ကပင် ပြန်လည်ဖော်ပြထုတ်ဝေဖြစ်ကြောင်း၊ ယခုဇွန်လကုန်တွင် စာချစ်သူများ လက်သို့ရောက်ရှိလာစေတာ့မည် ဖြစ်ကြောင်းသိရသည်။

စာအုပ်တန်ဖိုး- ၆၀၀၀ ကျပ်။